Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကံမွဲလို့ ရလိုက်တဲ့ အလွမ်း

| Thursday, September 6, 2012
ရင်နင့်နေရတဲ့ အလွမ်းတွေ
သူသိအောင် ဘယ်လိုပြောရမလဲ
မြိုသိပ်နေရတာ     
 နှစ်.....လ  တွေကြာ

ရင်ဘတ်ထဲမှာ
စုန်းမီးတွေလို
ဟုန်းထနေတဲ့
အပူ     
 နှစ်.....လ တွေကြာ

ချစ်သူရဲ့ နှလုံးသား 
တမံတလင်းတွေနဲ့ခင်းကျင်းထားလို့
ငါ့...........အကြင်နာတွေ
ချော်လှဲ သံယောဇဉ်တွေ
အဖော်ကွဲ ခဲ့ရပြီ

အလွမ်းတွေနဲ့
မျက်နှာသစ်ပြီး
ဒီ အလွမ်းတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရပြီ

သံသရာမှာ ချစ်ရသူ 
ကိုယ့်ဖက်မပါတော့
ကံဇာတာ မကောင်းပါဘူး
ကိုယ်အသုံးမကျတာ ကိုယ်မေ့ပြီး
ကံကို အပြစ်တင်
အသစ်မခင်မိပါဘူး  
ကံမွဲလို့ ဒီပွဲလဲ
ရှုံးတယ် သဘောထားလိုက်ပါ့မယ် ...... ချစ်သူ

jasmine

28 comments:

{ တောက်ပကြယ်စင် } at: September 6, 2012 at 12:53 PM said...

အလွမ်းတွေနဲ့မျက်နှာသစ်၊ အဆွေးတွေနဲ့ သွားတိုက်လိုက်တာပေါ့ စပါယ်ချိုရေ...ကဗျာသိပ်လှတယ်...

{ ချစ်စံအိမ် } at: September 6, 2012 at 2:20 PM said...

သံသရာမှာ ချစ်ရသူ
ကိုယ့်ဖက်မပါတော့
ကံဇာတာ မကောင်းပါဘူး
ကိုယ်အသုံးမကျတာ ကိုယ်မေ့ပြီး
ကံကို အပြစ်တင်
အသစ်မခင်မိပါဘူး
ကံမွဲလို့ ဒီပွဲလဲ
ရှုံးတယ် သဘောထားလိုက်ပါ့မယ် ...... ချစ်သူ
အဲ့စာသားလေးမိုက်တယ်မမ..

{ Yoemyaykya } at: September 6, 2012 at 6:55 PM said...

မမညီမလေးကို တည့်တည့်ကြီး စောင်းပြောနေတာလားဟင်

{ mstint } at: September 6, 2012 at 7:00 PM said...

ချစ်ခြင်းပြိုင်တဲ့ ဒီနှစ်ယောက် လိုက်လို့မမှီတော့ဘူးကွယ်း) ကြည်နူးစရာ ကဗျာလေးအားပေးသွားတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ လရိပ်အိမ် } at: September 6, 2012 at 7:22 PM said...

ရင်နင့်နေရတဲ့ အလွမ်းတွေ
သူသိအောင် ဘယ်လိုပြောရမလဲ
မြိုသိပ်နေရတာ
နှစ်.....လ တွေကြာ

{ လရိပ်အိမ် } at: September 6, 2012 at 7:23 PM said...

ရင်နင့်နေရတဲ့ အလွမ်းတွေ
သူသိအောင် ဘယ်လိုပြောရမလဲ
မြိုသိပ်နေရတာ
နှစ်.....လ တွေကြာ

very nice for me.

{ မဒမ်ကိုး } at: September 6, 2012 at 8:12 PM said...

ကံမွဲလို့ဒီပွဲလဲ ရှုံးတယ်လို့ဘဲ သဘောထားလိုက်ပါ့မယ်ချစ်သူ
လန်းတယ်ဗျာ မမစံပယ်ရေ

ချစ်တဲ့

ဒိုးကန်

{ AH } at: September 6, 2012 at 8:40 PM said...

ကဗျာလှလှလေးကို ခံစားသွားပါတယ် မဂျက်ခင်ဗျာ :P

{ 3rdthameetaw } at: September 6, 2012 at 9:10 PM said...

ဒါလေး က ဘူအတွက် အငှါး ခံစားတာလဲ
ကဗျာလေးတိုင်းက တော့အသက်ဝင်ပြီး
ဖမ်းစားနေတာပဲနော်

{ kiim } at: September 7, 2012 at 12:28 AM said...

အလွမ်းတွေနဲ့
မျက်နှာသစ်ပြီး
ဒီ အလွမ်းတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရပြီ
ကဗျာကောင်းလေး လာရောက်ခံစားသွား
ပါတယ် အမရေ....

{ မြတ်နိုးသူ } at: September 7, 2012 at 1:22 AM said...

အလွမ်းတွေနဲ့
မျက်နှာသစ်ပြီး
ဒီ အလွမ်းတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရပြီ
အားပေးသွားပါတယ်အမ

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: September 7, 2012 at 4:50 AM said...

သံသရာမှာ ချစ်ရသူ
ကိုယ့်ဖက်မပါတော့
ကံဇာတာ မကောင်းပါဘူး
ကိုယ်အသုံးမကျတာ ကိုယ်မေ့ပြီး
ကံကို အပြစ်တင်
အသစ်မခင်မိပါဘူး
ကံမွဲလို့ ဒီပွဲလဲ
ရှုံးတယ် သဘောထားလိုက်ပါ့မယ် ...... ချစ်သူ

ဒီအပိုဒ်လေးကတော်တော်ကောင်းတယ်အမစံပါယ်
ကဗျာလေးသေချာဖတ်သွားပါတယ်

{ မိုးနတ်ကြယ်စင် } at: September 7, 2012 at 6:56 AM said...

သံသရာမှာ ချစ်ရသူ
ကိုယ့်ဖက်မပါတော့
ကံဇာတာ မကောင်းပါဘူး
ကိုယ်အသုံးမကျတာ ကိုယ်မေ့ပြီး
ကံကို အပြစ်တင်
အသစ်မခင်မိပါဘူး
ကံမွဲလို့ ဒီပွဲလဲ
ရှုံးတယ် သဘောထားလိုက်ပါ့မယ် ...... ချစ်သူ


အားပေးသွားတယ်အမရေ...ကဗျာလေးကောင်းတယ်နော်....ဆက်လက်ထုဆစ်နိုင်ပါစေ
ခင်တဲ့...ညီမလေးမိုးနတ်

{ လေပြေချို } at: September 7, 2012 at 8:20 AM said...

ချစ်သူရဲ့ နှလုံးသား
တမံတလင်းတွေနဲ့ခင်းကျင်းထားလို့
ငါ့...........အကြင်နာတွေ
ချော်လှဲ သံယောဇဉ်တွေ
အဖော်ကွဲ ခဲ့ရပြီ..
တော်သေးတာပေါ့ မရယ်.. တမံတလင်းမှာချော်လဲတယ်ဆိုတော့ မမများတခုခုဖြစ်လားလို့ စိတ်ပူလိုက်ရတာ..အဟီး
ခင်တက်တဲ့
လေပြေ

{ လေပြေချို } at: September 7, 2012 at 8:22 AM said...

ချစ်သူရဲ့ နှလုံးသား
တမံတလင်းတွေနဲ့ခင်းကျင်းထားလို့
ငါ့...........အကြင်နာတွေ
ချော်လှဲ သံယောဇဉ်တွေ
အဖော်ကွဲ ခဲ့ရပြီ
တော်သေးတာပေါ့မရယ် တမံတလင်းမှာ ချော်လဲတယ်ဆိုတော့ တခုခုများဖြစ်ပြီလားလို့ စိတ်ပူတွားတာ. အဟီး
ခင်တက်တဲ့
လေပြေ

{ ဖြိုးဇာနည် } at: September 7, 2012 at 9:25 AM said...

အမ်မယေးးးတင်စားတာတင်စားတာ
မိုက်ပါ့အေ

{ SML (The Chara Project) } at: September 7, 2012 at 10:34 AM said...

ကဗျာဆိုတာ ကျွန်တော့်အတွက်တော့ ခံစားချက်တွေ မတိုက်ဆိုင်ရင် ချပြဖို့ မလွယ်ပါဘူး၊၊ ကဗျာတစ်ပိုဒ်ရေးဖို့ထက် ပိုစ် နှစ်ပိုစ်လောက်သာ ရေးလိုက်ချင်တယ်၊၊ ကဗျာဆိုတာ တကယ်တော့ စကားလုံးတွေ ကျစ်ကျစ်လစ်လစ်နဲ့ လိုရင်းကို ပြောပြရတာမျိုးဆိုတော့ ကဗျာဆိုတာတွေ ဆက်တိုက်ရေးနိုင်တဲ့ မမ Jasmine ကို လေးစားပါတယ် :) ခုဒီကဗျာလေးဆိုလည်း လက်ရှိဖြစ်ပျက်နေတာနဲ့ တထပ်တည်းကျနေတာမို့ ဖွဘုတ်ပေါ်မှာ သွားရှယ်လိုက်ပါအုံးမယ်နော်....

{ အလွမ်းမြို့ } at: September 8, 2012 at 12:21 AM said...

ငါ့...........အကြင်နာတွေ
ချော်လှဲ သံယောဇဉ်တွေ
အဖော်ကွဲ ခဲ့ရပြီ...

(( ကံကို အပြစ်တင်
အသစ်မခင်မိပါဘူး
ကံမွဲလို့ ဒီပွဲလဲ
ရှုံးတယ် သဘောထားလိုက်ပါ့မယ် ...... ချစ်သူ)))


ရေးတတ်သူများကလည်းနော်...ဖတ်သူတောင် မှောက်လှဲသွားတယ်.. စံပယ်ရေ အားပေးသွားတယ်နော်..


ခင်တဲ့
အလွမ်း

{ စံပယ်ချို } at: September 8, 2012 at 1:03 AM said...
This comment has been removed by the author.
{ မင်းအရိပ် } at: September 8, 2012 at 11:28 AM said...

အော်
အလွမ်းဆိုတာ ကံမွဲလို့ရတဲ့အလွမ်း
အချစ်ဆိုတာတော့
ကံနိမ့်တဲ့သူပဲ တွေ့တာဆိုလား စိုင်းစိုင်းသီချင်းထဲမှာ ဟီးးး

{ Phyu Lwin } at: September 8, 2012 at 2:37 PM said...

ချစ်သူရဲ့ နှလုံးသား
တမံတလင်းတွေနဲ့ခင်းကျင်းထားလို့
ငါ့...........အကြင်နာတွေ
ချော်လှဲ သံယောဇဉ်တွေ
အဖော်ကွဲ ခဲ့ရပြီ ....အားလုံးကိုကြိုက်တယ် ဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲအစ်မ :)

{ ဆူးသစ် } at: September 9, 2012 at 5:48 AM said...

ချစ်သူကိုယ့်ဘက်မပါတာကံမွဲလို့လားဗျာ။ ကိုယ်အသုံးမကျတာတောင်မေ့လောက်အောင်လွမ်းတယ်လို့ပဲ။ ဆိုလိုက်တဲ့စာ။ ကောင်းတဲ့ကဗျာလေးခံစားသွားပါတယ်။

{ အိပ်မက်ကောင်းကင် } at: September 9, 2012 at 11:11 PM said...

သည်ကဗျာလေးကလည်း ကောင်းနေတယ်ဆိုတော့
အဟမ်းအဟမ်း ကုတင်အောက်မှာ အချောသတ်ထားတယ်ထင်ပါရဲ့ အဟိ
အားပေးသွားတယ်နော် မမစံပယ်လေးရေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

Anonymous at: September 10, 2012 at 12:41 AM said...

လှလိုက်တဲ့ ကဗျာလေး ....

း)

Anonymous at: September 10, 2012 at 12:42 AM said...

လှလိုက်တဲ့ကဗျာလေး ...

း)

{ ညီလင်းသစ် } at: September 10, 2012 at 12:56 AM said...

အလွမ်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ ကဗျာလေး လာဖတ်သွားတယ် ညီမရေ...။

{ Latt Latt } at: September 10, 2012 at 2:13 AM said...

ကဗျာတွေလာဖတ်ပေမဲ့ မမန့်ဖြစ်ခဲ့ပါဘူး။ အားပေးနေပါတယ်။

Anonymous at: September 11, 2012 at 7:22 PM said...

ခံစားရတယ် မမရေ

~ Kk ~

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine