၂၀၂၅ နီပေါသွားတောလား - ၄
-
၂၀၂၅ နိုဝင်ဘာ ၄ Pokhara မြို့ပေါ်က Saragot ကို ညနေ ၄ နာရီလောက် ရောက်တယ်။
ခဏနားပြီး Peace Pagoda နဲ့ Shiva Temple သွားလည်တယ်။ ၂၀၂၄ နိုဝင်ဘာတုန်းက
ခရီးစဥ်ထဲမ...
တနှစ်ပတ်လုံး ခံစားချက်အတို
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
ကောင်လေးရေ..... မင်းကိုချစ်မိလို့ မှားများသွားပြီလား ပေးခဲ့တဲ့ အရာတွေ အတိုင်းအတာ တူတူပြန်ရခဲ့လား ချစ်ခြင်းတွေကိုထုထည် နဲ့တွက်မလို့လား မင်းမှ...
-
အရှုံးပေးပါပြီ အကြိမ်ကြိမ်ပြောခဲ့ပြီးတာလဲ ကြိုးဝိုင်းထဲ ငါ့ကိုခေါ်ခဲ့တယ်။ ခေတ်နဲ့စနစ်ကလဲ အတုအယောင်ပေါများတော့ ဒီခေတ်ထဲကမင်း ဒီစနစ်ထဲမင်း... ...
-
လောင်ကျွမ်းဖူးတဲ့ နှလုံးသား ကယောင်ကတမ်း ဖြစ်ဖို့မရှိတော့ပါဘူး အဟုတ်အမှန်တွေကိုဇယားချတော့ ပျားတုတ်ခံရမယ့်အဖြစ် ပေါက်ကရ အလွမ်းတွေနဲ့ ကမောက်ကမ...
-
မတ်လ ၈ ရက်နေ့ဟာ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michel...
-
ဖြူစင်တဲ့ ခင်မင်မှု စစ်စစ်တွေ မဌားရမ်းနိုင်ပါဘူး အပိုင်လိုချင်တယ်ဆိုရင်တော့ ကျွန်မထံ ခွင့်တောင်းယူနိုင်ပါတယ် အဲဒါကိုတော့ တန...
-
မညီမျှခြင်းတွေများတဲ့လောကကြီးက တရားမျှတမှုတွေ အမြဲပေးထားပါတယ် ကြည့်တတ်သောသူသာမြင်နေရတဲ့အချိန် ကံပါသောသူမြင်ရတဲ့အချိန် ခင်မင်မှုတွေကို...
-
ဆက်ရန်မရှိတဲ့ ဇာတ်လမ်းလိုပါပဲ သတိရခြင်းတွေ အနားသတ်လိုက်ရအောင် တခါတရံလွမ်းခဲ့ဖူးတာလေးကို မုန်တိုင်းတခု အဖျားခတ်ခံလိုက်...
-
ရိုးတိုး ရိတ်တိတ်လေးမျှ ခြေသံမပေးပဲ တိုးတိုး တိတ်တိတ်လေး သူ ခွဲခွါခဲ့တယ် အမှတ်တရနဲ့ သတိရစရာတွေ အပြည့် ရှောင်တိမ်းခွင...
-
ဒီပိုစ့်လေးကတော့ ရိုစ့် ကျေးဇူးကြောင့်ရေးဖြစ်ရတာပါ ----- candy လေးကလဲထပ်ပြီး Tag ပါတယ်ရှင် အစကတော့နောက်ဆုံးမှရေးမလို့ပါ မရေးတတ်တော့သူ...
-
မေမေ အတွက် ကဗျာတို ကပိုကရို ရေးမိပါရဲ့ ဟိုတောင်ဆီက တိမ်တွေပြို မိုးလေးညိုရင် အမေအိုကို လွမ်းမိပါတယ်။ jasmine


2 comments:
ဆုတောင်းလို့ မရတဲ့ အရာတွေနဲ့ ကျင်လည်နေကြတဲ့ ဘ၀တွေ
အိမ်းးး အိမ်းး လာဖတ်သွား လေ၏ ။
Post a Comment