Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဒီဇင်ဘာသို့ ရုတ်တရက် နုတ်ဆက်တဲ့ စံပယ်

| Saturday, December 1, 2012
မြန်မြန် ဆန်ဆန်လေးပဲ
သူရောက်လာခဲ့တယ်
တနှစ်နဲ့ တနှစ်
မြန်လိုက်တာကွယ်
မြို့အ၀င် နေကြာရိုင်း
ဒီအချိန်မှာ ၀ါဝါထိန်
ချစ်သူတို့လျှောက်သောလမ်းနားက
ချယ်ရီတွေ
ပန်းနုရောင်မရင့်တရင့်
နှင်းလိုလို မြူလိုလို
ရောကောသောကောနဲ့
မနက်ခင်းတိုင်း ၀င်လာနေတာ
ဒီဇင်ဘာတဲ့လားကွယ်။

ဒီဆောင်း မနက်
နှိပ်စက်နေတဲ့ ချစ်ပုံပြင်
မြူခိုးတွေဝေ
စိတ်တွေ လေလွင့်စေခဲ့တယ်
နှင်းရည်တွေ နှလုံးသားကို လာပုတ်
ဒီ ရင်ဘတ်ကြီး
အရုပ် တရုပ်လို မခံစားတတ်ခဲ့ရင် ကောင်းမယ်
မအီ မသာနဲ့ လမ်းခွဲခဲ့ရတဲ့ အဖြစ်ဆိုး
ကြည်ကြည်သာသာ နဲ့ ငါ့ အလွမ်းပင်တွေ
ရင်ထဲ ပျိုးပြီးရင်း ပျိုးနေခဲ့တယ်။

 ရှေးဘ၀ အဆက်ဆက်
ဘာတွေ လုပ်ခဲ့မိသလဲကွယ်
ချိန်းဆိုခြင်းမရှိတဲ့
အလွမ်းတွေ ရာသီမရွှေး
နေရာမရွှေး ရောက် ရောက်လာတယ်
စလောင်းတပ်ပြီးကြည့်တော့
ကမ္ဘာအကြောင်းအားလုံးသိခဲ့ရတယ်တဲ
အဲဒီ စလောင်း
ငါ့ရင်ဘတ်ထဲက အလွမ်း
မင်းကြည့်လို့ရလားကွယ်
ငါ့ နှလုံးသားတွေ
ဘယ်လောက်များကိုက်ခဲ
နာကျင်နေမလဲ
အဲဒီ စလောင်း မင်းသိလားကွယ်
ဖန်တရာတေနေအောင်
လွမ်းပဲလွမ်းနေရတော့
အလွမ်း ဆိုတာ 
ငါ့အတွက်   ရိုးအီနေပါပြီ
ဘာမှ ဆန်းပြားမှုလဲ
မရှိတော့ပါဘူး ။ 

ငယ်ငယ် ကနားထောင်ဖူးတဲ့ သီချင်းလေးတစ်ပိုဒ်
တကယ်ကိုသတိရမိတယ်
 ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ်တဲ့ ။


(ဘာရယ်မဟုတ်ပါဘူး ဒီဇင်ဘာရောက်ပြီ ဆိုတာနဲ့
ပျော်သလို လွမ်းသလိုလေးခံစားနေရတာမို့
ရေးမိလိုက်တာပါ......
ကျွန်မရဲ့ ကြီးပြင်းခဲ့ရတဲ့ တောင်ပေါ်မြို့လေးမှာတော့
ဒီလကိုရောက်ပြီဆိုရင်ပဲ သူငယ်ချင်းတွေ အားလုံးပျော်ကြပါတယ်)

jasmine

28 comments:

{ 3rdthameetaw } at: December 1, 2012 at 1:25 AM said...

ဖန်တရာတေနေအောင်
လွမ်းပဲလွမ်းနေရတော့
အလွမ်း ဆိုတာ
ငါ့အတွက် ရိုးအီနေပါပြီ


သေ တဲ့အထိများလွမ်းနေရမလားတောင် မသိတော့ဘူး
ကံကြမ္မာ က အဲ့လိုကောင်းတာ..

{ တောက်ပကြယ်စင် } at: December 1, 2012 at 1:49 AM said...

စပါယ့်လိုပဲ လွမ်းမိပါတယ်ကွယ်။ ဟုတ်ပါ့ သည်အချိန်ဆို ချယ်ရီတွေ ဝေနေလိမ့်မယ်။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

{ ညီလင်းသစ် } at: December 1, 2012 at 1:59 AM said...

ဒီကဗျာလေး တော်တော့်ကို နှစ်ခြိုက်မိပါတယ် မစံပယ်ရေ...၊ ဒီဇင်ဘာ ချစ်သူချင်းမို့လား မသိဘူး၊ စကားလုံးတိုင်းကို ထဲထဲဝင်ဝင် ခံစားလို့ ရနေခဲ့တယ်...။

Anonymous at: December 1, 2012 at 2:02 AM said...

ကြည်နူးစွတ်ပျံ့လွမ်းမောဖွယ် ဒီဇင်ဘာလေးပါနော် မဂျက်း)

{ သူကြီးမင်း (တုံးဖလား) } at: December 1, 2012 at 4:25 AM said...

အဲဒီ စလောင်းက ရှစ်ပေစလောင်းလား
နှစ်ပေ စလောင်းလား။
ဖမ်းယူအား နည်းနေပုံရတယ်။
ဘယ့်နှယ်...
ကြောင်စမင်း ရင်ဘတ်ထဲက အလွမ်းလေးကိုတောင်
ဖမ်းမမိနိုင်ဘူးဆိုတော့။း)))

{ Unknown } at: December 1, 2012 at 5:16 AM said...

ဒီဇင်ဘာသို.ရုတ်တရက်နှုတ်ဆက်တဲ.စပယ်လေး
ချမ်းလဲ ချမ်းတယ် လွမ်းလဲ လွမ်းတယ်တဲ့ .....လား
ခင်တဲ.အန်တီလေးမေခင်

{ မိုးနတ်ကြယ်စင် } at: December 1, 2012 at 5:33 AM said...

မိုးနတ်လဲ ဒီဇင်ဘာသိပ်ချစ်တာဆိုတော့
ချစ်မရဲ့ကဗျာလေးကို အပြည့်အ၀ခံစားခဲ့တယ်နော်....
ချစ်တဲ့....မိုးနတ်

{ မိုးနတ်ကြယ်စင် } at: December 1, 2012 at 5:33 AM said...

မိုးနတ်လဲ ဒီဇင်ဘာသိပ်ချစ်တာဆိုတော့
ချစ်မရဲ့ကဗျာလေးကို အပြည့်အ၀ခံစားခဲ့တယ်နော်....
ချစ်တဲ့....မိုးနတ်

{ ကေပိုး } at: December 1, 2012 at 6:00 AM said...

လွမ်း မလွမ်းတော့ မသိဘူး.. ချမ်းတော့ ချမ်းတယ်.. မမဂျက်ရေ..

{ လေပြေချို } at: December 1, 2012 at 6:03 AM said...

မရေ... ဆောင်းရနံ့လေးတွေ သင်းပျံ့နေတဲ့ အလွမ်းကဗျာလှလှလေးကို ခံစားခဲ့ပါတယ်နော်..
ချစ်တဲ့
လေပြေ

{ kiim } at: December 1, 2012 at 6:34 AM said...

ဒီဆောင်း မနက်
နှိပ်စက်နေတဲ့ ချစ်ပုံပြင်
မြူခိုးတွေဝေ
စိတ်တွေ လေလွင့်စေခဲ့တယ်
နှင်းရည်တွေ နှလုံးသားကို လာပုတ်
ဒီ ရင်ဘတ်ကြီး
အရုပ် တရုပ်လို မခံစားတတ်ခဲ့ရင် ကောင်းမယ်
မအီ မသာနဲ့ လမ်းခွဲခဲ့ရတဲ့ အဖြစ်ဆိုး
ကြည်ကြည်သာသာ နဲ့ ငါ့ အလွမ်းပင်တွေ
ရင်ထဲ ပျိုးပြီးရင်း ပျိုးနေခဲ့တယ်။
ကောင်းမှကောင်း အမရေ...
HaPpy SwEeT DeCeMbeR

{ နွေတေးရှင် (မင်းဧရာ) } at: December 1, 2012 at 6:41 AM said...

အဟမ်း....
သည်ကဗျာက ငယ်ရည်စားကို လွမ်းနေသလိုလိုး))

သို့ပေသိ တစ်ချို့သော ယောက္ခမ ပြောသလို
ကဗျာကို ကဗျာ လို့ဘဲ မြင်လိုက်ပါတယ်လေး))။


သင်၏
သမက်လောင်း...

{ စုချစ် } at: December 1, 2012 at 6:49 AM said...

ဆွိ ဒီဇင်ဘာ နှင့် ဆွိ ကဗျာ...
ဒီမှာတော့ မချမ်းပေမယ့် လွမ်းပါတယ်...း)

ချစ်ခင်စွာ..

{ Thamee Su } at: December 1, 2012 at 7:33 AM said...

မဂျက်ရေ ဒီဇင်ဘာကိုချစ်တယ် မဂျက်ကဗျာလေးဖတ်ပြီး လွမ်းတယ် ဆောင်းနှင်းငွေ့လေးတွေနဲ့ လွမ်းရတာ ကြည်နူးစရာ

{ lwannaung } at: December 1, 2012 at 8:23 AM said...

စလောင်းတပ်ပြီးကြည့်တော့
ကမ္ဘာအကြောင်းအားလုံးသိခဲ့ရတယ်တဲ့
အဲဒီ စလောင်း
ငါ့ရင်ဘတ်ထဲက အလွမ်း
မင်းကြည့်လို့ရလားကွယ်


အလွမ်းတွေ ပြေစေသတည်း

{ blackroze } at: December 1, 2012 at 10:22 AM said...

ပစ်ပစ်လည်း ဒီဇင်ဘာချစ်သူပါဘဲ ဂျက်စ်ရေ
တောင်ကြီးကိုတော့ တခေါက်တော့
သွားလည်ဦးမယ် ဂျက်စ်ရေ

{ ညီလင်းနိုင် } at: December 1, 2012 at 8:18 PM said...

မြူနှင်းတွေ စွတ်စိုလာစေတဲ့အထိ

ဖြားယောင်းနိုင်ခဲ့တဲ့ ကဗျာလေးပါ ။

ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်ရေ .....

{ အလွမ်းမြို့ } at: December 1, 2012 at 10:21 PM said...

မဂျက်..

မအီ မသာနဲ့ လမ်းခွဲခဲ့ရတဲ့ အဖြစ်ဆိုး
ကြည်ကြည်သာသာ နဲ့ ငါ့ အလွမ်းပင်တွေ
ရင်ထဲ ပျိုးပြီးရင်း ပျိုးနေခဲ့တယ်။


ဖွဲ့တတ်လိုက်စာ။ တော်ပါပေတယ်။အားပေးသွားတယ်။
မဂျက်လည်း သီချင်းဆို အလွမ်းလည်း သီချင်းဆိုမယ်။
(စိုင်းထီးဆိုင်-ဒီဇင်းဘာနံနက်ခင် မင်းသတိရရင်...ဘာညာ ကွိကွပေါ့...)


ချစ်တဲ့
အလွမ်း

{ နွေလ } at: December 1, 2012 at 10:45 PM said...

စလောင်းတပ်ပြီးကြည့်တော့
ကမ္ဘာအကြောင်းအားလုံးသိခဲ့ရတယ်တဲ့
အဲဒီ စလောင်း
ငါ့ရင်ဘတ်ထဲက အလွမ်း
မင်းကြည့်လို့ရလားကွယ်

ဒါတော့ သူ တတ်နိုင်မယ် မထင်ဘူး အစ်မရေ
စကားလုံး သုံးနှုန်းတတ်လိုက်တာ

Anonymous at: December 2, 2012 at 6:40 PM said...

ချမ်းလည်း ချမ်းတယ် လွမ်းလည်း လွမ်းရပါတယ် မမ

~ Kk ~

Anonymous at: December 2, 2012 at 11:30 PM said...

တော်တော် လွမ်းအားကောင်းတာပဲ

{ အိပ်မက်ကောင်းကင် } at: December 3, 2012 at 5:44 AM said...

မမစံပယ်ရဲ့ ဘလော့ထဲရောက်လိုက်တာနဲ့ စိတ်ထဲအေးမြသွားသလိုပဲ ဘလော့အရောင်ကလည်းအစိမ်းရောင်၊ကဗျာရေးတာကလည်း ကောင်းပြီးရင်းကောင်းနေဆိုတော့ လာလည်ရတာ ပီတိဖြစ်မိတယ် နောက်ဆိုကဗျာရေးနည်းတွေသင်ခိုင်းမှထင်တယ် ^_^
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ လရိပ်အိမ် } at: December 3, 2012 at 8:25 AM said...

ရှေးဘ၀ အဆက်ဆက်
ဘာတွေ လုပ်ခဲ့မိသလဲကွယ်
ချိန်းဆိုခြင်းမရှိတဲ့
အလွမ်းတွေ ရာသီမရွေး
နေရာမရွေး ရောက်ရောက်လာတယ်

ဟုတ်တယ် ၊ အဲလိုဖြစ်နေတယ်။ :(

{ လရိပ်အိမ် } at: December 3, 2012 at 8:27 AM said...

ရှေးဘ၀ အဆက်ဆက်
ဘာတွေ လုပ်ခဲ့မိသလဲကွယ်
ချိန်းဆိုခြင်းမရှိတဲ့
အလွမ်းတွေ ရာသီမရွေး
နေရာမရွေး ရောက်ရောက်လာတယ်

ဟုတ်တယ် ၊ အဲလိုဖြစ်နေတယ်။ :(

{ Angelhlaing(May everybody be happy and healthy! } at: December 3, 2012 at 10:54 AM said...

အလွမ်းတွေနဲ့ ဒီဇင်ဘာ....

{ ရွှေအိမ်စည် } at: December 3, 2012 at 10:18 PM said...

ဖန်တရာတေနေအောင်
လွမ်းပဲလွမ်းနေရတော့
အလွမ်း ဆိုတာ
ငါ့အတွက် ရိုးအီနေပါပြီ
ဘာမှ ဆန်းပြားမှုလဲ
မရှိတော့ပါဘူး ။

အဲဒါလေး သဘောကျတယ် မမ
:) :)

{ မြဝတီဇော် } at: December 5, 2012 at 10:23 PM said...

ချစ်တဲ့ မဂျက်ရေ...ဒီကဗျာလေး ဖတ်ပြီးတော့မှ ပိုလွမ်းချင်သလိုလို ဖြစ်သွားတယ်။ ညီမအတွက်တော့ ဒီဇင်ဘာဆိုတာ ချစ်စရာမကောင်းဘူး။ ဒီဇင်ဘာတိုင်း အမြဲတမ်း ဝေးနေကြရတာမို့လို့လေ။ :D

ခင်မင်လျက်
မြဝတီဇော်

{ Yoemyaykya } at: December 6, 2012 at 8:20 PM said...

ချမ်းလဲချမ်းတယ်။လွမ်းလဲလွမ်းဦးမယ်။ စလောင်းတပ်ပီးကြည့်ရင် ကမ္ဘာအကြောင်းသိပေမယ့် အလွမ်းတွေကိုတော့ မသိနိုင်ဘူးမမ။ဒါကြောင့်အလွမ်းတွေသိသွားအောင် ဖေ့ဘုတ်မှာအော်မယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine