Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တိတ္တခုိး

| Monday, October 1, 2012
တိတ်တခိုးနဲ့ ကြိတ်ပိုးတဲ့ငါ
အချစ်တွေလဲ တိုးပြီးရင်းတိုးလာ
မိန်းခလေးရယ် 
မင်းလေးမသိသလိုပါပဲလား

စကားလေးတစ်ခွန်းပြောပြချင်မိတယ်
ချစ်မိနေတဲ့ ရင်တွင်းက တိတ်တခိုး
အချစ်မျိုးအတွက်
မိန်းကလေးရဲ့ အသဲနှလုံးထဲ
အခန်းသေးလေး တနေရာရခဲ့ရင်
ငါ့ ဘ၀ပြည့်စုံနေမှာပါ
မင်းပြောပြတဲ့ 
မင်းချစ်သူအကြောင်းလဲ
နာနေတဲ့ ရင်ဘတ်ကို အသာဖြေပြီး
ငါ နားထောင်ပေးခဲ့ပါတယ်
အချစ် လတ်လတ် ဆတ်ဆတ်တွေကိုလဲ
ငါ ရေသေအိုင်ထဲ ထည့်ထားလိုက်တယ်
အိပ်မက်ထဲမှာတော့
တို့နှစ်ယောက် 
ချစ်ခြင်းတွေကို ခူးခပ်လို့
တမျော်တခေါ် အနာဂတ်ကို
လှမ်းကြည့်နေမိတယ်
လက်တွေ့ဘ၀မှာတော့
အထီးကျန်တဲ့ ပင်လယ်ထဲ
အရိုးများရင့်တဲ့ထိ
ငါ ကူးခပ်နေလေရဲ့မိန်းကလေးရယ် ။

ခင်မင်ရပါတဲ့ သူငယ်ချင်းတစ်ယောက်အတွက်
ရေးထားတဲ့ ကဗျာလေး
သူငယ်ချင်းရေ  
ဒီကဗျာလေးဖတ်မိရင်ကျေနပ်နိုင်ပါစေလို့
jasmine

26 comments:

{ လေပြေချို } at: October 1, 2012 at 5:41 AM said...

မရေ.. ဘူ့တွက်လဲဟင်.. ကဗျာလေးက ကောင်းတယ်သိလား ညလေးကိုလည်း တစ်ပုဒ်လောက်ရေးပေးပါလား.. အားပေးသွားတယ်နော်..
ခင်တဲ့
လေပြေ

{ ညီလင်းနိုင် } at: October 1, 2012 at 5:47 AM said...

ကဗျာကောင်းလေးကို

ဦးဦးဖျားဖျား ခံစားခဲ့တယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ Jasmine ရေ..... ။

{ AH } at: October 1, 2012 at 5:58 AM said...

Font ပြောင်းသွားတော့ အတော်လေး အလုပ်ရှုပ်သွား၏။ မဂျက်စ် ကဗျာတွေကတော့ လတ်ဆတ်သည်။

{ Thamee Su } at: October 1, 2012 at 6:23 AM said...

ကဗျာလေးကို ခံစားသွားပါတယ် ဂျက်ရေ

{ Thamee Su } at: October 1, 2012 at 6:24 AM said...

ကဗျာလေးခံစားသွားပါတယ် ဂျက်ရေ

{ kiim } at: October 1, 2012 at 7:22 AM said...

တိတ်တခိုးချစ်ရတဲ့ သူရဲ့ ရင်ထဲက
စကားသံလေးတွေကို လာနားထောင်သွားပါတယ်အမရေ..
အရမ်းကောင်းစ်၏း)

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: October 1, 2012 at 7:55 AM said...

ချစ်ခြင်းတွေကို ခူးခပ်လို့
တမျော်တခေါ် အနာဂတ်ကို
လှမ်းကြည့်နေမိတယ်
လက်တွေ့ဘ၀မှာတော့
အထီးကျန်တဲ့ ပင်လယ်ထဲ

စာသားလေးတွေကနူးညံ့လိုက်တာအမ၇ာ
ခင်မင်တဲ့

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: October 1, 2012 at 7:57 AM said...

ချစ်ခြင်းတွေကို ခူးခပ်လို့
တမျော်တခေါ် အနာဂတ်ကို
လှမ်းကြည့်နေမိတယ်
လက်တွေ့ဘ၀မှာတော့
အထီးကျန်တဲ့ ပင်လယ်ထဲ

စာသားလေးတွေနူးညံ့လိုက်တာ
ခင်မင်တဲ့

{ တောက်ပကြယ်စင် } at: October 1, 2012 at 9:35 AM said...

ဟားရှားပါး ကဗျာလေး ကောင်းတယ် စပါတယ်ရေ။...
ခင်မင်တဲ့

{ Phyu Lwin } at: October 1, 2012 at 9:55 AM said...

မင်းပြောပြတဲ့
မင်းချစ်သူအကြောင်းလဲ
နာနေတဲ့ ရင်ဘတ်ကို အသာဖြေပြီး
ငါ နားထောင်ပေးခဲ့ပါတယ် ....
အဲလိုသူမျိုး ရှိနိုင်မလားဟင် :))

{ ချစ်စံအိမ် } at: October 1, 2012 at 5:40 PM said...

တို့မမကဗျာဆိုကြိုက်ကြိုက်

Anonymous at: October 1, 2012 at 7:19 PM said...

ဟိုက်ရှားးဘားး မမက ဒီလိုလဲဖစ်တာပဲနော တော်တာ အရမ်းကောင်းတဲ့ကဗျာလေးပါ မမ

~ Kk ~

{ အိပ်မက်ကောင်းကင် } at: October 1, 2012 at 8:48 PM said...

မမစံပယ်ရေ သည်ကဗျာလေးက ကျွန်တော့်အတွက်ရေးထားသလားလို့အောက်မေ့ရတယ်
တိုက်ဆိုင်မှုတွေများလို့ထင်ပါရဲ့ ကဗျာလေးကိုခံစားသွားတယ်နော်
တိတ်တခိုးနဲ့ ချစ်နေမိတာကို ကောင်မလေးသိသွားရင်ကောင်းမှာပဲနော် ဟိဟိ
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ မိုးသူ(တောင်ကြီး) } at: October 1, 2012 at 8:59 PM said...

မင်းပြောပြတဲ့
မင်းချစ်သူအကြောင်းလဲ
နာနေတဲ့ ရင်ဘတ်ကို အသာဖြေပြီး
ငါ နားထောင်ပေးခဲ့ပါတယ်

အဲဒီနေရာလေးက ရင်ထဲမှာစို့ သွားတယ်

အဲလိုမျိုးဖြစ်ခဲ့ဖူးတဲ့သူတွေတော်တော်ခံစားရမှာနော်

မဂျီးဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ လရိပ်အိမ် } at: October 1, 2012 at 9:20 PM said...

တိတ်တခိုးနဲ့ အထီးကျန်နေရတဲ့ဘဝပါလား။

{ Yoemyaykya } at: October 1, 2012 at 9:34 PM said...

တိတ်တခိုးလေးနဲ့မင်းအနားကို တိုးတိုးလေးရောက်လာခဲ့တယ်။

{ မြတ်နိုးသူ } at: October 1, 2012 at 10:26 PM said...

ချစ်မိနေတဲ့ ရင်တွင်းက တိတ်တခိုး
အချစ်မျိုးအတွက်
မိန်းကလေးရဲ့ အသဲနှလုံးထဲ
အခန်းသေးလေး တနေရာရခဲ့ရင်
ငါ့ ဘ၀ပြည့်စုံနေမှာပါ
အိုမားရဲ့ကဗျာလေးခံစားသွားတယ်

{ Unknown } at: October 2, 2012 at 3:53 AM said...

တိတ်တခိုးတဲ့လား
စံပယ်လေးရေအားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်

{ ကေပိုး } at: October 2, 2012 at 7:33 AM said...

တိတ်တခိုးတဲ့လား.. ခံစားရတယ်..

{ ကဗျာမလေး } at: October 2, 2012 at 8:15 AM said...

ကဗျာဖတ်ခဲ့တယ်

{ roseayemaung } at: October 2, 2012 at 11:27 AM said...

**အစံပယ်...ဒီလိုလေးရင်ဖွင့်မှသူသိမပဲနော်**ကဗျာလေးခံစားသွားပါတယ်..
နှင်းဆီချစ်တဲ့....စံပယ်...

{ mstint } at: October 3, 2012 at 8:58 AM said...

ကဗျာလေးအတွက်သူငယ်ချင်းလေးကတော့ ကျေနပ်နေမှာ အသေအချာပါ ဂျက်ရေ။ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မောင်ရေခဲ(အဝတ်နီ) } at: October 3, 2012 at 4:54 PM said...

ရေးတတ်လိုက်တာနော်............
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။
.............
နိမိတ်ပုံဆန်ဆန်လေးတင်ပြထားတာ
သဘောကျတယ်

{ အလွမ်းမြို့ } at: October 4, 2012 at 1:42 AM said...

မဂျက်ရေ...
သူငယ်ချင်းအတွက် ကဗျာခံစားရေးပေးတာလေးလာ
ရောက်အားပေးခံစားသွားတယ်။ရေးတတ်သူတွေကို
အမြဲအားပေးဖို့အသင့်ရှိတဲ့သူပါ...



ချစ်တဲ့
အလွမ်း

{ မိုးနတ်ကြယ်စင် } at: October 4, 2012 at 4:55 AM said...

တိတ်တခိုးအချစ်က ဒီလိုပဲနော်...အတော်ကို ရင်မော
ရပါဘိ...ဟိ..ဟိ..ညလေးလဲ အဲလိုတိတ်တခိုးလေး
ချစ်ဖူးတယ်...လူတစ်ယောက်ကိုလေ...:P
ကဗျာလေးကောင်းတယ်မရေ..
ခံစားသွားတယ်နော်..
ခင်မင်နေတဲ့....မိုးနတ်

{ Angelhlaing(May everybody be happy and healthy! } at: October 4, 2012 at 12:40 PM said...

အငှား..အငှား ခဏခဏ ငှားရလို့
ရင်ဘတ်တစ်ခုလုံး စုတ်ပျက်နေလောက်ရောပေါ့...

မမရေ... ခံစားလျှက်...ပါလို့..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine