Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စိတ်ထွက်ပေါက်

7
| Saturday, April 30, 2016
အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့ 
ရွက်လွှင့်လိုက်ချင်မိတယ်
လ မသာတဲ့ညမှာ
ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့
လောက ကိုကြောက်နေသလိုပေါ့
ဝရုန်းသုန်းကား ဖြစ်နေတဲ့ 
အထီးကျန် စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား
အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့က လိုသေးတယ်
ကြာလာတော့လဲ အကြင်နာတွေ
အေးခဲလာတယ်
ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ
ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ
နုတ်ဆက်တဲ့ စကားသံ
ကြားလိုက်ရတဲ့ နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ်။

jasmine

မိုးလင်းမျက်ရည်

2
| Thursday, April 14, 2016
ပြင်တင်းပေါက်မှ
မေးထောက်အကြည့်
ကောင်းကင်က လပြည့်ဝန်း
ရင်ထဲရောက်လို့လာတယ် ။

ကြယ်တာယာတွေ
တဖျတ်ဖျတ်
ချစ်သူကိုသတိရ
ကျွန်မရင်ဘတ်ထဲ
တလျှပ်လျှပ်ဖြစ်လို့နေပြီ ။

မနက်ခင်း အာရုဏ်တက်
ညက မက်တဲ့အိမ်မက်လေး
ရက်စက်စွာပျောက်ဆုံးသွားခဲ့တယ် ။

jasmine

ဖတ်ပြီးတွေးကြည့်ပါ

2
| Saturday, March 26, 2016
မကြာခဏ 
အဆင်မပြေဖြစ်တိုင်း
စိတ်ညစ်မနေပါနဲ့
မကြာခဏ
 လှဲကျတိုင်းလဲ ထိုင်ငိုမနေပါနဲ့
ခင်မင်သူတချို့ 
ဥပေက္ခာပြုတိုင်းလဲ ပူဆွေးမနေပါနဲ့
ပန်းဝင်သူ........အောင်မြင်သူတွေအားလုံးကို
သေသေချာချာသင်ကြည့်ပါ
သူ့တို့မှာ ဒဏ်ရာ ဗရပွနဲ့။   ။

jasmine

ခံစားချက် ကဗျာ

5
| Saturday, March 5, 2016
အနောက်ခြမ်းကနေ လွမ်းချင်တိုင်းလွမ်းနေရတဲ့ အဖြစ်
အသွားမတော်တဲ့လမ်းကို
ငါဟာ လူစွမ်းကောင်းဆိုပြီး
မျက်စိကိုမှိတ် နားကိုပိတ်
ဂျွမ်းပစ်ဝင်လိုက်တာ ။

အမေရိကန်ကော်ဖီ ငါ့အတွက်ရင်ခုန်စရာမရှိတော့ဘူး
Pizza Burger and Donuts ကိုနာမည်တောင်မကြားချင်လောက်အောင် 
ငါမုန်းနေမိတာ နင်သိရဲ့လား ။

အချိန်ကြာလေ ငါ့အတွက်
သွားစရာတွေ ရှားလာတယ်
ပြောစရာတွေ များလာတယ်
စားစရာတွေ လျော့လာတယ်
ချစ်ချင်းတရားတွေ ပေါ့လာတယ် ။

ငါ့လက်ထဲမှာ ဗလာ
ငါ့ရင်ဘတ်ထဲမှာ သံတယ 
နဲနဲလေးသာကျန်ပြီး
အရောင်မှိန်နေတဲ့ မျော်လင့်ချက်နဲ့
အသက်ကို တဖြေးဖြေးရှုရင်း
ဟိုးအဝေးကလမ်း  ။


ရေးသားသူ Jasmine






ပန်းခင်းလမ်း

4
| Monday, February 22, 2016
ငါတို့ ပန်းတိုင်ကိုပုံဖော်ကြည့်
လောကကြီး အရင်ကထက်ပိုလှနေတယ်
သူ့ လက်ထဲမှာနှင်းဆီပန်းခြင်း
သူ့ခြံလေးမှာ စံပယ်တခင်း
အဆင်းဖြူဖြူ ။

Snow တွေထူထပ်နေလဲ
ငါတို့ နွေးထွေးနေခဲ့တယ်
မှုန်တိုင်းထန်ခဲ့လဲ
လေပြေအလား မှတ်ထားနေခဲ့တယ် ။

ဝမ်းနည်းစိတ်ပျက်နေတဲ့အခါ
အရင်က ပုံအဟောင်းလေးတွေ
စိတ်ရှည်ရှည်နဲ့ ပြန်ကြည့်နေမိတယ် ။

ဝမ်းနည်းချိန်ဖြစ်ဖြစ်
ဝမ်းသာချိန်ဖြစ်ဖြစ်
တယောက်နဲ့ တယောက် လက်ဆွဲဆုပ်မိတယ် ။

အရာအားလုံးပုံဖော်ကြည့်
ချစ်သူရဲ့ ရင်ဘတ်ထဲ
ချစ်ချင်းတွေ
တစ်ပွေ့ တစ်ပိုက်နဲ့
ကိုယ့်ကိုပြုံးကြည့်နေလေရဲ့
ဒီလိုနဲ့
ဟိုးရှေ့ကလမ်း
ပန်းတွေအပြည့် ။   ။
jasmine


ခေါင်းစဉ်မရှိတော့ပါ

5
| Sunday, February 14, 2016
စိတ်တူ ကိုယ်တူ ဘ၀တွေ
တထပ်တည်းကျခဲ့လဲ
ခုတော့ စိတ်တွေ ၀မ်းကွဲ အဖော်လွဲရမယ့်အဖြစ်လေလား
ဝေေ၀ ၀ါးဝါးနဲ့ အဆုံးမသတ်ချင် ။

ဘ၀ရဲ့အကွေ့အကောက်တွေကို
ဒီတက်နဲ့လှော်လိုက် ဟိုတက်နဲ့လှော်လိုက်
ကြုံရင်ကြုံသလို တက်ပြောင်းလို့ ရခဲ့ရင်လဲ...တမျိုးပေါ့ ။

အမှုတရာမရှိခဲ့လဲ
အဖြစ် အပျက်က တရာမက
အထာမကျနိုင် ရာသီပြောင်းပြန်ဖြစ်နေတဲ့ နေရာ
အချိန်တွေ ဇောက်ထိုး
အမိုးလှူံ ပါလဲ
နှလုံးသားထဲ နှင်းရည်စို ။

စေတနာဝေးရာအရပ်မို့
ဝေဒနာ အပြည့်နဲ့
အနာဂတ်လမ်းလေးမှာ
လကွယ်ညတွေ များခဲ့ရတယ်
ဒုက္ခဆူးတွေ စူးခဲ့ရတယ် 
ကိုယ်ကလွဲရင် 
ကိုယ့်စိတ်တောင်မသယ်ချင်လောက်အောင်
အရာရာ စွန့်လွတ်ရဲနေတာ
တကယ့်သတ္တိတော့ မဟုတ်တာသေချာပါတယ် ။

ကိုယ်မကြိုက်တတ်တဲ့ နာကျင်မှုမျိုး
ဘယ်သူ့ကိုမှ မနာကျင်စေပါ
ဒီခရီး ဒီလမ်း
ကိုယ်တွေအတွက် သူစိမ်းတယောက်ပေါ့ 
ငါ့အတွေး ငါ့အရေး
ငါ့စိတ်နဲ့ ငါပဲသိစေအုန်း
ချစ်သူရေ
ကြည့်လိုက်စမ်းပါ
ငါတို့ရဲ့ အနာဂတ်လမ်း
ကြမ်းကြမ်းကြီးမှာ
ပတ်ကြားတွေအက်လို့။       ။


၂၀၁၅က ခံစားချက်သက်သက်ဖြင့် ရိုးသားစွာရေးသားခြင်းဖြစ်ပါတယ်။
 jasmine








ချစ်သူပေးသော ကဗျာ

3
| Saturday, November 28, 2015

မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
 မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

လွမ်း

2
| Friday, November 6, 2015
အိမ်အလွမ်းစိတ်
တိတ်တိတ်လေးဖြေသော်လည်း
ကြေမွနေတဲ့နှလုံးသား
အစားထိုးမရ
တိုးလို့ပင်လွမ်း
လွမ်းပြီးရင်း လွမ်း
မှန်းဆမရတဲ့ အနာဂတ်မှာ
ကံကောင်းခြင်းများ
ဘုရားသခင်ထံမှ ရယူလိုပါသည်။

jasmine

အလွမ်း တချို့

4
| Tuesday, October 27, 2015
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
ဖြူစင်တဲ့ ချစ်ချင်း တို့နေ၀င်ချိန်ရောက်ပြီ့လေ
ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
နေရာအနှံ့ပြန့်ကျဲတဲ့ကြယ်တွေကလဲ
ကိုယ့်အပေါ်စိမ်းကားလွန်းနေတယ်။
 
ရုတ်တရက်တွေးမိလိုက်ပြီ
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
အခါခါဖြန့်ကြည့်မိတယ်
တဖန်တရာပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ ။    ။   ။
 


 
ကဗျာဟောင်းလေးကို နှစ်သက်စွာဖတ်ရင်း ပြန်လည်ပြင်ဆင်ရေးဖွဲ့လျှက်။
jasmine
 

ချစ်သူပေးသော ကဗျာ

4
| Saturday, October 3, 2015
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
 မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

32 comments:၂၀၁၂ ကတင်ဖူးတဲ့ကဗျာလေးကိုသူငယ်ချင်းတယောက်အတွက် ။

ခံးစားချက် ပြင်းထန်မိလို့

3
| Friday, September 4, 2015
မညီမျှခြင်းတွေများတဲ့လောကကြီးက တရားမျှတမှုတွေ
အမြဲပေးထားပါတယ်
ကြည့်တတ်သောသူသာမြင်နေရတဲ့အချိန်
ကံပါသောသူမြင်ရတဲ့အချိန်
ခင်မင်မှုတွေကို လမ်းခင်းပြီး စိတ်တူကိုယ်တူ
ပုံဖော်ကြည့်မိတယ်
သာသာယာယာရှိနေတယ်ပေါ့
ခဏပါပဲ
ကိုယ်ပိုင်တဲ့အချိန်တွေ တရားဝင်ခိုးယူခြင်းခံရတယ်
ကိုယ်ပိုင်အတွေးတွေ တွင်တွင်ကြီးကိုအကန်ခံရတယ်
အသက်ကြီးလို့သာ လူကြီးစာရင်းဝင်တွေနဲ့
ခလေးတွေ လူကြီးစကားပြောနေတဲ့အချိန်မှာ
အဖြူရောင်ကို လောင်းကြေးထပ်မိတာ
ငါ*****************အမှားကြီး မှားခဲ့ပြီ။

ရေးစားသူ Jasmine

အားမနာပဲ ဝေဖန်လို့ရပါတယ်ရှင်။

ရင်ဘတ်ထဲကစာစု

2
| Monday, August 17, 2015
ဘ၀မှာ လှဲကျဖူးပါသလား....
အဲဒီ လှဲကျတုန်းကသင်ဘာလုပ်ခဲ့သလဲ...မှတ်မိသေးလား?
ဘာကြောင့် လှဲကျခဲ့ရတာလဲ....တစ်ယောက်ယောက်ကလုပ်ခဲ့တာလား။

သင့်အား လှဲကျ ပြီး နာကျင်စေသူကိုသင်ခွင့်လွှတ်ပြီး
ကျေးဇူးတင်လိုက်ပါနော် ။
လှဲကျပြီး ရင်သင် ဆက်ထိုင်မနေပါနှင့် ပြန်ထပါ
အခါခါ လှဲကျပါစေ...အခါခါ ပြန်ထဖို့ကြိုးစားပါ ။

မုန်းတီးမှု တွေ ကိုရင်ဘတ်ထဲမသိမ်းပါနှင့်
ပျော်ခဲ့ဖူးသောအကြောင်းအရာတွေကိုထပ်တလဲလဲပြန်တွေးပါ
ခပ်တည်တည်နေတတ်ပါက အဲဒီအကျင့်ကိုတစ်ဖြေးဖြေးချင်းဖြောက်ပြစ်ပါ
သင့်အားနာကျင်စေသူ သင့်အားလှဲကျစေသူ
သင့်အားမလိုမုန်းတီးသူ အားလုံးကိုပြုံးပြပါ(သက်ဝင်သောအပြုံး)

ဘ၀မှာ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝခြင်းသည်
ဘ၀၏ ချမ်းသာမှုအစစ်မဟုတ်ပါ...ဘ၀၏ ချမ်းသာမှု သည်
သင့်ရင်ဘတ်ထဲတွင်သာရှိပြီး..... သင့်နှလုံးသားနှင့်သာသက်ဆိုင်ပါသည်။

ပြဿနာ၊ အခက်အခဲသည် လူတိုင်းအတွက်ဘုရားသခင်ဖန်တီးထားသော
အရာဖြစ်ပါသည် ။ တစ်ဦးတစ်ယောက်အတွက်မဟုတ်ပါ ။
လှဲကျ နေရာမှ အကြိမ်ကြိမ်ပြန်ထနိုင်လျှင်
ဒုက္ခ ဆိုတာသင့်ရဲ့ အခိုင်းအစေ(ကျေးကျွန်)ဖြစ်သွားပါပြီ။

သင်ယိုင်နဲ့နဲ့ ဖြစ်နေချိန်တွင် သင့်ခေါင်းမမော့နိုင်ရင်(သို့မဟုတ်)
သင် ပြန်မမတ်နိုင်လျှင်.... သင်ရာသက်ပန်ထနိုင်တော့မည်မဟုတ်ပါ ။

ဝမ်းနည်းကြေကွဲလွမ်းဆွတ်စရာတွေကြုံပါက
အဆုံးထိကြေကွဲလိုက်ပါ
နောက်ပြီး သင့်ရင်ဘတ်ထဲက( ချက်ချင်းမထုတ်နိုင်တောင် )
တဖြေးဖြေးချင်း ထုတ်လိုက်ပါ ။
နှလုံးသားကိုထိခိုက်မည့် အရာအားလုံး
ရင်ဘတ်ထဲမှာ ဘယ်တော့မှ မသိမ်းမိပါစေနဲ့ ။    ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ။  ။
jasmine
2011 ကရေးခဲ့ဖူးတာလေးပါ. ဖတ်ပြီးတင်ချင်စိတ်ဖြစ်လာတာမို့ပြန်တင်လိုက်တယ်။

ဆုတောင်းနေရတဲ့ အခြေအနေ

4
| Saturday, July 25, 2015
လရောင်မလင်းတဲ့ ည
ကြယ်ရောင်ပျောက်တဲ့ ည
သူ ကိုယ့်အနားမှာ မရှိတဲ့ ည
အရာအားလုံး အဓိပ္ပါယ်မဲ့သွားတဲ့ ည။
အဲဒီလို ညတွေ ဖြတ်သန်းရတာများလွန်းတော့
ခံစားချက် မည်မည်ရရ ဘာမှမရှိတော့ပါဘူး။
အိပ်မက်တွေ မကြာခဏ မက်တတ်သူ
စိတ်ကူးတွေယျဉ်တတ်တဲ့သူ
အဲတာ ကျွန်မပါပဲ။
တချို့ကောင်းတဲ့ အိပ်မက်
မြန်မြန်ဆုပ်ကိုင်ချင်သူ
စိတ်ကူးယျဉ်မှုတွေကို မြန်မြန်ဆုပ်ကိုင်ချင်သူလဲ
ကျွန်မပါပဲ။

စိတ်ထဲကနေ စကားလုံးတွေပြောမယ်လို့ရည်စူးနေတာ
အများကြီး
တကယ်ပြောဖြစ်တဲ့ စကားလုံးနဲ့ ရည်စူးထားတဲ့စကားလုံးတွေ
ခြားနားနေတာ အကြိမ်ကြိမ်
အသက်အရွယ်အရ ကိုယ်တိုင်စည်းတားမိတာ
အခါခါ။

ပုံစံခွက်ထဲ ကြီးပြင်းခဲ့ရတာ များလွန်းတော့
ပျင်းရိခြင်း
အိမ်လည်ခြင်း တွေမရှိခဲ့လည်း
အချက်အပြုတ်ဝါသနာရှိခြင်း အပင်လေးတွေ စိုက်ပျိုးခြင်း
စာဖတ်ခြင်း အလွန်စိတ်ဝင်စားခဲ့တဲ့သူ
အဲတာ ကျွန်မပါပဲ။

လက်ရှိအနေအထားရ
မည်သူကိုမှ လက်မကမ်းနိုင်သလို
တန်ဖိုးရှိအရာဝထ္ထုကိုလဲ မလှမ်းနိုင်တာမို့
မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများအားလုံး
အစစ အရာရာ အဆင်ပြေ ကြပါစေလို့ ဆုတောင်းနေတာ
ကျွန်မပါပဲ။


jasmine
ပစ်ပစ်ရဲ့ tag ပိုဒ့်လေးပါ ခုမှတင်ဖြစ်လို့နောက်ကျနေပြီထင်ပါတယ်
တခြားသူများကိုထပ်ပြီးမတဂ်တော့ပါဘူး ကိုယ်တဂ်မည့်သူတွေက ပစ်ပစ်တဂ်ပြီးသားဖြစ်နေလို့ပါ။

ငါလဲ အပါအ၀င်

4
| Monday, July 13, 2015
သက်သေပြစရာလဲ မရှိခဲ့ဘူး
လူ လူချင်းသနားညာတာမှုမရှိ လုပ်ကြံမှုများ
ပါးစပ်ဖျားမှာတော့ ပျားရည်အပြည့်
ပီပြင်ပုံမရတဲ့ အပြုံးတွေကြားထဲ
ငါ ဘယ်သူ့ကိုမှ မမုန်းမိပါ
ရက်လ အလီလီ ဒီခရီး ဒီလမ်း တို့တွေ လျှောက်လှမ်းရင်း
ဘုရားဘုရား ဆိုတဲ့သူတွေ စိတ်ရောလက်ပါ 
ကားယား ကားယား ဖြစ်နေပြီ 
မချမ်းသာချင်ဘူးပြောတဲ့သူတွေ 
ပိုက်ဆံဆို ငမ်းငမ်းတက်
စိန်ရွှေမကြိုက်ပါဘူးဆိုသူကတော့
မကြာမကြာ ရွှေတွေဝယ်စုလေနေရဲ့ 
အတ္တများကြားထဲ ဖြူစင်မှု အပိုင်းအစ 
ငါ ဘယ်လိုရှာရမလဲ ။
မသိတာမရှိ မတတ်တာမရှိ ဆိုတဲ့ လူတတ်ကြီးတွေကြားထဲ
ငါ ဟာ လူဗလာလိုလို ယုန်သူငယ်လိုလို
အသက်အရွယ်မမျှမှုတွေကြား 
စကားတွေစစ်ထိုး အလှဲလှဲ အပြိုပြို
ငါဟာ ပဲလှော်ကြားကဆား ။
တို့ ဘ၀တွေက ဆယ်ကျော်သက်မဟုတ်လေတော့
အမြင်မှား အတွေးတွေေ၀၀ါးစရာမလိုဘူးထင်ခဲ့တာ
ဘ၀တခုရဲ့
ကုသိုလ် အကုသိုလ်
ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း
အောင်မြင်ခြင်း ဆုံးရှုံးခြင်း တွေကို
ကိုယ်တိုင်လုပ်ယူကြရတာပါ 
အရိုအသေရှိခံချင်သူက ရိုသေထိုက်အောင်နေပေးပါ
ငါမှ ငါဆိုလျှင်လဲ ငါ့ကိုယ်ငါ တန်ဖိုးရှိစွာနေပေးပါ
အရာအားလုံး သိမြင်ခဲ့ရင်
လောဘ မောဟ နဲ့ အကြီးမှားဆုံး အတ္တဆိုတာတွေ
ဖြိုချလိုက်ပါက အနေလှနေပြီ။  

jasmine

ရလဒ်

0
| Friday, July 3, 2015
ကျွန်မကိုယ်တိုင်က ရိုးသားမှုတခုနဲ့စခဲ့တာပါလို့
ပြောရမှာဝန်လေးနေမိတယ်
တကယ်တော့ ကျွန်မ မရိုးသားခဲ့ပါ။

ကျွန်မကိုယ်တိုင်က လိမ်ညာခြင်းမရှိခဲ့လို့
သူ လဲ လိမ်ညာခြင်းကင်းမယ်ထင်ခဲ့မိတယ်
တကယ်တော့ သူ လိမ်ညာခဲ့တာပါ။

မရိုးသားမှုနဲ့ လိမ်ညာမှုတွေ့ကြတဲ့အခါ
နှစ်ဦး နှစ်ယောက်လုံး ဆုံးရှုံးမှုတွေ ရင်ဆိုင်လိုက်ရပြီ။

ရလဒ်
နှလုံးသားတွေ ကြေမွခဲ့တယ်
ရင်ကွဲလမ်းဆုံမှာ ခွဲခွါခြင်းတွေကြုံတွေ့လိုက်ရတယ်။

ဒါကြောင့်မို့ 
ရိုးသားပါ။
လိမ်ညာခြင်းကင်းပါ။

jasmine

 

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine