အခါခါလောင်ကျွမ်းလှဲကျခဲ့ဖူးသူတယောက်မို့
ကယောင်ကတမ်းဖြစ်ဖို့မရှိတော့ပါဘူး။
ကြယ်ကြွေညတွေကိုလဲ ရိုးအီနေသူတယောက်မို့
ရူးသွပ်ဖို့မလိုတော့ပါဘူး ဒါပေမဲ့လရောင်အောက်က
စံပယ်ပွင့်တွေကိုခပ်စောစောကပဲ ခူးဆွတ်မိသေးတယ်။
ပေါက်ကရတမ်းချင်းမျိုးစုံနဲ့
ကမောက်ကမကြိုးခုန်ကမဲ့အရွယ်လဲမဟုတ်တော့ပါဘူး
ရင့်ကျက်မှုမရှိသေးတာတော့ဝန်ခံပါရစေ။
လွမ်းတတ်သေးရဲ့လားဆိုတဲ့မေးခွန်းကိုတော့
၁၂လရာသီလုံး လွမ်းတဲ့အကြောင်းပြောချင်နေမိသူတယောက်ပါ။
ဘ၀လမ်းပေါ်က အပြေးသမားတယောက်အဖို့
လက်ပန်းကျနေပေမဲ့လဲ
ပင်ပန်းမှုတွေခေါက်သိမ်းလို့မရသလို
ကျွန်မရဲ့ပင်ပန်းမှုတွေ လက်ပန်းကျမှုတွေ
အချိန်တိုင်းလတ်ဆတ်နေတယ်။
နီးရက်နဲ့လဲလွမ်းရသလို ဝေးနေတော့လဲလွမ်းတတ်ပါသေးတယ်
သံသရာဟိုဖက် ဘယ်သူမြင်မလဲ အဖန်တရာတိုင်လွမ်းနေတာ။
တီတင့်နဲ့မိုးညတို့ပြောတာနဲ့ Draft လေးကိုနဲနဲပြင်ပြီးတင်လိုက်ရတာမို့ အမှားပါခဲ့လျှင်ခွင့်လွတ်ပါရှင်။
အားလုံးကိုချစ်ခင်လေးစားသူ စံပယ်ချို
5 comments:
အလွမ်းပုံရိပ်တွေ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကိုလှုပ်ခတ်သွားစေတယ် ဂျက်ရေ.....
၁၂ လရာသီလုံးလည်းလွမ်း ... နီးရက်နဲ့လည်းလွမ်း ... ဝေးရက်နဲ့လည်း အလွမ်းတွေက ပြောမကုန်နိုင်အောင်ပါပဲ မကြီးဂျပ်ရေ .... မိုးည link လေး ပြန်ချိတ်ပေးအုံးနော် အရင် link က ၀င်မရတော့ဘူး ... https://moenyachan.blogspot.com/
မိုးညရေ ok ပါနော်
လရောင်အောက်က စံပါယ်ပန်းတွေကို စိတ်ကူးနဲ့  ခူးတာရယ်
သံသရာဟိုဖက်ကမ်းအထိ လွမ်းနေမဲ့သူရယ်
သိပ်ပြေပြစ် ချစ်စရာကောင်းတယ် ဂျက်ရေ
ကိုယ်လည်း အလွမ်းဓာတ်ခံရှိသူမို့ နီးလည်းလွမ်းတယ် ဝေးလည်းလွမ်းတယ်
Post a Comment