Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကဗ်ာတုိ (၈)

| Friday, February 22, 2013
အလွမ်းတွေရင့်လာတိုင်း
ပန်းစံပယ်တွေပွင့်ခဲ့ရင်
တကမ္ဘာလုံး
စံပယ်တွေနဲ့ဖုံးနေလောက်ပါပြီကွယ် ။


jasmine


မအားပါသဖြင့် အပြေးအလွှားလေး တင်ခဲ့ရတာပါ
ဖတ်ရန်ကျန်သေးတဲ့ စာကြွေးတွေ မကြာခင်ဆပ်ပါ့မယ်လို့
အားလုံးရဲ့ jasmine

23 comments:

{ Cameron } at: February 23, 2013 at 2:00 AM said...

ကဗျာကလေးက လေးကြောင်းထဲရယ် ဒါပေမယ့် စံပယ်နံ့လေးမွှေလို့ရယ် ...

{ Cameron } at: February 23, 2013 at 2:03 AM said...

မီးမီးလဲသေချာကြည့်နေတာ လူပါပဲ အရုပ်နဲ့လုံးဝမတူဘူး

{ နွေတေးရှင် (မင်းဧရာ) } at: February 23, 2013 at 2:41 AM said...

တစ်ကမ္ဘာလုံး စံပယ်တွေဖုံးစမ်းစေ့ချင်တယ်ဗျာ
ဒါမှ အေးအေးချမ်းချမ်းရှိမှာ။

{ လရိပ်အိမ် } at: February 23, 2013 at 2:53 AM said...

တကမ္ဘာလုံး မွှေးတာပေါ့ မစံပယ်။

{ ညောင်ညိုရိပ် } at: February 23, 2013 at 3:28 AM said...

အင်း.. စံပယ်တွေ ဖုံးနေရောပေါ့ မစံပယ်..။ ကျန်းမာပါစေဗျာ..။

{ ရင်ခုန်ရသူ } at: February 23, 2013 at 4:17 AM said...

ဒီမှာစံပယ်တစ်ပွင့်
ဟိုမှာတစ်ပွင့်
ဟော--ဟိုးမှာလဲစံပယ်ပွင့်တွေ
ကြည့်စမ်း စံပယ်ပွင့်တွေတိုင်းမှာ
ဂျက်စမင်းတဲ့လား

{ Unknown } at: February 23, 2013 at 5:33 AM said...

တစ်ကမ္ဘာလုံးစပယ်တွေဖုံးလို.မွှေးပျံ.စေသတည်း
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

{ iora } at: February 23, 2013 at 5:34 AM said...

ကိုယ်ငယ်ငယ်တုန်းကဒီလိုကဗျာဆန်ဆန်လေးဖတ်ခဲ့ဘူးတယ်။ မောင်ပန်းမွှေးရေးတာလေ။ သဘောကျလို့ သူ့ ကဗျာစာအုပ်လေးဝယ်ပြီးကူးထားခဲ့လို့ အလွတ်နီးနီးရသလောက်ဘဲ။
သူကတော့ရိုးရိုးပန်းလေးနဲ့ ဘဲဖွဲ့ တာပါ။
စံပယ်တွေနဲ့ မဖုံးစေချင်ပါဘူးဂျက်ရေ။
အလွမ်းတွေနဲ့ မရင့်လာစေချင်လို့ လေ။း)
အိုင်အိုရာ

{ မိုးနတ်ကြယ်စင် } at: February 23, 2013 at 6:16 AM said...

မ ရေ...ညလေးလဲ မအားတဲ့ကြားထဲက
စံပယ်တွေအကြောင်း လာခံစားသွားတယ်နော်...
အားးးးးး မွှေးလိုက်တာ မ ရယ် :)))
စံပယ်တွေကို ညလေးသိပ်ချစ်တာပဲရှင် ....

{ Aunty Tint } at: February 23, 2013 at 8:48 AM said...

ပန်းစံပယ်တွေနဲ့သာ ဖုံးလွှမ်းသွားမယ်ဆိုရင်
စိတ်ကြည်နူးစရာပေါ့ ဂျက်ရေ။
အပြေးအလွှား ကဗျာလေးစပ်သွားပုံကလည်းတော်ပါ့။ တီတင့်ဆိုရင်တော့ အချိန်အတော်ယူရမယ် ဟိဟိ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Angelhlaing(May everybody be happy and healthy! } at: February 23, 2013 at 9:54 AM said...

မွှေးလိုက်တဲ့ ပန်းလေး....<3

{ သဒ္ဓါလှိုင်း } at: February 23, 2013 at 10:21 AM said...

သဒ္ဓါ့ရင်တစ်ခုလုံးလည်း
စံပယ်ရနံ့တွေ အုံ့မိုး မွှေးမြလို့..

ချစ်တဲ့
သဒ္ဓါ

{ မင်းအရိပ် } at: February 23, 2013 at 3:31 PM said...

ကဗျာတိုလေးက တကယ်အတိုလေးပဲ
ဒါပေမယ့် ကာရန်လေးက မိတော့ ဖတ်ရတာ အရသာရှိတယ်

{ မင်းအရိပ် } at: February 23, 2013 at 3:34 PM said...

ကဗျာတိုလေးက တကယ်အတိုလေးပဲဗျ
ဒါပေမယ့် ကာရန်ကမိတော့ ဖတ်ရတာ အရသာရှိတယ်

{ 3rdthameetaw } at: February 23, 2013 at 5:53 PM said...

အဲလောက် အရှည်ကြီးမရေးပါနဲ့
ဂျက်ရာ
လာဖတ်ဖို့ အချိန်မရလို့ ပါ ဖတ် ရတာ
မောလိုက်တာနော်

{ roseayemaung } at: February 23, 2013 at 8:16 PM said...

မစံပယ်ကိုချစ်တဲ့နှင်းဆီလည်း...
လာမွေးသွားပြီနော့

{ witch83 } at: February 23, 2013 at 9:46 PM said...

တိုတိုလေးနဲ့ ထိတဲ့ကဗျာ.. ပန်းစံပယ်တွေကို ချစ်ခင်ပေမဲ့ အလွမ်းတွေတော့ မရင့်ပါရစေနဲ့။ :)))

{ သူကြီးမင်း (တုံးဖလား) } at: February 24, 2013 at 2:09 AM said...

အလွမ်းတွေ ဝေတိုင်း
ပန်းစံပယ်တွေ ကြွေခဲ့ရင်
တမိုးတမြေလုံး
စံပယ်ကြွေတွေ တရုန်းရုန်းပေါ့။

(လွမ်းခြင်းဆွေးခြင်း ဟိုဘက်ကမ်းက သူကြီးမင်း)း)

{ အိမ်မက်စေရာ } at: February 24, 2013 at 12:21 PM said...

မမဂျက်စ်တစ်ယောက်ပျောက်နေပါတယ်လို့..အလုပ်တွေများနေတာကိုး..ကဗျာတိုလေး ဖတ်သွားတယ်..
ပန်းစံပယ်တွေ ပွင့်ချိန်ရှိလဲ
မမစံပယ်အလွမ်းတွေတော့
မရင့်ပါစေနဲ့ကွယ်..
အလွမ်းများ ငြိမ်းစေသတည်း နော်..မမစံပယ်

{ မိုးညချမ်း } at: February 24, 2013 at 5:38 PM said...

ကဗျာတိုလေးပေမယ့် ထိတယ် မမရေ ...

{ Unknown } at: February 24, 2013 at 8:06 PM said...

ခုထိ ရင်ထဲလွမ်းနေတုန်းးးး)

မကြီးဂျက်ရဲ့ကဗျာက တိုပေမဲ့ အကာရောအနှစ်ရော ပြည့်ပါ့....း)

{ Toe Yee Yee } at: February 25, 2013 at 1:36 PM said...

စပယ်နံ့ တွေက ကမ္ဘာအနှံ့ မို့ လေယူရာတိမ်း မွှေးပြန့် ကြိုင်သင်း လို့ 

{ Han Kyi } at: February 26, 2013 at 5:01 AM said...

အလွမ်းပွင့်တွေရယ်
လေ၀င့်ရာ ချာချာလည်လို့
စေနှင့်သူ မခင်ဂျက်ကိုတော့
ကဗျာတို စာတစ်စကို
အရင်လို စီကာညွှန်းစေဖို့
ခွန်းဆက်ပါဦး...

26.2.2013
ဟန်ကြည်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine