Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မြင်ကွင်းတချို့

| Friday, July 13, 2012
ဘ၀မှာ ရတာတွေများခဲ့လဲ
ငါ မလိုအပ်တဲ့အရာတွေပါ
ကိုယ့်ကျိုးစားမှုမပါပဲ
စိုင်ကော်လို့ချုံပေါ်ရောက်ခဲ့ရတဲ့ ဘ၀မျိုး
တခါတစ်ရာဖြစ်စေဦးတော့
ငါ ငြင်းပယ်ရလိမ့်မယ်
တော်ဝင်တဲ့ သဇင်တွေပေါပေမယ့်လဲ
မြေမှာကြွေနေတဲ့ ခရေကိုပဲ
မြတ်မြတ်နိုးနိုး ကောက်ယူနေသူပါ
လူတွေရဲ့ ရိုးသားခြင်းကို
အဆိပ်ခပ်လိုက်တာလဲ
လူတွေပါပဲ
အဲတာ မင်းငြင်းမလို့လား
ရင်ဘတ်ရှေ့ခြမ်းက အကြင်နာကိုပဲ
သူတို့မြင်ကြတယ်
မမြင်နိုင်ခြင်း နောက်ကွယ်
ကျောကုန်းထက်က မာယာတွေ
တပွေ့ တပိုက်ကြီး
မြင်နေရလဲ မသိသလိုလုပ်နေကြတဲ့ သူနဲ့
မမြင်သလိုဟန်ဆောင်ပြီးနေတဲ့ သူနဲ့
အားလုံးကို ငါတွေ့လိုက်ရတယ် ။

ငါတို့ အကြောင်း မကောင်းပြောတဲ့အသံ
ကြားလိုက်ရလို့ လှည့်ကြည့်မိတယ်
ရင်းရင်းနှီးနှီးပါပဲလား ကြွေးတောင်မဆပ်သေး
 နောက်ကြော ဓားနဲ့တေ့လို့
လှည့်ကြည့်မိတယ်    
 နောက်တခု
ချောက်ထဲတွန်းလို့
လှည့်ကြည့်ပြန်တယ်
အရမ်းကို သိတဲ့မျက်နှာတွေ
ရေခဲဝတ်တွေအုပ်လို့
အထုပ်အထည်နဲ့ လူမိဆိုသလို
ပြောင်နိုင်တဲ့ ဒီမျက်နှာ
တောင်ကြည့် မြောက်ကြည့်
ကြောင်တောင်တောင်လို
တတ်လဲ တတ်နိုင်ပါရဲ့နော် ။

ငါ့ရဲ့ အသိစိတ်တွေ
ပိတ်ဆို့ဖို့ မကြိုးစားပါနဲ့
ငါ့ရဲ့ ဖြူစင်ခြင်း အတွက်
မင်းပေးတဲ့ ရောင်စုံခဲတံတွေ
ငါမလိုအပ်ခဲ့ဘူး
မဲနေတဲ့ မင်းသိက္ခာရယ်
တဲတဲလေးကျန်နေတဲ့ မင်းရဲ့
ဂတိတွေကို ဘာနဲ့ ဆေးပြီး
ဘယ်လိုပြန်ဆက်မယ်စိတ်ကူးထားပါသလဲ
ဘယ်လိုပဲဖြစ်ဖြစ်
မင်းစိုက်တဲ့ အပင်
ချဉ်လဲ မင်းအသီး
ချိုလဲ မင်းအသီးပါပဲ
ကမ္ဘာကျော် အဆိုအမိန့်တွေကို
အာဂုံဆောင်ပြီး
ရွတ်ပြနေတာ ခလေးတွေအလုပ်ပါပဲ
မင်းအတွက်နဲ့တော့
ကိုယ့်စိတ်ကို ဖျားနာမှုမပေးချင်ဘူး။

ဘ၀ရဲ့ လမ်းတွေမှာ
လကာင်္ချောစေဖို့ သူ့ထက်ငါ 
လမ်းတွေ ဦးကြ
ဖိနပ်တွေလုကြ
ထီးတွေခိုးကြ
အပြိုင်အဆိုင် 
 စတိုင်တွေက
ခပ်ထွားထွားပေါ့
အဲဒီထဲ မင်းထိပ်ဆုံးဖြစ်နေပါပြီကွယ်။

jasmine




20 comments:

{ kiim } at: July 13, 2012 at 8:08 AM said...

တကယ့်အဖြစ်အပျက်လားဟင်...
ဘူ့ ကိုကျောတာရဲ...
တော်ဝင်တဲ့ သဇင်တွေပေါပေမယ့်လဲ
မြေမှာကြွေနေတဲ့ ခရေကိုပဲ
မြတ်မြတ်နိုးနိုး ကောက်ယူနေသူပါ။
ကင်မ်လဲ ခရေပိုကြိုက်တယ်..း)
ထူးထူးခြားခြားဒီနေ့ အမရဲ့ ဒုတိယကော်မန့် ရေးသူ
နေရာရခဲ့တယ်။

{ အလွမ်းမြို့ } at: July 13, 2012 at 8:16 AM said...

ဦးစွာ မန့်တယ်ကွ.အဟဲ

ခံစားချက်လား အငှားလားဟင်း။

ရေးချက်တွေက ပြင်းနေတော့ ကိုယ်ပိုင်ခံစားမှု့ပေါ့နော်။

((((မင်းစိုက်တဲ့ အပင်
ချဉ်လဲ မင်းအသီး
ချိုလဲ မင်းအသီးပါပဲ
ကမ္ဘာကျော် အဆိုအမိန့်တွေကို
အာဂုံဆောင်ပြီး
ရွတ်ပြနေတာ ခလေးတွေအလုပ်ပါပဲ
မင်းအတွက်နဲ့တော့
ကိုယ့်စိတ်ကို ဖျားနာမှုမပေးချင်ဘူး။))))


အားပေးသွားတယ် စံပယ်ရေ...ဖြောင်း ဖြောင်း အဖြောင်း။။။


ခင်မင်တဲ့
အလွမ်း

{ လေပြေချို } at: July 13, 2012 at 10:35 AM said...

ငါ့ရဲ့ ဖြူစင်ခြင်း အတွက်
မင်းပေးတဲ့ ရောင်စုံခဲတံတွေ
ငါမလိုအပ်ခဲ့ဘူး။
မာန်အပြည့်နဲ့ပါပဲ...ဒီကဗျာလေးကိုကြိုက်တယ်:))
ခင်တဲ့
လေပြေချို

{ Unknown } at: July 13, 2012 at 3:57 PM said...

ခံစားသွားတယ် အမရေ...:-)

{ Unknown } at: July 13, 2012 at 3:58 PM said...

ခံစားသွားပါတယ် အမရေ...:-)

{ ချစ်စံအိမ် } at: July 13, 2012 at 5:26 PM said...

ဘ၀ရဲ့ လမ်းတွေမှာ
လကာင်္ချောစေဖို့ သူ့ထက်ငါ
လမ်းတွေ ဦးကြ
ဖိနပ်တွေလုကြ
ထီးတွေခိုးကြ
အပြိုင်အဆိုင်
စတိုင်တွေက
ခပ်ထွားထွားပေါ့
အဲဒီထဲ မင်းထိပ်ဆုံးဖြစ်နေပါပြီကွယ်။လမင်းပါဘူးနော်မမရေ ဟီး..

{ mstint } at: July 13, 2012 at 8:14 PM said...

ကဗျာလေးတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးအောင်စပ်တဲ့ ဂျက်ရေ။ တီတင့်ကိုပညာလေးနည်းနည်းခွဲဝေပေးပါလားး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မိုးသူ(တောင်ကြီး) } at: July 13, 2012 at 11:07 PM said...

မိုက်တယ် လူတွေအကြောင်းကိုထင်ဟပ်အောင်
ရေးထားတဲ့ ဒီကဗျာလေးကို သိပ်ပြီးသဘောကျတယ်

အခုလိုကဗျာကောင်းလေးတွေဆက်လက်ရေး
သားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြိး)

{ အိပ်မက်ကောင်းကင် } at: July 14, 2012 at 12:38 AM said...

ကဗျာအရေးအသားလေးက
အရမ်းကိုပေါ်လွင်လှပါတယ်
အရမ်းလည်းကောင်းပါတယ်

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: July 14, 2012 at 2:33 AM said...

ဘ၀ရဲ့ လမ်းတွေမှာ
လကာင်္ချောစေဖို့ သူ့ထက်ငါ
လမ်းတွေ ဦးကြ
ဖိနပ်တွေလုကြ
ထီးတွေခိုးကြ
စာသားတွေကပိုပိုပြီးလန်းလန်းလာတယ်နော်....
အမစံပယ်ဆီမှာပဲကဗျာတွေလာလာဖတ်နေရတယ်အမရာ
အခုတလောကဗျာတွေကောင်းကောင်းမရေးနိုင်သေးဘူးဖြစ်နေလို့......

{ 3rdthameetaw } at: July 14, 2012 at 3:02 AM said...

ဘာတွေဖြစ်လို့လဲဂျက်
ဟိုတလောက ပိုက်ဆံချေးတဲ့လူကြောင့်လား
လူတိုင်းကတော့ကျေးဇူးမသိဘူးနော်
အဲ့လိုလူတွေအတွက် ကိုယ့်စိတ်ကို
မပင်ပန်းစေနဲ့အုံးသိလား မတန်ဘူး...

{ စံပယ်ချို } at: July 14, 2012 at 10:23 AM said...

ဒီကဗျာကို ဘယ်သူကြောင့် ဘာအကြောင်းကြောင်း
ကြောင့်ရေးရတာမဟုတ်ပါပဲ မိမိပတ်ဝန်းကျင်မှာ
လက်ရှိ တကယ်မြင်တွေ့နေရတဲ့ အရာလေးတွေကို
မတတ်တခေါက် ကဗျာဖွဲ့ရေးခြင်းမျှသာဖြစ်ပါ၏
ကဗျာလာရောက်ဖတ်သူအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင် ။

{ ကြယ်ပြာ } at: July 15, 2012 at 2:15 AM said...

ကဗျာလေးကို သဘောကျလိုက်တာ။

"မင်းအတွက်နဲ့တော့
ကိုယ့်စိတ်ကို ဖျားနာမှုမပေးချင်ဘူး။"

ဒီစာသားလေးကို သိပ်သဘောကျမိတယ် စံပါယ်ရေ ...

{ အလင်းသစ် } at: July 15, 2012 at 12:39 PM said...

ဘ၀ရဲ့ လမ်းတွေမှာ
လကာင်္ချောစေဖို့ သူ့ထက်ငါ
လမ်းတွေ ဦးကြ
ဖိနပ်တွေလုကြ
ထီးတွေခိုးကြ .....
ဟုတ်ပ အမတော်ရေ အဲဒီအထဲ ကိုယ်တွေလည်း ပါများပါနေပြီလားမသိ..:)

{ Yoemyaykya } at: July 16, 2012 at 12:39 AM said...

ငါ့ရဲ့ ဖြူစင်ခြင်း အတွက်
မင်းပေးတဲ့ ရောင်စုံခဲတံတွေ
ငါမလိုအပ်ခဲ့ဘူး
ငါတကယ်မလိုအပ်ပါဘူး
ငါတကယ်မလိုအပ်ခဲ့ပါဘူး…….

{ မိုးညချမ်း } at: July 16, 2012 at 12:48 AM said...

“လူတွေရဲ့ ရိုးသားခြင်းကို
အဆိပ်ခပ်လိုက်တာလဲ
လူတွေပါပဲ” ... စာသားလေးတွေက ထိတယ် မမရေ ... :)

{ သူကြီးမင်း (တုံးဖလား) } at: July 16, 2012 at 2:35 PM said...

အင်း...
သူ့မြင်ကွင်းကြီးက ကြောက်စရာကြီး။ အဲဒီဘက်ကနေ အနောက်ဘက်ကို လှမ်းကြည့်ခဲ့မှာတောင် ခပ်ကြောက်ကြောက်။ မိစံပယ်မြင်ကွင်းကလွတ်အောင် ကြိုးစားနေမှ။း))))

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: July 17, 2012 at 5:53 AM said...

မြင်ကွင်းကျယ် ပါပဲ ဒေါ်ဂျက် ရယ် ..

ကဗျာအဖြစ်နဲ့ ဖွဲ့ထားတာလေး ကြိုက်တယ်

{ ရာဇာထွေး } at: July 17, 2012 at 10:55 AM said...

ဘ၀ရဲ့ လမ်းတွေမှာ
လကာင်္ချောစေဖို့ သူ့ထက်ငါ
လမ်းတွေ ဦးကြ
ဖိနပ်တွေလုကြ
ထီးတွေခိုးကြ
အပြိုင်အဆိုင်
စတိုင်တွေက
ခပ်ထွားထွားပေါ့
အဲဒီထဲ မင်းထိပ်ဆုံးဖြစ်နေပါပြီကွယ်။

လန်းလိုက်တဲ့စာသားလေးတွေ အမဖြူရေ...
ရေးလည်းရေးတတ်ပါ့...အမတွေးလိုက်တာ
နဲ့ကဗျာဖြစ်တယ်နော်...အားကျတယ်အမဖြူ
ရေ..ကဗျာလေးကိုအားပေးသွားပါတယ်
ခင်ဗျာ...။

ခင်မင်စွာဖြင့်
ရာဇာထွေး

{ Latt Latt } at: July 23, 2012 at 12:21 AM said...

စံပယ် မြင်တွေ့နေရတဲ့ အရာလေးတွေကို ခံစားကြည့်သွားပါတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine