Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***တ၀ါးဝါး တဟားဟား ရယ်ကြရအောင်နော်*** (ဟာသချစ်သူများအတွက်)

| Monday, March 21, 2011
***ဖွင့်ဆိုချက်***

မေး ။    ။ အရင်းရှင်စနစ်ဆိုတာဘာလဲ
ဖြေ ။    ။ ချမ်းသာမှုကို မမျှမတ ခွဲဝေပေးခြင်း

မေး ။     ။ ဆိုရှယ်လစ်စနစ်ဆိုတာဘာလဲ
ဖြေ ။     ။ ဆင်းရဲမှု ကို မမျှမတ ခွဲဝေပေးခြင်း


***ခွေးပျောက်ရှာ***

မေး ။      ။ ပျောက်သွားတဲ့ ကျွန်တော်ခွေးကို ရှာတွေ့ရင်, ရှာတွေ့တဲ့လူကို ယန်းငွေ တစ်ထောင်ပေးမယ်လို့
                 သတင်းစာမှာ ကျွန်တော် ကြော်ငြာထဲ့ခဲ့တယ်၊ သတင်းလေးဘာလေး မထူးဘူးလား။
ဖြေ ။      ။ လောလောဆယ် ကျွန်တော်လာမှ မြော့နိုင်ပါဘူး ၊ အယ်ဒီတာချုပ်ရော ၊ သတင်းထောက်တွေပါ
                တစ်ယောက်မှ မရှိဘူး ၊ လူကြီးမင်းရဲ့ခွေးကို အရှာထွက်နေကြတယ်။   ။


***ဒီဆရာဝန်ကို မကြိုက်ဘူး***

မိန်းမက ယောက်င်္ကျားကိုပြောသည်။
" မောင်၊ ဆရာဝန်ကပြောတယ်၊ ကမ္ဘာလှည့်ပြီး စိတ်ပြေလက်ပြောက် ခရီးသွားပါတဲ့ ၊
  အဲဒါဆိုရင်ခင့် ရောဂါသက်သာသွားမယ်တဲ့ ၊ ခင်တို့ဘယ်ကိုသွားကြမလဲဟင်"...
       " နောက်ဆရာဝန် တစ်ယောက်ဆီကို "


***အခြေအနေပြောင်သွားလို့***

" ခင်ဗျားဆင်တွေကိုလိုက်ဖမ်းတာကြာပြီလား"
" မကြာသေးပါဘူး ၊ ဒီကိုလာတုန်းက ငှက်တွေကိုဖမ်းဖို့ လာတာပဲ ၊
  ဒါပေမယ့် မျက်မှန်ကျပျောက်သွားလို့ပါ" ။


***ကြောက်တယ်ဆို***

" ကိုဟိုဒင်း ၊ ကျွန်မ ရှင့်ကို ကြောက်တယ်ရှင့်"
" ဘာဖြစ်လို့လဲ"
" ရှင် ကျွန်မ ကို အဓ္မကျင့်မှာစိုးတယ်"
" မဟုတ်တာ ခင်ဗျားက ငါးထပ်ပေါ်မှာ ကျုပ်ကလမ်းပေါ်မှာရှိတဲ့ဥစ္စာ"
 " ကျွန်မ ဆင်းလာမယ်လေ"


***ပြောကြတာပဲ***

" ဟဲလို .........ဌာန ကပါလား၊ ညွန်ချုပ်နဲ့စကားပြောပါရစေရှင် "
  " ညွန်ချုပ် မအားပါဘူးခင်ဗျား "
   " အခုဆက်တာ သူဇနီး လို့ြေ့ပာပါရှင့် "
   " အင်း ၊ အားလုံးဒီလိုပဲ ပြောကြတာပါပဲ ခင်ဗျ"


***ဆရာ့ဆီလာတဲ့ဖုန်း***

   အုပ်ချုပ်ရေးမှူး အခန်းထဲသို့ ရုံးအကူဝင်လာပြီး ပြောသည်။
"ဆရာ၊ ဆရာ့ဆီ တယ်လီဖုန်းလာတယ်ထင်တယ်"
" ဘာဖြစ်လို့( ထင်တယ်) လို့ပြောရတာလဲကွ"
"သြော် ကျွန်တော် တယ်လီဖုန်းကိုကောက်ကိုင်လိုက်တော့ တစ်ဖက်က (ဟေ့ကောင်စုတ်၊မင်းလား)
  ဆိုတဲ့ အသံကိုကြားလိုက်ရလို့ပါ၊"


***ကပ်လာစမ်းပါ***

" ခင်ဗျားခွေးဟာ သူ့ အနားအကပ်ခံ သလားဗျ"
"အကပ်ခံတာပေါ့ နို့မဟုတ်ရင် ခင်းဗျားကို သူဘယ်လို လုပ်ပြီး ကိုက်နိုင်မှာလဲဗျ"


မောင်ကောင်းထိုက်ရဲ့ဟာသများမှ
ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.....
jasmine


0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine