Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အတွေး သက်သက်

| Thursday, September 27, 2012
အမှောင်ထဲက ဘဝ
စမ်းတ၀ါးဝါးနဲ့ လမ်းတွေများခဲ့လိုက်တာ
လူတွေမသိ သူလဲမသိ
ကိုယ် ကိုကိုယ် အဟုတ်ထင်မိသူပါ

အချစ်တို့ဖြင့် လှပတဲ့ 
ဤကမ္ဘာကြီး
အရာရာ ပျက်သုဉ်းပြီး
အတ္တအမုန်းတွေ 
အပြုံးကြီး ပြုံးနိုင်ခဲ့ပြီ

လှပခဲ့တဲ့ လူတွေရဲ့ စိတ်ထား
သဘောတရားတွေမှားပြီး
ကြီးထွားလာတဲ့
လောဘစိတ်တွေ တားမရဖြစ်ကြပြီ

အနာဂတ်
 ကိုယ်ကျင့်တရားတွေလှဖို့ထက်
ဘ၀လှဖို့အရေး 
သူထက်ငါ အပြေးနဲ့
တရားတွေ အရေးမထား
ဒေါသစိတ်တွေလဲ
တားမရ ထားလိုက်ရတာ
အရပ်ရှစ်မျက်နှာမှာ
အငိုနဲ့ စတဲ့ဘ၀တွေ
ငိုခြင်းနဲ့ ထ
ငိုခြင်းနဲ့ အိပ်
ငိုခြင်းတွေနဲ့ အဆုံးသတ်
အမုန်းတွေ အထပ်ထပ်
ခွါချမရတော့ပြီ

ကင်ဆာ ကျိတ်
တီဘီကျိတ်
 အပူကျိတ်
အမုန်း ကျိတ်
အပြုံး ကျိတ်
 ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။

jasmine

29 comments:

{ မိုးသက် } at: September 27, 2012 at 1:50 PM said...

အဲဒီအကျိတ်အခဲတွေကြောင့် ကျွန်တော့် ဘလော့လေးနာမည်ပြောင်းသွားပီ အစ်မဂျက်.။
အကျိတ်မဖြစ်ပဲ လင့်ခ်ပြောင်းချိတ်ပေးပါဦး.။

{ စံပယ်ချို } at: September 27, 2012 at 2:05 PM said...

ဟုတ်လား.......
ခုပဲပြန်ပြီးပြောင်းလိုက်မယ်နော်

{ ချစ်စံအိမ် } at: September 27, 2012 at 5:01 PM said...

ဒေါသစိတ်တွေလဲ
တားမရ ထားလိုက်ရတာ
အရပ်ရှစ်မျက်နှာမှာ
အငိုနဲ့ စတဲ့ဘ၀တွေ
ငိုခြင်းနဲ့ ထ
ငိုခြင်းနဲ့ အိပ်
ငိုခြင်းတွေနဲ့ အဆုံးသတ်
အမုန်းတွေ အထပ်ထပ်
ခွါချမရတော့ပြီ အဲစာသားလေးကြိုက်တယ်မမ
တကယ်လမင်းကိုညီမတော်မလို့လား ဟီး ကံကောင်းတာပဲ ကဗျာရေးကောင်းတဲ့မမတစ်ယောက်ရတာပေါ့..

{ မိုးသူ(တောင်ကြီး) } at: September 27, 2012 at 6:43 PM said...

နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။


တကယ်ပဲဟုတ်တယ် မဂျက်ရေ

တခါတလေ မိုးသူလဲ လူတွေကိုကြောက်လာတယ်ဗျာ

ခင်တဲ့

မိုးသူ(တောင်ကြီး)

{ mstint } at: September 27, 2012 at 7:21 PM said...

အကျိတ်ဆိုရင် ဘာအကျိတ်မှ မကောင်းဘူး ဂျက်ရေ။ ရင်ထဲကအကျိတ်က အဆိုးဆုံးပေါ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Thamee Su } at: September 27, 2012 at 8:32 PM said...

ကင်ဆာ ကျိတ်
တီဘီကျိတ်
အပူကျိတ်
အမုန်း ကျိတ်
အပြုံး ကျိတ်
ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။ အရမ်းမိုက်တယ် ဂျက်ရေ

{ Thamee Su } at: September 27, 2012 at 8:36 PM said...

ကင်ဆာ ကျိတ်
တီဘီကျိတ်
အပူကျိတ်
အမုန်း ကျိတ်
အပြုံး ကျိတ်
ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။ အရမ်းမိုက်တယ် ဂျက်ရေ

{ Thamee Su } at: September 27, 2012 at 8:38 PM said...

ကင်ဆာ ကျိတ်
တီဘီကျိတ်
အပူကျိတ်
အမုန်း ကျိတ်
အပြုံး ကျိတ်
ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။ အရမ်းမိုက်တယ် ဂျက်ရေ

{ မြတ်နိုးသူ } at: September 27, 2012 at 10:05 PM said...

အမှောင်ထဲက ဘဝ
စမ်းတ၀ါးဝါးနဲ့ လမ်းတွေများခဲ့လိုက်တာ
လူတွေမသိ သူလဲမသိ
ကိုယ် ကိုကိုယ် အဟုတ်ထင်မိသူပါ

အချစ်တို့ဖြင့် လှပတဲ့
ဤကမ္ဘာကြီး
အရာရာ ပျက်သုဉ်းပြီး
အတ္တအမုန်းတွေ
အပြုံးကြီး ပြုံးနိုင်ခဲ့ပြီ
လူတွေမသိသူလဲမသိတဲ့အချိန်
အိုမားရဲ့ကဗျာလေးကို
လာရောက်ခံစားသွားပါတယ်

{ အိပ်မက်ကောင်းကင် } at: September 27, 2012 at 10:17 PM said...

တစ်ခါတစ်လေ ကျတော့ ကျွန်တော်ကိုယ်တိုင်လည်း
လူသားတွေကို ကြောက်မိသားဗျ
ကဗျာလေးကလည်း ခံစားမှု တစ်ခုခု ကိုဖော်ကျူးနေသလိုပဲနော် မဂျီးဂျက်

{ Unknown } at: September 27, 2012 at 10:25 PM said...

ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ။
စပယ်လေးရေအတွေးသက်သက်ကဗျာလေး
အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ Unknown } at: September 27, 2012 at 10:29 PM said...

အရပ်ရှစ်မျက်နှာမှာ
အငိုနဲ့ စတဲ့ဘ၀တွေ
ငိုခြင်းနဲ့ ထ
ငိုခြင်းနဲ့ အိပ်
ငိုခြင်းတွေနဲ့ အဆုံးသတ်
အမုန်းတွေ အထပ်ထပ်။
စပယ်လေးကဗျာလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

{ မဒမ်ကိုး } at: September 27, 2012 at 10:31 PM said...

အကြိတ်ဆိုဘာမှမကောင်းတာဘဲမမရေး))

ချစ်တဲ့ဂျာရစ်

{ မောင်သီဟ } at: September 27, 2012 at 10:50 PM said...

လူလူချင်း ပိုကြောက်စရာကောင်းတာအမှန်ပါ့

{ Yoemyaykya } at: September 27, 2012 at 10:58 PM said...

ဟုတ်တယ်နှလုံးသားမှာအကျိတ်အခဲဖြစ်လာတာ လူထဲကလူသားတွေကြောင့်မမရေ။

{ လေပြေချို } at: September 27, 2012 at 11:23 PM said...

လှပခဲ့တဲ့ လူတွေရဲ့ စိတ်ထား
သဘောတရားတွေမှားပြီး
ကြီးထွားလာတဲ့
လောဘစိတ်တွေ တားမရဖြစ်ကြပြီ..။
လှပတဲ့စိတ်ထား သဘောထားတွေမမှားပဲ ထာဝရအတွက်သာဆို ကမ္ဘာကြီးလဲ လှပငြိမ်းချမ်းနေမှာပဲနော်.. မမ
အားပေးသွားပါတယ်
ခင်တဲ့
လေပြေ

{ တောက်ပကြယ်စင် } at: September 27, 2012 at 11:42 PM said...

သိပ်မကြာသေးခင် ဖြစ်သွားတဲ့ ပြဿနာပဲကြည့်။ စပါယ်ပြောသလိုပဲ ကြောက်စရာကောင်းတာက လူထဲက လူသားများတွေရယ်...
ခင်မင်တဲ့

{ လရိပ်အိမ် } at: September 28, 2012 at 1:05 AM said...

စာသားလေးတွေမိတယ်။ ရင်ဘတ်ထဲတည့်တည့်ဘဲ ၊ ခိုက်တယ်။

Anonymous at: September 28, 2012 at 1:28 AM said...

လောကထဲက စိတ်လေးတွေကို ပုံဖော်သွားတာ အကုန်လုံးကို ကြိုက်ပါတယ် အမဂျက် ...း)

{ မိုးနတ်ကြယ်စင် } at: September 28, 2012 at 4:32 AM said...

ဒါလေးက တစ်မျိုးလေးပါလား..မ..ဖြစ်ပျက်နေတာ
လေးတွေနဲ့ အတော်ကို တိုက်ဆိုင်တယ်..မ..ကတော့
ဘာပဲရေးရေးကောင်းတယ်ဗျာ....

ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။

အမှန်ပေါ့..ငြင်းစရာကို မရှိပါဘူး...P
ခင်မင်လျက် ညလေးမိုးနတ်

{ blackroze } at: September 28, 2012 at 4:46 AM said...

ဂျက်စ်ရေ
ကဗျာတွေကကောင်းပြီးရင်းကောင်းဘဲနော်

{ နွေတေးရှင် (မင်းဧရာ) } at: September 28, 2012 at 6:26 AM said...

အင်း..............
တောထွက်တော့မယ် ထင်ပါ့း)

ကျုပ်တို့ကိုတော့ သည်အတိုင်းမထားခဲ့ပါနဲ့ ယောက္ခမ ရယ်း)။

{ kiim } at: September 28, 2012 at 7:18 AM said...

လှပခဲ့တဲ့ လူတွေရဲ့ စိတ်ထား
သဘောတရားတွေမှားပြီး
ကြီးထွားလာတဲ့
လောဘစိတ်တွေ တားမရဖြစ်ကြပြီ
မှန်ပေ၏.. လူတွေက တကယ့်ကိုလောဘ
စိတ်တွေ ကြီးထွားလာကြတာ..း)

{ roseayemaung } at: September 29, 2012 at 1:53 AM said...

ကင်ဆာ ကျိတ်
တီဘီကျိတ်
အပူကျိတ်
အမုန်း ကျိတ်
အပြုံး ကျိတ်
ဖြစ်လာသမျှ
အကျိတ် အခဲများ
နှလုံးသားသို့
အမိုက်အမဲများလို အရောက်လာ
ကြောက်စရာ ကောင်းတာက
လူထဲက လူသားများ ။

**အဲလူသားတွေကပဲ...အကျိတ်..အကျိတ်တွေကိုအမှုန့်ချေပေးလိုက်ပါလား**..စာသားလေးအ၇မ်းလန်းတယ်နော်..။။

{ အလွမ်းမြို့ } at: September 29, 2012 at 3:48 PM said...

ကြောက်စရာတောင်းတာက လူထဲက လူသားများ။
အပြည့်အဝ ထောက်ခံ အားပေးသွားပါတယ်။
ထောက်ခံလို့ ဖမ်းမယ်ဆိုလည်း အဖမ်းခံဖို့ အဆင်သင့်
ပါ။P.....လက်စွမ်းကတော့ ထက်ပြီးရင်းထက်။
အားပေးနေမယ်။
ကျန်းမာရေး ဂရုစိုက်။


ချစ်တဲ့
အလွမ်း

{ မောင်ရေခဲ(အဝတ်နီ) } at: September 30, 2012 at 11:34 AM said...

အငိုနဲ့ စတဲ့ဘ၀တွေ
ငိုခြင်းနဲ့ ထ
ငိုခြင်းနဲ့ အိပ်
ငိုခြင်းတွေနဲ့ အဆုံးသတ်
အမုန်းတွေ အထပ်ထပ်...........
...............
နိမိတ်ဆန်ဆန်လေးပဲသဘောကျတယ်
များများရေးနိုင်ပါစေ

{ Phyu Lwin } at: October 1, 2012 at 1:23 AM said...

ကြားမိလား
တည်တည် တန့်တန့်
သံယောဇဉ်တွေနဲ့
ခန့်ခန့် ထည်ထည်
အကြင်နာတွေ
လူသိရှင်ကြား
ပေးပစ်လိုက်တာပါ :))) ကြိုက်တယ်

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: October 1, 2012 at 3:03 AM said...

တရားသဘောတွေနဲ့ အတွေးကဗျာလေး။ ဖတ်ရတာ အကျိုးရှိလိုက်တာ စံပယ်ရေ ..

မြတ် မရောက်တာ ကြာသွားတယ်။ မဖတ်ရသေးတာလေးတွေ ဖတ်လိုက်ဦးမယ်နော်။

ချစ်ခင်စွာနဲ့
မြတ်

{ မိုးခါး } at: October 4, 2012 at 12:31 AM said...

ကိုယ်ကျင့်တရားတွေလှဖို့ထက်
ဘ၀လှဖို့အရေး
သူထက်ငါ အပြေးနဲ့
တရားတွေ အရေးမထား
ဒေါသစိတ်တွေလဲ
တားမရ ထားလိုက်ရတာ
အရပ်ရှစ်မျက်နှာမှာ
အငိုနဲ့ စတဲ့ဘ၀တွေ
ငိုခြင်းနဲ့ ထ
ငိုခြင်းနဲ့ အိပ်
ငိုခြင်းတွေနဲ့ အဆုံးသတ်
အမုန်းတွေ အထပ်ထပ် ....း(
အတွေးနဲ့တင် တော်တော်ကြောက်စရာ ကောင်းလွန်းနေပါပြီ ..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine