ရာသီတွေ တရွေ့ရွေ့နဲ့ပြောင်းလဲ
အလွမ်းတွေ မမေ့တမေ့ ဖြစ်နေဆဲ
ချစ်သူ
ကိုယ်သိပ်ရိုင်းသွားသလား
ငြင်းပယ်ခဲ့တာလေ
လွမ်းရမယ့်တူတူ
ခပ်စောစောလမ်း ခွဲတာ
တို့နှစ်ယောက်အတွက်
အကောင်းဆုံးပါပဲ ။
နှစ်ဦးနှစ်ဖက် အတ္တတွေကြား
သက်လုံကောင်းကောင်း
ထားနိုင်ဖို့
ငါ လေ့ကျင့်ပြီးသားပါ
စိတ်ထဲစိုးမိုးနေတဲ့
အမှောင်တွေ
ပြန်လင်းချင်မိတယ်
နှလုံးသား မှာစွန်းထင်းနေတဲ့
အရောင်တွေ
မြန်မြန်ချွတ်ပစ်ချင်တယ် ။
သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။
ငါကိုယ်တိုင်အတောမသတ်နိုင်တဲ့
မောဟ အလွမ်းတွေနောက်ကိုပဲ
ခြေလှမ်းတို့ ကောက်ကောက်ပါအောင်
လိုက်တတ်နေပါပြီ
သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။
ရေလှိုင်းတို့ရဲ့ တိုက်စားမှုဒဏ်ကိုစောင့်နေတဲ့
ကမ်းစပ်က ကျောက်ဆောင်တွေလိုပဲ
ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။
jasmine
39 comments:
လိုက်လဲလိုက်တဲ့နှစ်ယောက်ပါလားနော်။ အခုပဲ လွင်ပြင်လေးရဲ့ကဗျာကိုဖတ်အပြီး ဂျက်ရဲ့တစ်ဖက်သတ် အနစ်နာခံတဲ့ ကဗျာလေး တက်လာတော့ ဆက်ဖတ် အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရေလှိုင်းတို့ရဲ့ တိုက်စားမှုဒဏ်ကိုစောင့်နေတဲ့
ကမ်းစပ်က ကျောက်ဆောင်တွေလိုပဲ
ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။
**တကယ်ပဲလား..မစံရယ်**
လွမ်းရမယ့် အတူတူ
ခပ်စောစော လမ်းခွဲတာ
အကောင်းဆုံးပါပဲ..
လည်စင်းခံနိုင်တဲ့အချစ်မျိုးပေါ့နော် :)
လေးစားပါတယ်
ကဗျာလေးတွေဖတ်ရင်း ကြည်နူးရပါတယ် ဂျက်ရေ။
(တခါတရံ မျက်လုံးအားနည်းပြီး ကိုက်တာကြောင့် သိပ်မဖတ်ဖြစ်တာပါ။)
ဂျက်လည်း ကျန်းမာရေးဂရုစိုက်နော်။
ချစ်တဲ့
သဒ္ဓါ
သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။
စံပယ်ရေ... သွက်သွက်ခါအောင်ရူးမယ်ဆိုရင်
သတိတော့ထားနော်။ ဘောင်းဘီတို လေးတော့
အတွင်းမှာ ဝတ်ထားဦး...အဟီး
ကဗျာကောင်းလေးကို အားပေးသွားတယ်။
ခင်တဲ့
အလွမ်း
လွမ်းရမည့်အတူတူ ခပ်စောစော လမ်းခွဲတာ အကောင်းဆုံးပဲ။ အဲဒါ တကယ်...
လည်စင်းပေးမယ်
မင်းအတွက်ကွယ် ။
လုပ်ပြီ။ ဘယ့်နှယ် လည်စင်းပေးရမှာလဲ..
လည်စင်းပေးရင် လည်ပင်းကြီး ယားကျိကျိ ဖြစ်နေမှာပေါ့။
ပေါင်ချိန်ဇာတ်လမ်းထဲက လည်စင်းပေးသလိုမျိုးဆိုရင် ပြောပါတယ်။း)))
လွမ်းရမယ့်တူတူတော့ ခပ်စောစောလမ်းခွဲကြမယ်ဆိုတဲ့ သဘော.... ပြောတတ်ပါပေ့... ငါ့အမတော်ကတော့... :)
ချစ်သူ
ကိုယ်သိပ်ရိုင်းသွားသလား
ငြင်းပယ်ခဲ့တာလေ
လွမ်းရမယ့်တူတူ
ခပ်စောစောလမ်း ခွဲတာ
တို့နှစ်ယောက်အတွက်
အကောင်းဆုံးပါပဲ ။အဲစာသားလေးထိတယ်မမရေ
လွမ်းရမယ့်အတူတူ ခပ်စောစောလမ်းမခွဲသေးဘူး.။ ကျွန်တော်ကတော့ နေနိုင်သမျှ နေဦးမယ်.။ ကြိုးစားခွင့်ရှိနေသမျှ ကြိုးစားဦးမယ်.။
အားကျတယ် အစ်မရာ.... တကယ်ပဲ...။
ငြိမ်ငြိမ် သက်သက်လေး
လည်စင်းပေးမယ်
မဂျက်ရေ စကားလုံးတွေ
အားအရမ်းကောင်းတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ခေါင်းစဉ်လေးကစပီး အဆုံးထိ ခွင့်လွှတ်ချစ်တွေနဲ့ပါလား မမရယ်
~ Kk ~
ဂျက်ရေ သွက်သွက်ခါအောင်တော့မချစ်ဖူးဘူး
မြတ်မြတ်နိုးနိုးလေးတော့ကိုးကွယ်ခဲ့တယ်..
လွမ်းနေတာမဟုတ်ပေမယ့် အတိတ်ကိုတော့
သတိရနေသေးတယ်
ဟဲ ကဗျာမောင်နှံ
သဘောကျသဗျား)
လည်တော့မစင်းနိုင်ဘူးအမတော်း))
ခံစားအားပေးသွားပါတယ်
“သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။” ... ဒီတစ်ပုဒ်ကိုလည်း ကြိုက်တယ် ... အချစ်တွေကိုပေါ်လွင်စေတယ် ... :)
လွမ်းရမယ့်အတူတူစောစော
လမ်းခွဲတာအကောင်းဆုံးပဲတဲ့
ဟုတ်တယ်စောစောစီးစီးလမ်းခွဲလိုက်မယ်
အမအားပေးသွားပါတယ်နော်
နှစ်ယောက်လုံးက ကဗျာတွေ တော်တော်လက်စောင်းထက်အောင် ရေးနေကြတယ်
တော်လိုက်ကြတာ။
ကဗျာလေးကို ခံစား အားပေးသွားတယ်နော်
နှစ်ယောက်လုံးက ကဗျာတွေ တော်တော်လက်စောင်းထက်အောင် ရေးနေကြတယ်
တော်လိုက်ကြတာ။
ကဗျာလေးကို ခံစား အားပေးသွားတယ်နော်
ဘယ်လောက်လွမ်းလွမ်း ခွင့်လွှတ်တယ်.. လွမ်းချင်သလောက်သာလွမ်းပေါ့နော် မမ :)
ကဗျာလဲဆုံးရော..
လည်ပင်းတွေတောင် ယားကျိကျိဖြစ်လာတယ်..
ကဗျာလေးဖတ်ပြီး အရမ်းခံစားရပါတယ်
မမစံပယ်ရေ...ခံစားချက်တွေ တူနေပြီဗျို့။ :D ကဗျာကောင်းလေးတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့ ဖတ် သွားပါတယ် မမရေ...ပျော်ရွှင်စရာနေ့ရက်တိုင်းကို ပိုင် ဆိုင်နိုင်ပါစေလို့ ...
ခင်တဲ့
မြဝတီဇော်
နှစ်ဦးနှစ်ဖက် အတ္တတွေကြား
သက်လုံကောင်းကောင်း
ထားနိုင်ဖို့
ငါ လေ့ကျင့်ပြီးသားပါ
စိတ်ထဲစိုးမိုးနေတဲ့
အမှောင်တွေ
ပြန်လင်းချင်မိတယ်...ဒီစာသားလေးကြိုက်တယ်မမ
ခင်တဲ့
လေပြေချို
အမစံပယ်ရေ...
တဖတ်သတ်ကဗျာလေးလာဖတ်သွားပါတယ်
နောက်ကျမှရောက်တာဆောရီးပါခင်ဗျ...
မမစံပယ်ရေ...ကဗျာကောင်းလေးတစ်ပုဒ်ကို အားကျစွာနဲ့ လာရောက်ဖတ်ရှုသွားပါတယ်....
သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။
ရှယ်ပဲ ရှယ်ပဲ မမကို အားကျလို့ အဂျစ်ဟောင်းကိုလဲ အဲ့လိုပဲ လုပ်ပစ်ရမယ်...:))))
ကဗျာလေးထဲမှာ လေးစားလောက်ဖွယ် အချစ်ကို တွေ့ လိုက်ရတယ်...
ကဗျာလေး လာဖတ်သွားတယ် စံပယ်ရေ ..
မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေ။
ခင်တဲ့
မြတ်
ကဗျာလေးဆီ လာလည်သွားတယ်နော်....
ကဗျာလာဖတ်သွားပါတယ်
အရမ်းကောင်းတဲ့  စာတွေ ဖတ်၇တာ
အားတက်စေပါတယ် ဗျာ
ဟာ ဒီကဗျာကိုအရမ်းကြိုက်တယ်။အရမ်းကြိုက်တယ်။ တကယ်ကြိုက်တာ။ ခံစားချက်ကတော်တော်လေးတိုက်ဆိုင်နေတယ်။
ကဗျာကောင်းလေးတစ်ပုဒ်ကို ကဗျာရူးလေးတစ်ယောက် လာဖတ်သွားပါတယ်။ ခံစားရတယ် မစံပယ်ရေ...
ကဗျာလေးကအလွန်ကောင်းပါတယ် တိုက်ဆိုင်မှုလေးတွေပါနေလို့ထင်ပါရဲ့ နောက်လည်းသည်ထက်မက ကဗျာတွေကိုရေးသားနိုင်ပါစေနော် ....
အရမ်းမိုက်တဲ့ကဗျာလေး
နောက်ကျမှဖတ်ခဲ့ရတယ်...
ငါကိုယ်တိုင်အတောမသတ်နိုင်တဲ့
မောဟ အလွမ်းတွေနောက်ကိုပဲ
ခြေလှမ်းတို့ ကောက်ကောက်ပါအောင်
လိုက်တတ်နေပါပြီ
သွက်သွက်ခါ ရူးမတတ်
ချစ်ခဲ့ရလို့
ဖုတ်ဖက်ခါ ထသွားမယ်ဆိုရင်လဲ
အသာတကြည်နဲ့ကွယ် ။
ဒါရော.. ဘယ်သူ့ အတွက်ရေးတာလဲ အမ..
ချစ်ခြင်းဆိုတာတွေနဲ့ ပက်သက်လို့ ကိုယ့်ကဘဲ အနင်းခံခဲ့ရတာဆိုတော့ လည်စင်းပေးဖို့ တော့ မလွယ်ဘူး အသည်းတွေက မာနေပြီ သည်တစ်ခါ ငါ့အလှည့်ဘဲး)။
Post a Comment