Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခံစားရဖူးတဲ့​ အကြောင်းရင်း တချို့

10
| Friday, June 20, 2014
မီးပျက်တဲ့ လကွယ်ည
အလွမ်းတွေ မြင်နေရတယ်
အနားသတ် ပြီးသွားခဲ့ပါပြီ
တခါလာလဲ ဒီ အစ ကိုပြန်ဆွဲထုပ်
တွယ်တာမှု အကုန်ပေးခဲ့လဲ
အပယ်ခံ လိုက်ရတဲ့အချိန်
ညဟာ မှောင်နေတယ်
ညဟာ တိတ်ဆိတ်နေတယ်
နေရာတိုင်း ခြောက်သွေ့နေတယ်
ရင်ဘတ်ထဲ မှာတော့ ရွဲရွဲစိုနေတယ်
နှလုံးသား က ကျလာတဲ့ မျက်ရည်တွေပေါ့ ။

အကြောက်ဆုံး  ရာသီ 
အချစ်ကိုတွေ့လိုက်ရပြီး
တပြိုင်နက် ဆုံးရှုံးလိုက်ရတဲ့   အချိန်ရာသီပေါ့
အကြောက်ဆုံး  အချိန်
ချစ်သူရဲ့ နောက်ကျောကို
မိမိ ဆန္ဒမပါပဲ ကြည့်နေရတဲ့  အချိန် ။
 
ဘ၀ရဲ့ အစုတ်ပဲ့ ဆုံးအရသာလေးက
ဘာများလဲ လို့ မေးခံခဲ့ရရင်
အချစ် စစ်စစ် ကို လက်လွှတ် လိုက်ရတဲ့ အရသာ ပါပဲ ။
 
jasmine

နွံနစ်တဲ့ ခံစားချက် - သွေးခြေဥတဲ့ နှလုံးသား

12
| Sunday, June 8, 2014
 အချိုပေါ့လာတဲ့ ချစ်သူ နှလုံးသား
ပျားရည် ဆမ်းပေးပါရစေကွယ်
အရာသာမဲ့ပြီး ပေါ့ရွတ်ရွတ်ဖြစ်လာတဲ့
ကိုယ့် ကဗျာ မျက်ရည်ဆားလေးခတ်လိုက်မိတယ်
အခါးဓါတ်တွေ ထင်တာထက် ပိုပြီးများနေတာ
ချိုမြိန်ခြင်းတွေ ကုန်ဆုံးလို့လားကွယ် ။

နောင်တကို ဖောင်ဖျက်သလိုဖျက်နေမိတာလား
နောင်တကို အမှောင်ချနေတာလား
ပြန်မေးနေမိတယ်
ကိုယ့်အတွက် တိကျမှုဘာမှမရှိ
အဖြေဘာလဲ ။

တဖြေဖြေးနဲ့ နစ်နေတယ်
လောဘ နွံ သောကနွံ သံယာဇဉ်နွံ
များလှတဲ့ နွံ
ဘာနွံလဲ ကိုယ်တိုင်လဲမသိတော့ ခက်ပြီကွယ် ။

ပန်းသီးရဲရဲကြီးတွေတချိန်က
ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်
ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်
ပန်းသီးအရသာလဲ ခါး လို့လာပြီ။
 
အဆိပ်သင့်သွားတဲ့ ၀ိုင်တခွက်
ပျောက်ဆုံးသားတဲ့ မျက်နှာပေါ်က အပြုံးတွေအတွက်
သံယောဇဉ်တွေက ထုထောင်းခြင်းခံနေရသလို
နှလုံးသားနုနု သွေးခြေဥနေရပြီ ။ 
 
 jasmine
 

သင့်ကြောင့် ကျွန်မ လူဆိုးမဖြစ်ချင်ပါ

9
| Monday, May 26, 2014
ချစ်ခြင်းတွေ အပြည့်ခင်းထားတဲ့
အနာဂတ်လမ်း
တူတူလျှောက်လှမ်းမယ်ဆို
ရဲရဲသာဝင်ခဲ့
တံခါးဖွင့်ထားတယ်။

ဂတိတွေ တန်ဖိုးထားတတ်တယ်ဆို
ရဲရဲသာ ၀င်ခဲ့
တံခါးဖွင့်ထားတယ်။

ကိုယ်ကျင့်တရားကို တန်ဖိုးတတ်တယ်ဆို
ရဲရဲသာ ၀င်ခဲ့
တံခါးဖွင့်ထားတယ်။

သိက္ခာကို ချခင်းထားပြီး
လိုချင်မှု့ တခုအတွက်နဲ့
အပြုံးလှလှ မျက်နှာဖုန်းတွေကို
အိမ်ထဲမ၀င်ခင် ခွါချခဲ့ပေးပါ။
 
ဝံပုလွေတကောင်ရဲ့ အပြုံး
ခြသေ့င်္ တကောင်ရဲ့ အကြည့်တွေနဲ့
အရူးကွက်နင်းပြီး အိမ်ထဲဝင်မလာပါနဲ့မိတ်ဆွေ။
 
သင်သာလျှင်ဖြူစင်ပါစေ
ကျွန်မရဲ့ ခင်မင်မှု အမျှင်တန်းလျှက်ရှိနေမှာပါ။
ဟန်ဆောင်မှုတွေက ခဏတာအတွက်ပဲကောင်းပြီး
ဘ၀ တသက်တာအတွက်ကတော့
အဆိပ်ပြင်းတဲ့မြွေကို အိပ်ထဲထဲ့ထားရသလိုပါပဲ။
 
သင့်ကိုလဲ
အဆိပ်ပြင်းတဲ့မြွေ မဖြစ်စေချင်သလို
ကျွန်မကိုယ်တိုင်လဲ
ပြောသောစကား ပြုံးသောအပြုံးတို့ကို
ထိန်းချုပ်မထား ချင်သူပါ
သင့်ကြာင့် ကျွန်မရဲ့ ဖြူစင်မှု
အဓွန့်ရှည်ပြီး တည်တန့်ပါစေ။
 
ရေးသားသူ jasmine
 
 
 
 
 
 

နလန်အထကို စောင့်နေရသူ

4
| Tuesday, May 13, 2014
အချိန်တွေ တတိတိနဲ့ ရွေ့လျား
ရင်ထဲမှာ အောင့်ထားမရတဲ့အရာ
သတိရမှု တမ်းတမှု ဒုနဲ့ဒေး

ရေငုံနှုတ်ပိတ် တိတ်တိတ်လေးနဲ
ခံစားလွန်းတော့ 
အလွမ်းတွေ ပိန်ကျလာပုံများ
ကိုယ်တိုင်ကလဲ တလိန်လိန်
နှလုံးသားထဲအိပ်မက် ဖော်ထုတ်ဖို့အတွက်
နလန်အထ ကိုစောင့်နေရသူပါ

အရာအားလုံး ပိန်လိန်ပြီး
ချုံးချုံးကျ ပြန်မရတဲ့အတွက်
စိတ်ကျခြင်းတွေ နလန်မထခြင်းတွေက
အသင်းဝင် တယောက်လို ရင်းနှီးစေခဲ့ပြီ
 မိမိရဲ့ အကြည့်တို့ ခပ်နွမ်းနွမ်း
အပြုံး ကလဲ ခပ်နွမ်းနွမ်း
အားလုံး နွမ်းနေလဲ ချစ်သူကို ချစ်တဲ့ နှလုံးသား
လန်းဆန်းလတ်ဆပ်နေဆဲပါ

တိတ်ဆိတ်တဲ့အရပ်ဒေသ
အမှောင်ရိပ်တွေပေါလှတယ်
သောကများနေတဲ့ အတွေး
နွေးထွေးမည့်သူလဲ ဝေးလှတယ်

နောက်ကျောဆီကအလွမ်း
ရင်ဘတ်ထဲက လက်ရှိဒါဏ်ရာ
ဘယ်သူ သိပါ့မလဲကွယ်

ဇယားတွေ ခင်းပြီးရင်းခင်းနေလဲ
အမှားဆိုတဲ့ ကျင်းထဲက ပြန်မထွက်နိုင်

အောင်မြင်မှုတွေ ဆာတိုင်း
သတိရမှုတွေ ဆာတိုင်း
အပြုံးစစ်စစ်တွေကို ဆာတိုင်း
ဘာများကိုယ့်အတွက် အဟာရ ရှိသလဲကွယ်
နောက်ဆုံးတော့ ကဗျာတွေ တပုဒ်ပြီးတပုဒ် ငါ ရနေမိတာပါ။
 
jasmine


နွေးထွေးတဲ့ ကဗျာချစ်သူ

7
| Thursday, May 1, 2014
အဓိပ္ပါယ်ရှိရှိ နေဖို့အတွက်
ရင်ဘတ်ထဲမှာ သပွတ်အူလို အမှိုက်များ
ရှိမနေသင့်တာ သိပေမဲ့လဲ
သူတပါးခိုက်အောင် ရေလိုက်ငါးလိုက်
အကြိုက်ဆောင် မနေတတ်ခဲ့တာ
ငါ့ အမှား ။
 
မြင်တွေ့ရတဲ့အရာတွေထဲ
ငါရော မင်းပါ တခြားသူအပါအ၀င်
မှောက်ကျနေတဲ့  အဌား   သိက္ခာ   တွေအများဆုံးပေါ့
ပြုံးပြနေလဲ အဆုံးတော့
နောက်ကျောကိုဒါးထိုးခံလိုက်ရတယ်
အလင်းရောင်မဲ့နေတဲ့အရပ်မှာ
ရောင်စဉ်ရှာဖွေနေတဲ့သူက
ငါကိုယ်တိုင်ပဲ ။
 
မျော်လင့်ခြင်းပါင်းများစွာအတွက်
ဖြတ်သန်းနေရတဲ့ လမ်းကြမ်းကြမ်းကြီးတွေ
စီးထားတဲ့ ကိုယ်ပိုင်ဖိနပ်လေး
ပါးလုလု ။
 
တမ်းတချင်း လွမ်းရချင်းတွေကို သွေးမျက်ရည်ဖုန်းပြီကွယ်
ဟိုးအဝေးကို လှမ်းကြည့်မိတော့ သံစဉ်ပျက်ကို
အက်ကွဲတဲ့ ဂီတာ နဲ့ တီးနေရသလို
ကာရံ မပါတဲ့ ကဗျာတွေ အတွက်
နောင်တ တွေ မျိုချ သောက်သုံးရင်း  >>>>>>>>>>>>>>>>>
 နိုင်ငံရေးကိုလဲ အရေခြုံမထား
ဘာသာရေးကိုလဲ  အရေခြုံမထား
လူမျိုးရေးကိုလဲ  အရေခြုံမထား
အပြုံးတုတွေကိုလဲ အရေခြုံမထားပဲ
ဖြူစင်သူတွေရဲ့
မြတ်နိုးတွယ်တာစရာ ကောင်းတဲ့ ခင်မင်မှုတွေကိုငုံပြီး
နွေးထွေးတဲ့ နှလုံးသားလေးကို ထွေးပိုက်ထားတဲ့
ကဗျာချစ်သူ တယောက်မျှသာ ။    
 
jasmine 



နတ္ထိ

7
| Friday, April 11, 2014
သေသေသပ်သပ် မရှိတဲ့
အပြုံးတွေ သုံးပြီး တဦးတယောက်က
နုတ်ဆက်ခြင်းကို တကယ်ပဲ မလိုလားခဲ့ဘူး။ ။

ပိပိရိရိ ရှိတဲ့ အကြည်လေးတချက်ပဲဖြစ်ဖြစ်
ရုတ်တရက် ရလိုက်တာကိုပဲ
ကျေနပ်နေရသူပါ ။

လျှောက်နေတဲ့ လမ်းတိုင်း
ပန်းခင်းတဲ့လမ်း မဟုတ်ခဲ့ပါလဲ
အပြုံးမပျက် အမုန်းမဖက်
ရွှင်ရွှင်ပြပြ ဘ၀င်ကျကျ နေတတ်ခဲ့တယ် ။

နှလုံးသားကိုဖွင့်
အပြုံးတံခါးကိုဖွင့်
ရှိသမျှ ပုံအော သွန်ချ
အကုန်ကျဆုံးတော့မှ ငါ
ကဗျာတပုဒ် ရလိုက်တယ် ။

အဝေးဆုံးတနေရာကို ရောက်နေတဲ့
ဟောင်းသွားပြီးတဲ့ အိပ်မက် တချို့
အပြာရင့်ရင့် ဖြစ်သွားခဲ့တဲ့ မျော်လင့်ချက်သေးသေးလေးအတွက်
ဝမ်းနဲခြင်းတွေ ရေလှိုင်းအလား ၀င်ရောက်လာခဲ့ပြီ ။

ပျော်ရွှင်မှုအသေးစားလေးအတွက်
အပင်ပျိုးနေတုန်း
သောကဆိုတဲ့ မုန်တိုင်း အသော့နှင်လာခဲ့ပြီ
အဓိပ္ပါယ်ရှိရှိ နေဖို့အတွက်
ရင်ဘတ်ထဲမှာ သဗွတ်အူလို အမှိုက်များ
ရှိမနေသင့်တာ သိပေမဲ့လဲ
သူတပါးခိုက်အောင် ရေလိုက်ငါးလိုက်
အကြိုက်ဆောင် မနေတတ်ခဲ့တာ
ငါ့ အမှား ။
 
အိမ်မက်ထဲကနေ
အရာများစွာကိုဖမ်းဆုပ်ကိုင်နိုင်ခဲ့ပြီး
မိုးလင်းရောက်တော့ လက်ထဲမှာ
ဗလာ  နတ္ထိ- ဘာမှ တကယ်မရှိတာ သိလိုက်ရတယ် ။
 
 
jasmine
 
 


***ပိတောက်ပန်း*** (ဇော်ဂျီ)

4
| Sunday, April 6, 2014
ဇော်ဂျီ
 
ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။


ဇော်ဂျီ 
 
ကျွန်မ ကျောင်းသူဘ၀ကဒီကဗျာလေးကိုရင်းနှီးခဲ့တာပါ
ရင်းနှီးမှုနဲ့အတူ...ဘယ်တော့အခါမှရိုးမသွားတဲ့
ကျွန်မရင်ထဲက ကဗျာတစ်ပိုဒ်ပါပဲ...
စာဖတ်သူများလဲဒီကဗျာကိုသိကြမှာပါ..
မေ့လဲမေ့နိုင်ပါတယ်...ဒါကြောင့်
အားလုံးအတွက်ပြန်လည်ခံစားရအောင်ဖော်ပြပေးတာပါရှင်။
 
Jasmine


ရင်ဆိုင်မယ်

4
| Sunday, March 30, 2014
အချစ်လဲ မငတ် ခဲ့ဖူးသလို
မချစ်တတ်တဲ့ မိန်းမတွေထဲ ကျွန်မ
မပါဝင်ခဲ့ပါ
ချစ်ခဲ့တာကိုလဲ
မြင်သာအောင် မပြ တတ်ခဲ့သူပါ
မပြုံးချင် ပြုံးချင်
လုပ်ကြံမှုပါဝင်နေတဲ့ အပြုံးလဲ
ကျွန်မ ပြုံးလို့မရခဲ့သူပါ။
 
ရေနစ်ဖူးတဲ့အချိန်မှာတော့
ကူထိုးတဲ့ ၀ါးတွေ အများကြီးကြုံခဲ့ရတယ်
ကိုယ်ရှာတဲ့ ကောက်ရိုးတမျှင်တော့
ကိုယ် ဆုတ်ကိုင်နိုင်ခဲ့တယ်
ဘ၀ရဲ့ ကံဆိုးလှတဲ့
လမိုက်ညတွေ
ဆူးခင်းလမ်းတွေမှာ
သိက္ခာတွေကိုမြေမြုပ်ပြီး
လက်ဝါး မဖြန့် ခဲ့ဖူးပါ
ကျွန်မ တကောင်ထဲ
ဒါပေမယ့်  ခြင်္သေ့မဟုတ်ပါ။
 
စိတ်မချမ်းမြေ့စရာ ခရီးရှည်နှေတော့
တခါတရံ သူနဲ့ပဲ အကျွမ်းဝင်သလိုလေးဖြစ်မိပါရဲ့ကွယ်
အော်,,,,,,, သူတို့ခေတ် သူတို့စနစ်ပဲလေ
ကိုယ်က လူသစ်
အပစ် ရှာလဲ ခံရမှာမို့
စိတ်မှာလေ ဘ၀င်မကျ
ဂွင်မကျလဲ ကိုယ့်ချစ်သူအရိပ် ကိုယ်ခို
ချစ်သူလက်ကိုတွဲ
လာစမ်းဟဲ့ အနာဂတ်
ရဲရဲကြီး ရင်ဆိုင်လိုက်ကြစို့နော်။
 
jasmine
 
 

မြင်ကွင်း ၂

8
| Saturday, March 15, 2014
ကျိန်စာတိုက်ခံထားရတဲ့
ကံဆိုးမှု အခိုက်အတန့်လေးမှာ
မနာလိုသူရဲ့  ထိုးနှက်မှုတွေနဲ့
အမြဲ ကြုံနေရပြီကွယ်
 
ခြောက်ပြစ်ကင်းပြီး
သဲစင်တဲ့ သူတွေမရှိခဲ့ဘူးထင်ပါတယ်
ကျွန်မ ခြောက်ပြစ်မကင်းခဲ့ပါ
သဲတော့ စင်ခဲ့ပါတယ်
 
ကီးပျက်လို့ အတီးရခက်နေတဲ့
ဂီတာ တလက် ကျွန်မမှာ ရှိနေတယ်
ကြယ်ကြွေညကိုလဲ ထိုင်စောင့်နေခဲ့တယ်
ကြွေတဲ့ ကြယ်ကိုကြည့်ပြီးဆုတောင်းချင်လို့
အေးအတူ ပူမမျှတဲ့ အချိန်ကို
ခံစားနေရတယ်
တူတူစားဖို့ အင်အားတောင့်ပြီး
တူတူစိုက်မည့်သူ မရှိခဲ့ပါ ရိတ်သိမ်းဖို့ စောင့်နေသူတချို့
တခါတရံ တွေ့နေရဆဲ
 
မျက်စိ မဆန့်အောင် မြင်နေရတယ်
နားနဲ့ မဆန့်အောင် ကြားနေရတယ်
တချို့သိက္ခာ ပျက်မှုတွေ
တချို့ သီလ ပျက်မှုတွေ
တချို့  ရမ္မက် ကြောင့် ရတက် မအေးရသူတွေ
ကိုယ်တိုင်ပြန်မေးမိလိုက်တယ်
ကျွန်မ ဘာတွေပျက်နေပြီလဲလို့။
 
jasmine
 
 

ဖမ်းစားချင်းခံနေရတဲ့ ခံစားချက်

8
| Friday, March 7, 2014
မိုးရာသီ မရှိလို့ မိုးခေါင်တာလဲမရှိပါဘူး
မျက်နှာပြောင်သမားတွေကတော့
မြင်ကွင်းထဲမှာ အပြည့်ပဲ
တရံ တခါ  မိုးလေးတော့ရွာသား
မိုးညိုတာလဲ မရှိဘူးလေ
ကျွန်မမျက်ရည်ကတော့
မကြာခဏ စိုလို့ပေါ့

လူတိုင်းကိုယ်စီတော့
အတိတ်ဆိုး-အတိတ်ကောင်း အနည်းနဲ့ အများလက်ခံကြရတယ်
ဆိုးတဲ့အရာကို ကိုယ့်ရင်ဘတ်ထဲ အရိပ်အဖြစ်
မိုးထားနေခဲ့မယ်ဆိုရင်တော့
ပြုံးဖို့ခက်ရော့မယ်ကွယ်

တခါတလေတော့လဲ
ကျွန်မက သိသိသာသာ
နောက်ကိုတစ်လှမ်းဆုတ်လိုက်တယ်
တချို့ကတော့ သူတို့ခြေလှမ်းကို 'တန့်' စေခဲ့တယ်
တချို့ကတော့ သိသိသာသာ 'တိုး' လာခဲ့တယ်
 
တချို့က မာန်တွေတက်
တချို့က မထိမခံ
ကိုယ်ပြိုင် သူပြိုင်
ချဲနေကြသူများလဲ
မြင်ကွင်းထဲမှာ................
 
ဘ၀ခရီးတွေ ဝေးလွန်းလှတယ်
မိဘ အိမ်နဲ့လဲ မနီးကြဘူးကွယ်
ပန်းတွေကလဲ
ဝေတဲ့ပန်းက ဝေ
ကြွေတဲ့ပန်းက ကြွေ
လူတွေလဲ
ပျော်တဲ့သူနဲ့ ၀မ်းနည်းကြေကွဲတဲ့လူ
အောင်မြင်သူနဲ့ ကျရှုံးသူကြားထဲ
အင်မတန် အထီးကျန် ဆန်တဲ့
ပတ်ဝန်းကျင်
မလှမပနဲ့ စိတ်ဓာတ်တွေကို  အကျည်းတန်နေတဲ့
မြင်ကွင်းတချို့
ပေါင်းစပ်မိသွားတယ်
ဂဃနဏ လေးတွေးလိုက်မိတဲ့အခါ
ဘာကိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး
ရွှေ ဗလာ - ငွေ ဗလာ -
လက်ရှိအနေ အထား အားလုံးသောအရာ
ဗလာ
  ခြသေ့င်္ မင်း
လူမသိ သူမသိ တောကောင်မသိတဲ့အခါ
ကွယ်ရာကနေ မြက်စားနေမလားလို့
ရိုးရိုးလေးတွေးမိတာပါ။
 
jasmine
 
 
 

ရင်ဘတ်ကြီးနဲ့ ရေးတဲ့ ကဗျာ

17
| Saturday, March 1, 2014
ငါ့ ရင်ဘတ်တခုထဲ
ကုဋေကုဋာ ဝေဒနာတွေ
လာပြီးစုအောင်းနေတာ
ငါ နားလည်စွာနဲ့ ခွင့်လွတ်လျှက်ပါ ။
 
ညဉ့်နက်နက် ရင်ခွင်အောက်က
ချစ်ရသူရဲ့ ပဲ့တင်ထပ်နေတဲ့
အသက်ရှုသံ ခပ်မျှင်းမျှင်းလေး
ပြန်ကောက်လို့မရအောင်ကို ကြေမွသွားခဲ့တာလားကွယ်။
 
လေးရာသီရှိနေတဲ့ အရပ်ဒေသတခု
ရာသီတွေရဲ့ လျှိုဝှက်ချက်တွေက
ချစ်ရသူ သူ့ အတိုင်းပါပဲ
အသီးမတင်တဲ့ အပင် ထွားကျိုင်းသတဲ့လေ။
 
ညအချိန်ရောက်လို့
အမှောင်ဖြစ်တာလား
အမှောင်ရောက်လာလို့ ညဖြစ်တာလားတဲ့
ငါ နေတဲ့ အရပ် ည ၁၀ နာရီမှ နေ၀င်တယ်ချစ်သူ။
(နွေရာသီကာလ)
တဖြေးဖြေးနဲ့ လျောဆင်းလာတဲ့
ချစ်သူရဲ့ သမုဒယ
ပြန်ပြီး ယုယ ဖို့ အင်အားက  နတ္ထိ။
 
သိက္ခာတွေ ချရောင်းရတဲ့ သူတချို့
ယာမကာထဲ အသည်းစိမ်တဲ့ လူတချို့
အပျော်သန့်သန့်မဟုတ်ပါပဲ
ရမ္မက်နဲ့ရောပြီးပျော်တတ်တဲ့ လူတချို့
ဝမ်းတထွာ စားစရာအတွက်ဆိုပြီး
သိက္ခာ တွေချရောင်းနေတဲ့ လူ တချို့
များလှစွာသော လူအထွေထွေကြားထဲ
ချစ်သူ မင်းရဲ့ မရှိမာန ခိုင်မြဲပါစေ
တည်တန့်ပါစေ။
 
မိုးလေ၀သတွေ တူညီပြီး
ကမ္ဘာကြီး တခုလုံး အုံ့ မှိုင်း နေခဲ့ရင်တောင်မှ
ငါ့ ရဲ့ တွယ်တာမိတဲ့စိတ်က ချစ်သူအတွက်
တုံ့ ဆိုင်းနေမည်မထင်ပါ။
 
မဟာ မဆန်တဲ့ ကျွန်မရဲ့ ကဗျာ
ကာရံ မပါတဲ့ ကျွန်မရဲ့ ကဗျာ
ဒါပေမဲ့လည်း ချစ်ရသူအတွက်
ရင်ဘတ်ကြီးနဲ့ ခံစားပြီးရေးထားတာပါ။
 
jasmine
 
 
 
 
 
 
 

စဉ်းစားပြီးမှရယ်ပါ

9
| Thursday, February 20, 2014


(မေတ္တာရှင်)

သူငယ်ချင်းနှစ်ယောက် အချစ်အကြောင်းဆွေးနွေး နေကြသည်၊ တစ်ယောက်က ပြောသည်။
"အိမ်ထောင်ကျပြီးသည့်နောက်မှာ လူဟာ သိသိသာသာ ကြီးပြောင်းလဲသွားတတ်ပါကလား၊
ကြည့်လေ လက်မထပ်ခင်တုန်းကဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးမှန်သမျှကို ငါလိုချင်တပ်မက်တဲ့စိတ်
ရှိခဲ့တယ်"
"အခုကော"
"တစ်ယောက်လျော့သွားတယ်"



(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"



(မှာတဲ့အတိုင်းလုပ်မှပေါ့)

စိတ်မနှံ့သော သားအဖ စားပွဲတွင်ထိုင်နေကြသည်၊ အဖေ ကပြောသည်။
"ရော့ ပိုက်ဆံယူသွား ဒီပိုက်ဆံနဲ့ ပေါင်မုန့် နဲ့ နွားနို့ ၀ယ်ခဲ့ ၊သေသေချာချာမှတ်၊ ပစ္စည်းနှစ်ခု ၀ယ်ဖို့ ငါမှာတယ်၊
မမှားစေနဲ့၊ ပစ္စည်းနှစ်ခုနော်"
မကြာမီ      သားဖြစ်သူသည် သွားပွတ်တံ ကိုင်ပြီး ပြန်လာသည်၊ အဖေ ကစိတ်ပျက် လက်ပျက်ပြောသည်။
"မင်းဦးနှောက်အင်မတန်ချောင်တဲ့ကောင်ပါလားကွဟေ၊ မင်းကိုငါ ဘာမှာခဲ့သလဲ၊ ပစ္စည်း နှစ်ခုဝယ်ဖို့ ငါမှာခဲ့တယ်၊
အခု မင်းဝယ်လာတာ သွားပွတ်တံ တစ်ချောင်းထဲ၊ ဘယ်မှာလဲ သွားတိုက်ဆေး"



(စံပြမိန်းမ)

"ရုပ်ချောသဘောကောင်းရုံမကဘူး အင်မတန်လည်း ဥာဏ်ကောင်းတဲ့ အမျိုးသမီးကို မင်းလက်ထပ်လိုက်တယ်ဆို"
"မင်းကိုဘယ်သူပြောလဲ"
"မင်းယူလိုက်တဲ့ မိန်းမ"



(ခဏမေ့ထားလိုက်)

တရားသူကြီးက သက်သေကိုပြောသည်၊
"ခင်းဗျားဟာ နိုင်ငံတော်စာရင်းအင်းဌာနမှာ လုပ်တယ်ဆိုတာကို ခဏ မေ့ထား လိုက်ပြီး၊
ရုံးတော်ကို အမှန်အတိုင်း ထွက်ဆိုစေချင်တယ်"


(ဟန်ဆောင်မှု)
ပီတာကသူညီမလေးကိုပြောသည်။
"မသီတာ၊ တိတ်တိတ်လေးနေစမ်း၊ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေတယ် ထင်တယ်"
"ကိုကို ဘယ်လိုလုပ်သိလဲ"
"မေမေ က ဖေ့ဖေ့ကို ''ဒါလင်' လို့ခေါ်လိုက်တာ ငါကြားရလို့"



(ပိုရနိုင်တယ်)
"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
 "ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"



(ကိုယ့်ကိစ္စကိုယ်ရှင်း)


တယ်လီဖုန်းသံ မြည်လာသည်၊ အိမ်ရှင်ယောက်ျားက
တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ၊ ခင်းဗျားရဲ့ ယောက္မကြီး ကျွန်တော်မွေးထားတဲ့ မိကျောင်း ကန်ထဲ ကျသွားတယ်ဗျ"
"မိကျောင်း က ခင်ဗျားမွေးထားတဲ့ မိကျောင်းပဲ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး၊
ကိုယ့်မိကျောင်း ကိုယ်ကယ်ပေါ့ဗျ"




(ပုံပြင်)


အန်တီမြ သည် သမက်ဖြစ်သူ ကိုဘမောင်ကို နားမလည်ဟန်ဖြင့်မေးသည်။
"မောင်ဘမောင်၊ ငါ့မြေးကို မင်းညတိုင်း ပုံပြောပြီး သိပ်တယ်၊
မင်းပြောတဲ့ ပုံပြင်တိုင်း "သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ် ပြီးတော့ အသက်ထက်ဆုံး
ပျော်ရွှင်စွာ နေထိုင်သွားကြတယ်၊ ဒါကလဲ ဇနီးဖြစ်သူဟာ
မိဘမဲ့ ဖြစ်လို့ပါကွယ်" နဲ့ချည်း အဆုံးသတ်နေတယ်၊
ဘာကြောင့်လဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါ"
 

ဖတ်ခဲ့ဖူးသော (မောင်ကောင်းထိုက်)ဟာသပဒေသာ ကိုခံစားဖော်ပြပါသည်။
(ရယ်သောသူအသက်ရှည်ပြီးနုပျို၏)
စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့ jasmine
ဟာသအဟောင်းလေးပါ.....

သူငယ်ချင်း အတွက်

10
| Friday, February 7, 2014
မုန်တိုင်းတခု
ဝင်ရောက်မွှေနှောက်ပြီဆိုရင်ဖြင့်
ဘာကိုမှ နဂိုတိုင်းပြန်မရပါ ။

ကိုယ့်မျက်လုံး တခါတရံ
အာရုံစိုက်ရပါများလို့ပြူးကျယ်လာခဲ့ပြီ ။

ခြေသံတွေကိုလဲ
ကြောက်နေမိပြန်တယ်
သူ့အပြုအမူကိုလဲ စိုးထိန့်မှုတွေနဲ့
နေလာခဲ့ရတယ် ။

ကိုယ့် စကား  ကိုယ့်အပြုအမူကြောင့်
သူတပါးကိုထိခိုက်မှု မဖြစ်စေလိုပါလဲ
သူငယ်ချင်း----အပြုအမူ အနေအထိုင်ကြောင့်
လူအများ စိတ်ဒဏ်ရာရနေခဲ့တာ
သူငယ်ချင်း---သိပါရဲ့လား?

ပညာကြောင့်မာန်မတက်သင့်သလို
တဇောင့်ကန်းနဲ တဇွတ့်ထိုး ပြုမူရမည့်အရွယ်လဲမဟုတ်တော့ပါ
စဉ်းစားဖို့တွေးတောဖို့ အချိန်မပေးတော့ပဲ
ကိုယ်က
ဦးအောင်စိတ်ဆိုးပြနေတာ မကောင်းဘူးနော် ။

ခံစားရတာများတော့လဲ
နာကြင်လာရပြီကွယ်
သေချာစဉ်းစား အဖြစ်အပျက်များ
အမြင်မတော်တာတွေ ပြောကြည့်ဖို့စိတ်ကူး
ရူးတာပဲ အဖတ်တင် ။

သူငယ်ချင်း ကိုတွေ့တိုင်း ကိုယ့်အပြုံးတွေငိုနေတာ
သိပါရဲ့လားကွယ် ။

ဂုဏ်မောက်ပြီး ဘုံဖျားရောက်နေတဲ့
မသိစိတ်တွေ ထိန်းပါသိမ်းပါ
အချိန်ရှိပါသေးတယ် ။

ရုန်းကန်မှုများစွာနဲ့
အောင်မြင်လာတဲ့ ဘ၀လေးအတွက်
အတ္တ တွေမလွန်ပါနဲ့ကွယ်
နတ္တိ ဖြစ်နေတဲ့ အကြင်နာ ရင်ထဲထားပေးပါ
မုန်းစရာကောင်းတဲ့ စကားတွေ
သူငယ်ချင်းနဲ့ လူအများကြား ကိုယ်တကယ်မကြားချင်သူပါ
မဟုတ်တရုတ်နဲ့ လုပ်ဇာတ်တွေ မခင်းခဲ့ဖူးပါ
အတင်းအဖျင်းနဲ့
မကောင်းသတင်းတွေ
ပုတ်ခတ်မှုမရှိခဲ့တာ အသေအချာပါ
သူငယ်ချင်းရေ
အမှန်တရားတွေ အရာရောက်ပါစေ
ဥပေက္ခာစိတ်တွေ ရုတ်သိမ်းလိုက်ပါတော့
အမြင်စောင်းပြီး ခါးနေတဲ့
မေတ္တာ ပြန်လည်
ချိုမြိန်ပြီး သူငယ်ချင်းမိသားစုနဲ့ ပျော်ရွှင်ပါစေလို့ ။
 
(ရေးသားခဲ့တာ ကြာခဲ့ပြီး ခုမှတင်ဖြစ်တာပါ)
 
jasmine
 
 
 
 
 
 
 
 
 
 
 
 
 
 
 




အလွမ်း တချို့

13
| Sunday, January 19, 2014
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
အချစ်တို့နေ၀င်ချိန်ရောက်ပြီတဲ့လေ
ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
စိမ်ကားတဲ့ကြယ်တွေလဲနေရာအနှံ့ပြန့်ကာကြဲနေတယ်
 
ရုတ်တရက်တွေးမိလိုက်ပြီ
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
 
အခါခါဖြန့်ကြည့်မိတယ်
တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ-----------------------။
 
jasmine

ရင်ထိအောင်လွမ်း

9
| Monday, December 23, 2013
ဥတုရဲ့ ဒါဏ်ကြောင့်
ကျွန်မချစ်တဲ့သစ်ပင်လေးတွေ
အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ်
တခါက ထားတဲ့ဖူးတဲ့
အချစ် စစ်စစ်အတွက်
အလွမ်း ရိုင်းရိုင်းတွေ
ရင်ဘတ်ထဲ ခုန်ဝင်လာခဲ့ပြီ
 
ရှောင်လို့မရတဲ့အဆုံး
သစ်ရွက်လေးတွေကို နင်းခြေခဲ့ရပြီ
ရင်ဘတ်ထဲက အလွမ်းကိုလဲ
နင်းခြေလို့ ရခဲ့ရင် ?
 
တဦးယောက်က စွန့်ပြစ်သွားလို့
တယောက်ထဲ ကျန်နေတဲ့အချိန်
ခပ်စောစော နေ၀င် မိုးချုပ်တဲ့ ကာလမှာ
လရောင်ကိုလွမ်းတတ်တဲ့ စိတ်လေးကိန်းအောင်းလာခဲ့ပြီ
 
အချစ်က သူအတွက်နူပျိုစေပြီ
ကိုယ့်အတွက် အိုမင်းစေခဲ့ပြီလားကွယ်
 
အဆိပ်သင့်စေတဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ သိမ်းထားခဲ့မိပြီ
နွေးနွေးထွေးထွေးမရှိခဲ့တဲ့အပြင်
သူက ဦးအောင်ထွက်ပြေးသွားခဲ့တယ်
 
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
 
jasmine
 

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine