Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကြောင် နှစ်ကောင်ရဲ့ ထူးဆန်းတဲ့အချစ်

| Wednesday, August 31, 2011





ပျင်းရိငြီးငွေ့စရာကောင်းတော့ လောကကြီးအကြောင်းကိုထိုင်စဉ်းစားနေတုန်း

ခုံတန်းလေးပေါ်မှာ ခေါင်းလေးမှီရင် ငါ့ကို ပေကလက်ပေကလက်နဲ့ကြည့်နေတဲ့မင်းကိုစတွေ့ခဲ့တာပေါ့



နင့်ကိုငါက ပြန်ပြုံးပြတော့







နင့်ကငါ့ဆီ အပြေးလေးလာပြီး



နှုတ်ဆက်တာ နင်မှတ်မိသေးလား





အဲ့ဒီနေ့ကစပြီးငါတို့ခင်မင်ကြပြီး ပေါကြောင်ကြောင်နဲ့တောင် ကလိုက်သေးတယ်လေ ဟီး



နင်ကမတွေ့ရတဲ့အချိန်မှည အွန်လှိုင်းကတွေ့မယ်ဆိုလို့ ငါအကောင့်ပေးလိုက်တာ အိပ်ပြန်ရောက်လို့စက်ဖွင့် အကောင့်ဖွင့်လိုက်ယင်ပဲ နင်အက်ထားတာတွေ့လို့လက်ခံစကားပြောခဲ့တယ်နော်



နင်နဲ့အပြင်မှာမတွေ့တဲ့ရက်တိုင်း အွန်လှိုင်းက စကားတွေပြောရင်း သံယောဇဉ်တွယ်လာခဲ့တယ်



အွန်လှိုင်းမှာမတွေ့ရတဲ့ရက်ဆို နင့်ဖုန်းများလာမလာလို့စောင့်ရတာအမောပါပဲ



အားလပ်တဲ့ ငါတို့ရဲ့နေ့ရက်များမှာ နင်နဲ့ငါ စာပွဲတင်တင်းနစ်ကစားခဲ့တဲ့အချိန်လေးတွေကို မမေ့နိုင်ဘူးဟာ



ကစားကွင်းကအပြန် ကြောင်တကက် ရိတဲ့တဲ့စကားပြောတုန်းက နင်ငါ့ဘက်ကနေ ရန်ဖြစ်ခဲ့တယ်နော်



အခုဆိုရင် နင်လာမဲ့လမ်းလေးကို မျှော်ငေးနေတတ်ပြီဟာ



အွန်လှိုင်းမှာနင်မရှိရင်လဲငါဒေါသထွက်တတ်နေပြီ



နင်နဲ့ငါ သူငယ်ချင်းအဆင့်ကကျော်ပြီး ချစ်သူဘ၀ကိုရောက်ခဲ့ကြတယ်နော်







ချစ်သူဘ၀ရဲ့ ပျော်ရွှင်စရာနေ့ရက်များကို အတူဖြတ်သန်းယင်း



ဂုဏ်ငွေတွေကိုမက်မောတဲ့ ငါ့အမေရဲ့ ပေါက်ပေါက်ဖောက်သံ



ငါ့အဖေရဲ့ သဘောမတူတဲ့အကြည့်



ဒီလိုနဲ့ငါတို့တွေဝေးခဲ့ရပြီး အဝေးကနေပဲ အလွမ်းစာလေးတွေနဲ့ နှစ်သိမ့်နေရတယ်နော်



နင်လဲငါနဲ့ဝေးရလို့အကြောင်းပြပြီး အရက်သောက် ဘီယာသောက်တောင်လုပ်တတ်နေပြီနော်



မူးပြီးတော့ ပေါက်ကွဲသံဇဉ်တွေနဲ့ထွက်ပေါက်ပေးနေတာလားဟာ



ဘာပဲဖြစ်ဖြစ် ငါတို့တကယ်အချစ်စစ်ခဲ့ရင် တနေ့ပြန်ဆုံပါစေလို့ ဘုရားမှာငါအမြဲဆုတောင်းနေပါတယ် ချစ်သူရယ်



အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

32 comments:

{ ဇက်ဗီ } at: August 31, 2011 at 11:02 AM said...

ခတ်...ခတ်...ခတ် ရယ်ရတယ်....ဟုတ်တယ်...ဟုတ်ပါတယ်

{ KMC@ချင်းလေး } at: August 31, 2011 at 11:06 AM said...

လန်းလိုက်တဲ့ပြကွက်ကလေးတွေ....မမဂျပ်စ်ကတော်လိုက်တာနော်...။ (တော်သေးတယ်ဒီတစ်ခါနာမည်တွေလျှောက်မရေးထားလို့:P)

{ Angelhlaing(May everybody be happy and healthy! } at: August 31, 2011 at 11:16 AM said...

ချစ်ဖို့ကောင်းတဲ့ မမသေးသေးလေး သူပဲတွေးတက် ရေးတက်ပ :P
ဟွန့်..ချစ်သူကို သတိရသွားပြီ ကျန်တော့မယ် ဟင့် ဟင့် :P:P
မမရေ အာာာဘွားးးးးး:)

{ အလင်းသစ် } at: August 31, 2011 at 11:56 AM said...

ဟိဟိ..ပုံလေးတွေက ချစ်စရာလေးတွေပဲ...

{ အိမ်မက်စေရာ } at: August 31, 2011 at 12:00 PM said...

ချစ်စရာလေးတွေ ..မမJASMINE ရေ ရှာရှာ ဖွေဖွေ တင်တက်လိုက်တာ..အိမ်က ကြောင်လေးတွေတောင် လွမ်းလာပြီ။။
ကြောင်ချစ်တက်သူ
အိမ်မက်စေရာ

{ တောက်ပကြယ်စင် } at: August 31, 2011 at 12:09 PM said...

ခစ် ခစ် ဟား ဟား ဟိ ဟိ ရယ်စရာကောင်းသလို ပျော်စရာလည်း ကောင်းပါ့ဗျာ။ ဒေါသထွက်နေပုံက ကြောက်စရာကြီးပါလား။ ကျန်းမာပျော်ရွှင်ပါစေ...စပါယ်ရေ။

{ မေသိမ့်သိမ့် ကျော် } at: August 31, 2011 at 12:31 PM said...

ကြောင်လေးတွေကြည့်ပြီး သဘောကျသွားတယ်။ ဟိဟိ

ကိုကိုမောင်(ပန်းရနံ့) at: August 31, 2011 at 2:50 PM said...

ဂျတ်စမင်း(ကြောင်ကြီး)လို့ နာမည်ပြောင်းရလောက်အောင် ကြောင်ဘာသာစကား တတ်စွမ်းပါပေတယ်။း))
ရယ်ရတယ်။

ခင်မင်လျှက်

{ လင်းခေတ်ဒီနို } at: August 31, 2011 at 4:42 PM said...

မဂျက်တို့က လုပ်လည်း လုပ်တတ်ပါပေ့ဗျား)

{ TZH1985 } at: August 31, 2011 at 5:39 PM said...

ကြောင်ကြည့် :D

Anonymous at: August 31, 2011 at 5:41 PM said...

ပျော်စရာလေး ညီမ

ရွှေစင်ဦး

Anonymous at: August 31, 2011 at 6:09 PM said...

မုန်လာထုပ်ရေ..သတိရတယ်ကွာ..မချစ်တဲ့..ချစ်သူကြီးကိုပေါ့ကွာ
မချစ်တတ်သောသူမနဲ့ အချစ်ငတ်သောကျနုတ်ဇာတ်လမ်းပါ

{ Candy } at: August 31, 2011 at 7:02 PM said...

အဟီးဟီး... ရေးလည်းရေးတတ်ပါ့... အဲလိုလေးတွေလည်း ရေးနော်..ပျော်ရလို့ .. :D

{ mstint } at: August 31, 2011 at 7:48 PM said...

စိတ်ကူးလေးကလဲ ကောင်းလိုက်တာ ဟဟ။
ကြောင်လေးတွေချစ်တတ်ပုံရတယ်။ အန်တီကကြောင်ချစ်ဘူးး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ညီရဲ } at: August 31, 2011 at 9:34 PM said...

စိတ်ကူးလေး ကောင်းတယ် ညီမရေ...
ဟီ... ဟိ... ရေးရေးတတ်လိုက်တာ။ ဖတ်ရင်းနဲ့ ပြုံးမိတယ်။ ကြောင်လေးတွေနဲ့ ပုံဖော်သွားပုံက ချစ်စဖွယ်လေး..

{ လွင်ပြင်လှိုင်းငယ် } at: August 31, 2011 at 11:07 PM said...

အထူးအစီအစဉ်
ကြောင်ဘာသာစကား အခဲ့မဲ့ သင်ကြားပေးသည်
ဟီး ဟီး
ကြေငြာပေးတာပါ

{ မဒမ်ကိုး } at: September 1, 2011 at 12:48 AM said...

အား...ဟားဟားဟားလို့သာပဲ အော်ရီနိုင်တော့တယ်
တကယ်ဆိုးတဲ့
မမစံပယ်
ကြံကြံဖန်ဖန်ရှာတတ်တယ် .း)

ချစ်တဲ့
မဒိုးကန်

{ ကိုဇော် } at: September 1, 2011 at 4:47 AM said...

သြော် . . သူလည်း ကြောင်ဂိုဏ်းဝင်သွားပြီကိုး။

{ ချယ်ရီမြေ } at: September 1, 2011 at 5:19 AM said...

jasmine...တို့ကြောင်ကတော့ တယ်ခေတ်မှီပါလား။ အင်တာနက် ဂျီတော့တွေ ဘာတွေနဲ့...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ဟန်ကြည် at: September 1, 2011 at 5:40 AM said...

ကြံကြံဖန်ဖန် ရှာလည်းရှာနိုင်တယ်...ဦးဟန်ကြည်ကတော့ ကြောင်မချစ်ဘူးဗျာ...နောက်တစ်ခါ ခွေးကလေးတွေရဲ့ ဇာတ်လမ်းလေး တင်ဖို့ (အားမနာတမ်း)တောင်းဆိုလိုက်ဦးမယ်...

{ ညိမ်းနိုင် } at: September 1, 2011 at 6:53 AM said...

ဟုတ်ပါ...ကြံကြံဖန်ဖန်...သဘောကျတယ်...၊ကြောင်ဘာသာပြန်တာလည်း
သိပ်တော်....:)

{ Cameron } at: September 1, 2011 at 9:11 AM said...

ကြောင်အကြောင်းလေးရေးတော့ ကြောင်းဂိုဏ်းကအစ်ကိုတွေ သဘောမနှောခွေ့ပြီးရောက်လာကြတယ်...။

{ ဖြိုးမောင်မောင်(CTM) } at: September 1, 2011 at 12:14 PM said...

ဟားဟား လန်းတယ် တီထွင်ကြံဆပြီးလဲ ရေးတတ်ဒါပဲနော် အစ်မက
လန်းချက်ကတော့ လေတယ်။
ကြောင်ဂိုဏ်း မန်ဘာတစ်ယောက်တိုးပြီ...

ညီညီ at: September 2, 2011 at 1:31 AM said...

မရောက်တာကြာပြီ......
မောင်လာပြင်ပေးသွားလို့ အလည်ပြန်လာရတယ်....
လာလည်လည်ချင်းပဲ အရမ်း သဘောကျတယ်....
မမစိတ်ကူးကောင်းတာပဲ.....

{ blackroze } at: September 2, 2011 at 5:47 AM said...

ဟားဟား jas ရေ
Good idea လေးဘဲကွာ
စဉ်းလဲစဉ်းစားပြီးရေးတတ်တယ်
ပုံတွေလည်းရှာတတ်တယ်နော်...

Anonymous at: September 2, 2011 at 9:29 AM said...

အဲလို ရယ်စရာကောင်းမှန်းသိရင် အစေကြီးလာဖတ်တယ်
ဒါမျိုးကြတော့ လက်တို့ဖေါ်မရဘူး။
နောက် တစ်ခါလည်း ရယ်စရာတွေ ရေးအုံး မမ၀ါးခြမ်းပြား။

{ San San Htun } at: September 2, 2011 at 9:04 PM said...

ရှာဖွေနိုင်သူကြီး..ကြောင်လေးတွေက ချစ်စရာလေးတွေ...

{ ahphyulay } at: September 3, 2011 at 5:28 AM said...

အင်း...
ဒီတစ်ခါတော့  ကဗျာမဟုတ်တော့ ဘူး၊
ဒါပေမယ့်  ကြောင်ပုံလေးတွေနဲ့  ကဗျာလိုပဲ ပုံဖော်
ထားပါလားဗျ၊
ကျွန်တော့် မလဲ ဘလော့ ဒေးပြီးကတဲက မအားလိုက်တာ
ဗျာ..၊ ရယ်ဒီမိတ်တောင်ဖြစ်ညှစ်တင်နေရတယ်။

ခင်တဲ့ 

အဖြေးလူ...

{ သက်ဝေ } at: September 11, 2011 at 7:17 AM said...

ဓါတ်ပုံ... စာသား... အတွေး... အားလုံး ချစ်စရာ... :-)

{ ဝင်းမင်း } at: October 22, 2011 at 11:16 AM said...

ဟားဟား.... တခါတခါ ကြောင်ကလေး ဖြစ်ကြည့်ချင်ပါ့..

Anonymous at: November 25, 2011 at 12:31 AM said...

v-good

{ ရင်ဆူး } at: March 23, 2012 at 1:02 PM said...

မကြီးဂျက်ရေ တစ်ချို့ကြောင်ပုံလေးတွေ ကြည့်လို့မရတော့ဘူးနော်....ရှာလည်းရှာတတ်ပါ့....

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine