Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ***

| Monday, March 21, 2011
ပူပြင်း တဲ့ နွေရာသီ ဒဏ်ကို ခံကြ ရသော ဒေသ များမှာ နေရ တဲ့ လူတွေ အဖို့ အပြင် ထွက်ရင် အမြဲ လိုလို ဦးထုပ် ဆောင်း ဖို့၊ ထီးယူဖို့ ကျင့်သား ရနေကြပါပြီ။ နေရောင်ခြည်ဒဏ် ကာကွယ်တဲ့အခါ တကယ့်ကို လိုအပ် တဲ့ အရာတွေမို့ ဘယ်သွား သွား ဘယ်လာလာ ထီးဟာ မပါမဖြစ် ပစ္စည်းဖြစ်လာပါတယ်။ နှစ်ပေါင်း များစွာ နေရောင်ခြည်ဒဏ်ခံရသည် ဖြစ်စေ၊ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏများ သည်ဖြစ်စေ အချိန်ကာလ ကြာလာတာနဲ့ အမျှ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့တဲ့ အရေပြားနေရာက မွေးညင်းပေါက် တွေဟာ ပိုကျယ်လာပြီး နေရောင်ခြည် ထဲက ခရမ်းလွန် ရောင်ခြည်က အရေ ပြားရှိ ကိုလေဂျင်အမျှင်များကို ဖြိုခွဲပစ် လိုက်ပါတယ်။ အဲဒီအခါ အရေပြားဟာ မြန်မြန်ပျော့တွဲကျလာပြီး ရောင်ခြယ် ပစ္စည်း (melain) တွေ ထွက်လာတဲ့ အတွက်အသားပိုမဲစေပါတယ်။ အစက် အပြောက်တွေ သိသိသာသာထွက် လာစေပါတယ်။
နေရောင်ခြည် ဒဏ်ကို ဘယ် လို ကာကွယ်မလဲ
နေရောင်ခြည် ဒဏ်ခံရတဲ့ နဖူး သို့ မဟုတ် ပါးပြင်ပေါ်မှာ အစက် အပြောက်အမဲ အစွန်း အထင်း လေးတွေ ဟိုတစ်စဒီတစ်စ ထွက်လာပြီဆိုရင် တော့ပျက်စီးနေတဲ့ အသားအရေကို ထိန်းသိမ်း ဖို့ လိုပါပြီ။ အပြင်မထွက်ခင် Sun Screen လေးတော့ လိမ်းပေး ရမှာပေါ့။ ဒါမှသာ အရေပြားမှာ နောက်ထပ် အစက်အပြောက်တွေ ထပ်ပေါ်မလာတော့ဘဲ အရင်ကရှိနေ တဲ့ အစက် အပြောက်လေးတွေလည်း တဖြည်းဖြည်းလျော့ကျ သက်သာ သွားမှာ ဖြစ်တယ်။ ဖြစ်နိုင် သမျှ အရေပြားကို ထိန်းသိမ်းကာကွယ် ပေးမှသာလျှင် အရွယ်မတိုင်မီ အိုမင်း ရင့်ရော် ခြင်းကို ကာကွယ်နိုင်သလို အိုမင်းခြင်းလုပ်ငန်းစဉ်ကို နှေးကွေးစေ အောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ နေရောင်ခြည်ဒဏ်ကာကွယ်နိုင်တဲ့ Sun Block တွေလည်း ရှိပါတယ်။ မိမိကြိုက် နှစ်သက် ရာသုံးပေးနိုင်ပါတယ်။
နေကာမျက်မှန်ကလည်း အရေးကြီးပါတယ်
မျက်နှာ အသားအရေတွေ ခန္ဓာ ကိုယ်က အရေပြားတွေတင်မကပဲ မျက်စိတွေကလည်းလူတစ်ယောက် ရဲ့ မြင်ကွင်းကို ပေးစွမ်းတာမို့ အရေး ကြီးလှပါတယ်။ အလင်းပြန်တဲ့အခါ နေရောင်ခြည်ဟာ မျက်စိကို ဒုက္ခပေး နိုင်ပါတယ်။ ပင်လယ်ရေမျက်နှာ ပြင်နဲ့ အနီးကပ်ဆုံး ရှိကြတဲ့ တံငါ ရွာကလေးတွေ၊ ကမ်းခြေဒေသတွေ မှာ နေထိုင်သူဟာ နေရောင်ခြည်ဒဏ် ကြောင့် အတွင်းတိမ်ရောဂါ အဖြစ်များ တတ်ပါတယ်။ ဒါကြောင့် မျက်စိ အန္တရာယ် ကာကွယ်တာလည်းဖြစ်၊ လူကိုလည်း လှပပေါ့ပါးစေတဲ့ နေကာ မျက်မှန်လေး တပ်ဖို့တော့ မပျင်းသင့် ဘဲ တက်တက်ကြွကြွ ဦးစားပေး လှုံ့ဆော်သင့်ပါတယ်။
နေရောင်ခြည်ထိတွေ့မှုဒဏ် အခံရဆုံနေရာတွေကို သိပါသလား
လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နေရောင်ခြည်ထိတွေ့မှုများတဲ့ နေရာတွေကတော့ မျက်နှာ၊ လည် ပင်း၊ လက်မောင်း၊ လက်ချောင်း၊ ခြေ ထောက်တွေပဲ ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းမှာတောင် ထိတွေ့မှု များတဲ့ နေရာတွေကတော့ နဖူး၊ နှာတံ၊ ပါးမို့မို့ နှစ်ဖက်၊ လည်ပင်း၊ ကုတ်သားရယ်၊ လည်ပင်းရှေ့ပိုင်း၊ ရင်ဘတ် အပေါ်ပိုင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီနေရာအစိတ်အပိုင်းလေးတွေကို ဆယ်ကျော်သက်အရွယ်ကတည်းက ပိုမို သတိထားကာ အသားအရေကို ထိန်းသိမ်းပေးမယ်ဆိုရင် အရွယ်နှင့် မလိုက်အောင် နုပျိုစေနိုင်မှာ ဖြစ်ပါ တယ်။ငယ်စဉ်ကပင်အရေးအကြောင်း နှင့် အစက်အပြောက်များ ကင်းအောင် ထိန်းသိမ်းပြုပြင်နိုင်ခဲ့ခြင်းဟာ သို့မဟုတ် မိမိကိုယ် ကိုမိမိ ဂရုစိုက် ထိန်းသိမ်းနိုင်ခြင်းက သင့်အား ဆုလာဘ်အဖြစ် ရရှိခံစားစေမှာ ဖြစ်ပါတယ်။  
သဘာပတ်ဝန်းကျင်ကို လည်း ထိန်းသိမ်းကြရမှာ လူသားတိုင်းတာဝန်ပါ
ရာသီဥတုတွေ ဖောက်လွဲဖောက် ပြန် ဖြစ်ပျက်နေတာကို နေ့စဉ် တီဗီ သို့မဟုတ် သတင်းစာ၊ဂျာနယ်မဂ္ဂဇင်း စသည်တို့မှာ တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ ပတ် ၀န်းကျင်ကို စိုပြည်စိမ်းလန်းအောင်နှင့် သန့်ရှင်းစင်ကြယ်အောင်စောင့်ရှောက် ပေးခြင်းဖြင့် ရာသီဥတုကို ကောင်း မွန်လာအောင် ကူညီအားပေးသင့် ပါတယ်။ ထို့အတူပဲ ရာသီဥတု ကောင်းမွန်ပါက လူ့ကျန်းမာရေးကို ကောင်းမွန်စေသလို ပျော်ရွှင်ချမ်းမြေ့ တဲ့ ဘ၀တွေ ပိုင်ဆိုင်စေပြီး လူကို စိတ်ပျိုကိုယ်နုစေတဲ့ အကျိုးရလဒ်ကို ရရှိစေမှာ မလွဲပါ။
 သူငယ်ချင်းအားလုံး ကိုကျေးဇူးတင်ပါတယ်ရှင်။  ။
jasmine 

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine