Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တစ်ယောက်ထဲ ကျန်

| Monday, October 15, 2012
တိုးတိုးလေးရွာတဲ့ မိုး
ခပ်ကျယ်ကျယ်ရွာခဲ့တဲ့ မိုး
ခုတော့ မင်းထွက်သွားရတော့မယ်
ဝမ်းမနည်းပါနဲ့ကွယ်
သူ့အချိန် သူ့ရာသီအတိုင်း
လှုပ်ရှားနေတာပါ 

မြူတွေ ဆိုင်းဆိုင်း
နှင်း တဝေေ၀
ငါ့အတွေးတွေအချိန်တိုင်းနစ်မြောတဲ့
ဒီဆောင်း
တကျော့ပြန်ရောက်ခဲ့ပြီပေါ့
နှင်းရည်တစက်
ချယ်ရီပင်ထက်
ကြွေဆင်းခဲ့တဲ့ အချိန်
အရှိကို အရှိတိုင်းပေါ့
အချစ်တွေကိုလဲ အချစ်တိုင်းပါပဲ
အပြစ်ကို အပြစ်ရယ်မမြင်ဖို့
အရေးကြီးတာပါ
ခုလောလောဆည်မှာတော့
အမဲဖျက်ခံလိုက်ရတဲ့
သံယောဇဉ် 
အုံနဲ့ကျင်းနဲ့ ရောက်လာတဲ့
ဥပေက္ခာတွေ
ညစဉ်ရက်ဆက်
အိပ်ဆေးနဲ့ တိုက်ကျွေးခံနေရတဲ့ဘ၀တွေ
ဖျားနာမှုမကင်းတဲ့ စိတ်တွေရယ်
နှလုံးသားရယ်
အပြင်းပြေတော့ လာ လာပြီး
မကျီစယ်ပါနဲ့ကွယ်
အိပ်မရလဲ
အိပ်မက်တွေ ရှိနေတာ ယုံပေးပါလို့
သွားမရလဲ
အကြင်နာတွေ
မင်းရှိတဲ့နေရာ ရောက်ရောက်နေတာ
ယုံပေးပါလို့ 
ဒဏ်ရာတွေနဲ့ နှလုံးသား
သိုသို သိပ်သိပ်ပါပဲ
ကြင်နာတဲ့အကြောင်းတရားကိုသ
ရင်မှာယိုဖိတ်ပြီ
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း 
ခုတော့ 


ကိုယ်တစ်ယောက်ထဲကွယ် ။


jasmine


20 comments:

{ တောက်ပကြယ်စင် } at: October 15, 2012 at 10:55 AM said...

စပါယ်ရေ တစ်ယောက်တည်း ချယ်ရီဝေချိန်ကို စောင့်မျှော်လို့ပေါ့နော်
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: October 15, 2012 at 10:56 AM said...

မင်းရှိတဲ့နေရာ ရောက်ရောက်နေတာ
ယုံပေးပါလို့
ဒါဏ်ရာတွေနဲ့ နှလုံးသား
သိုသို သိပ်သိပ်ပါပဲ
ကြင်နာတဲ့အကြောင်းတရားကိုသာ
ရင်မှာယိုဖိတ်ပြီး
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း
ခုတော့

ကိုယ်တစ်ယောက်ထဲကွယ် ။

ကဗျာလေးတွေကနူးနူးညံ့ညံ့လေးတွေနဲ့
ရင်ကိုတစ်ကယ်ထိတယ် အမစံပါယ်
ခင်တဲ့

{ မိုးသက် } at: October 15, 2012 at 12:33 PM said...

နုလိုက်တာ..စာသားတွေက..။ ဖတ်ရတဲ့လူလည်းစိတ်တွေနူးညံ့သွားတယ်အစ်မဂျက်.။

{ ချစ်စံအိမ် } at: October 15, 2012 at 4:59 PM said...

အကြင်နာတွေ
မင်းရှိတဲ့နေရာ ရောက်ရောက်နေတာ
ယုံပေးပါလို့
ဒါဏ်ရာတွေနဲ့ နှလုံးသား
သိုသို သိပ်သိပ်ပါပဲ
ကြင်နာတဲ့အကြောင်းတရားကိုသာ
ရင်မှာယိုဖိတ်ပြီး
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း
ခုတော့
ကိုယ်တစ်ယောက်ထဲကွယ် ။
မမရေအားပေးလျှက်ပါ

{ Yoemyaykya } at: October 15, 2012 at 7:50 PM said...

လူကိုယ်တိုင် မရောက်ပေမယ့် အကြင်နာတွေရောက်ရောက်နေတာသိတယ်နော်။ မမတစ်ယောက်တည်းမဟုတ်ဘူး။အနော်လဲပါတယ်။

{ Unknown } at: October 15, 2012 at 9:44 PM said...

ဒါဏ်ရာတွေနဲ့ နှလုံးသား
သိုသို သိပ်သိပ်ပါပဲ
ကြင်နာတဲ့အကြောင်းတရားကိုသာ
ရင်မှာယိုဖိတ်ပြီး
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း
ခုတော့

ကိုယ်တစ်ယောက်ထဲကွယ် ။

{ ဆန်းစနေ၀န်း } at: October 15, 2012 at 9:45 PM said...

ခံစားလို့ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ

{ ဆန်းစနေ၀န်း } at: October 15, 2012 at 9:48 PM said...

ခံစားလို့ကောင်းတဲ့ ကဗျာလေးတပုဒ်ပါ...

{ Iora } at: October 15, 2012 at 10:38 PM said...

ချယ်ရီတွေအမြန်ဆုံးဝေပါစေလို့ ..
အိုင်အိုရာ

{ Thamee Su } at: October 16, 2012 at 12:08 AM said...

စာသားလေးတွေကောင်းလိုက်တာ မဂျက်ရေ
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း
ခုတော့


ကိုယ်တစ်ယောက်ထဲကွယ် ။

{ မြတ်နိုးသူ } at: October 16, 2012 at 12:14 AM said...

သွားမရလဲ
အကြင်နာတွေ
မင်းရှိတဲ့နေရာ ရောက်ရောက်နေတာ
ယုံပေးပါလို့
ဒဏ်ရာတွေနဲ့ နှလုံးသား
သိုသို သိပ်သိပ်ပါပဲ
ကြင်နာတဲ့အကြောင်းတရားကိုသာ
ရင်မှာယိုဖိတ်ပြီး
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း
ခုတော့ ကိုယ်တစ်ယောက်တည်းကွယ်
သာမီးလဲတစ်ယောက်တည်းကဗျာလေး
လာခံစားသွားပါတယ်မားမား



{ 3rdthameetaw } at: October 16, 2012 at 1:45 AM said...

လိုင်းတွေမကောင်းတာနဲ့ လာသာလာတယ် ကော်မန့်
မပေးခဲ့ရဘူးဂျက်ရေ စီဘောက်လဲမပွင့်ဘူးလေ
တော်တော်ကိုဆိုးနေတာ
ခုမှ ရောက်ရတယ် ဂျက်ရေးတာလေးတွေ တော့
လာဖတ်ဖြစ်ပါတယ် ခံစားသွားတယ်ဂျက်ရေ

{ ညီလင်းနိုင် } at: October 16, 2012 at 2:19 AM said...

တစ်ယောက်ထဲ ကျန် ကဗျာလေးထဲ

ဝင်လွမ်းသွားတယ်ဗျာ ။

ကဗျာကောင်းလေးတွေ ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

{ လေပြေချို } at: October 16, 2012 at 3:10 AM said...

ကဗျာလေး လာခံစားသွားတယ်.. မရေ..
ခုတော့ ကိုယ်တစ်ယောက်တည်းဆိုတော့ ဟိုတစ်ယောက်က ဘယ်ပျောက်သွားလို့လဲနော်..ချစ်လို့စတာနော်..:)))
ခင်တက်တဲ့
လေပြေ

{ Unknown } at: October 16, 2012 at 3:31 AM said...

တစ်ယောက်တည်းကျန်ကဗျာလေး
လာအားပေးသွားပါတယ်
ချယ်ရီတွေမြန်မြန်ဝေပါစေကွယ်...........
ခင်တဲ့အန်တီလေးမေခင်

{ လရိပ်အိမ် } at: October 16, 2012 at 5:07 AM said...

တစ်ယောက်ထဲ စောင့်တာတော့ မဖြစ်နိုင်ဘူး။ ကိုလွင်ပြင်လဲပါမှာဘဲ။
ချယ်ရီဝေချိန်ကို၂ယောက်တူတူ စောင့်ကြပေါ့။
ကဗျာလေး တကယ်ကြိုက်တယ်။

{ kiim } at: October 16, 2012 at 7:11 AM said...

အမဲဖျက်ခံလိုက်ရတဲ့
သံယောဇဉ်
အုံနဲ့ကျင်းနဲ့ ရောက်လာတဲ့
ဥပေက္ခာတွေ
ညစဉ်ရက်ဆက်
အိပ်ဆေးနဲ့ တိုက်ကျွေးခံနေရတဲ့ဘ၀တွေ
ဖျားနာမှုမကင်းတဲ့ စိတ်တွေရယ်
နှလုံးသားရယ်
အပြင်းပြေတော့ လာ လာပြီး
မကျီစယ်ပါနဲ့ကွယ်
ကောင်းလိုက်တဲ့စာသားတွေ...း)

{ Phyu Lwin } at: October 16, 2012 at 6:43 PM said...

ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း
ခုတော့


ကိုယ်တစ်ယောက်ထဲကွယ် ။
အဟင့်င့်င့်... တိုက်ဆိုင်သွားပီ :D

{ roseayemaung } at: October 16, 2012 at 6:59 PM said...

အစ အဆုံး ကဗျာတပုဒ်လုံး
၇င်နှင့်အပြည့်..ခံစားသွားပါတယ်..
စံပယ်ကိုချစ်တဲ့နှင်းဆီ

{ witch83 } at: October 17, 2012 at 11:58 PM said...

ခုတော့...ကိုယ်တစ်ယောက်ထဲကွယ် :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine