Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူမ ရဲ့ ဆုတောင်း

| Friday, September 21, 2012
ကဗျာဆရာမ လို့ အများကပြောရင်
ရှက်နေတတ်တဲ့ အမျိုးသမီးတယောက်က
ပုံသွင်းခံရတဲ့
ဘ၀ထဲ ကြီးပြင်းခဲ့ရသတဲ့လေ

မိုးတွေရွာတဲ့အခါ
ခရေပန်းတွေ ကြွေတဲ့အခါ
နှင်းတွေဝေတဲ့အချိန်
တောင်လေနဲ့ သစ်ရွက်တို့
လွင့်နေတဲ့ ရာသီတွေ ရဲ့
သဘာဝ မြင်ကွင်းတွေကို
ကောက်သင်းကောက်တတ်တယ်တဲ့
အဲဒီ အမျိုးသမီးပေါ့
ကဗျာတွေဖန်ဆင်းပြီး
အားတိုင်း ပြန်ဖတ်တယ်
ပြီးရင်
သိမ်းထားတယ်
မြေစမ်းပြီး
ခရမ်းလဲပျိုးလိုက်သေးတယ်
ခုတော့ ပန်းသီးတွေ
လှိုင်လှိုင်ထနေလေရဲ့

အဲဒီ အမျိုးသမီးပေါ့
မကြာခဏတော့
သူ့ခြေလှမ်း
ဒယိမ်းဒယိုင်ဖြစ်ခဲ့ဖူးတယ်
အချိန်ရာသီတွေပြောင်းသလောက်ပါပဲ
သူ့အလိုလို ပြန်မတ်သွားကြတယ်တဲ့

အဲဒီအမျိုးသမီးပေါ့
ခင်မင်မှု ထူထူထဲထဲကြီးတွေ
ရင်ဘတ်ထဲသိမ်းထားပြီး
မိတ်ဆွေတချို့ကို မျှဝေပေးခဲ့တယ်
နယူတန် နိယာမလဲ မှားတတ်တာပဲတဲ့
ညိုညို မဲမဲ အရိပ်တွေ
သူမ ရလိုက်ပြီးသကာလ
သူမရဲ့ ဖြူစင်မှုအတွေးလေးတွေ
သွေးပျက်ချင်မိတယ်တဲ့လေ

သူမပြောတဲ့စကား
တိမ်ဖြူတွေ ခွါချခံရပြီး
အကြင်နာတွေ ပြန်မရ
အခေါက်ခေါက် အခါခါ
ပေးမိတဲ့ မေတ္တာတွေလဲ
ထပ်တလဲလဲ ပျောက်ဆုံးပြန်တယ်တဲ့

ထာဝရ သခင်
ဥပေက္ခာတွေ ပြန်သိမ်းပြီး
ဖြူစင်မှုတွေ လူသားအားလုံး
ရင်ဘတ်ထဲသို့ အရောက်ပို့ဆောင်ပေးစေလိုပါ၏
အတ္တမီး လောဘမီး
မီးပေါင်းစုံကို
ဘုရားသခင်လက်သို့
အပ်နှင်းပါရစေ-----
အဲဒီအမျိုးသမီးရဲ့ ဆုတောင်းလေးပေါ့ ။
jasmine

24 comments:

{ မိုးနတ်ကြယ်စင် } at: September 21, 2012 at 5:59 AM said...

အမရေ..ကဗျာလေးကကောင်းလိုက်တာဗျာ..ညလေး
အရမ်းကြိုက်တယ်သိလား...အမကိုတော့ တကယ်ပဲ
အားကျမိတယ်ကွယ်....
ခင်မင်နေတဲ့...မိုးနတ်

{ Crystal } at: September 21, 2012 at 6:38 AM said...

ပြည့်ပါစေ :)

{ ရာဇာထွေး } at: September 21, 2012 at 6:52 AM said...

အမဖြူရေ...
ကဗျာလေးတွေကတော့ ရှယ်ပဲဗျာ... အားပေးသွားပါ
တယ်ခင်ဗျာ... ကဗျာလေးများလန်းသလို အမဖြူတစ်
ယောက်လည်း မြဲတမ်းကျန်းမာရွှင်လန်းနိုင်ပါစေခင်ဗျာ..

ခင်မင်စွာဖြင့်
ရာဇာထွေး( ဖိုးကျော် )

{ kiim } at: September 21, 2012 at 7:32 AM said...

ကဗျာကောင်းလေး လာဖတ်သွားပါတယ်...
သူမရဲ့ ဆုတောင်းလေးလဲ ပြည့်ပါစေလို့ 
ချင်းမလေးက ဆုတောင်းပေးလိုက်ပါတယ်.. :)

{ လေပြေချို } at: September 21, 2012 at 8:53 AM said...

ဖြူစင်မှုက နယူတန်ရဲ့နိယာမကို ပြောင်းလဲမသွားစေပါဘူး... ဖြူစင်မှုရဲ့အတွေးလေးတွေကို ထာဝရပိုင်ဆိုင်ရင်း ဆုတောင်းလေးလဲပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်...မမစပါယ်ရေ...
ရွှင်လန်းချမ်းမြေ့ပါစေနော်
ခင်တက်တဲ့
လေပြေ

{ တောက်ပကြယ်စင် } at: September 21, 2012 at 9:44 AM said...

ဆုတောင်းလေး ပြည့်စေဗျာ...

ခင်မင်လျက်
ဘုန်း၂တောက်

{ roseayemaung } at: September 21, 2012 at 1:36 PM said...

သူမပြောတဲ့စကား
တိမ်ဖြူတွေ ခွါချခံရပြီး
အကြင်နာတွေ ပြန်မရ
အခေါက်ခေါက် အခါခါ
ပေးမိတဲ့ မေတ္တာတွေလဲ
ထပ်တလဲလဲ ပျောက်ဆုံးပြန်တယ်တဲ....
*မစပယ်ရေ....အား....တင်း.....ထား.....ပါ....*

{ Yoemyaykya } at: September 21, 2012 at 7:16 PM said...

ခင်မင်မှု ထူထူထဲထဲတွေ ပေးခဲ့ပေမယ့် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်ဆိုသော နယူတန်၏နိယာမရဲ့မှန်ကန်မှုကို ရှာဖွေရင်း ရူးခဲ့ဖူးတယ်။ မမစံပယ်အခုဆိုဒ်လေးအရမ်းလှတယ်။မမညီမလေးရေးတဲ့စာတွေက စာဖတ်သူအတွက်အဆိပ်အတောက်ဖြစ်စေတဲ့အရေးအသားတွေပါလားမမရယ်။ ညလေးရဲ့ စီဘောက်မှာ ၀င်အော်နေတဲ့သူရှိတယ်။

{ 8Yar } at: September 21, 2012 at 8:33 PM said...

"ခင်မင်မှု ထူထူထဲထဲကြီးတွေ
ရင်ဘတ်ထဲသိမ်းထားပြီး"
လို့သုံးသွားတာ အရမ်းလှတာပဲ အစ်မ Jas ရေ....

{ Cameron } at: September 21, 2012 at 9:09 PM said...

အိမ်အသစ်ကလေးလှလိုက်တာ လွင်ပြင့်လက်ရာပဲထင်ပါ့...။ ကဗျာလေးလာအားပေးသွားတယ် မစံပယ်...း)

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: September 21, 2012 at 10:18 PM said...

အခါခါ ကို ပြန်ဖတ်မိနေတယ် ဒေါ် ဂျက်ရေ .. အရမ်းသဘောကျတာပဲ ..

{ အိပ်မက်ကောင်းကင် } at: September 21, 2012 at 10:27 PM said...

ကဗျာလေးက နူးညံ့လိုက်တာ မမစံပယ်
အဲသည်အမျိုးသမီးလေးကဘယ်သူလဲဆိုတာမသိပေမဲ့
သူမဆုတောင်းတဲ့ အတိုင်းဆုတောင်းပြည့်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ 3rdthameetaw } at: September 21, 2012 at 11:59 PM said...

အဲ့ဒီအမျိုးသမီးဟာ
ဘယ်သူများပါလိမ့်နော်
ဆုတောင်းလေး ကောင်းတယ် ဂျက်ရေ
ကဗျာရေးတာကလည်း ချစ်စရာကောင်းလိုက်တာ

Anonymous at: September 22, 2012 at 4:19 AM said...

ရင်ထဲကလည်း ကဗျာမျိုးစုံထွက်နေပါလားကွ ယောက်ခမရ..ဟက်ဟက်.အခုမှရောက်ဖြစ်တယ်ဝေး။..

{ စံပယ်ချို } at: September 22, 2012 at 5:16 AM said...

သာမီးရှိတော့လဲ အတော်လေးမျက်နှာပွင့်တာပဲ

{ မြတ်နိုးသူ } at: September 22, 2012 at 7:22 AM said...

ခင်မင်မှု ထူထူထဲထဲကြီးတွေ
ရင်ဘတ်ထဲသိမ်းထားပြီး
မိတ်ဆွေတချို့ကို မျှဝေပေးခဲ့တယ်
အမစံပယ်ရေကဗျာလေးအရမ်းကောင်းတယ်
အားပေးသွားပါတယ်အမနေကောင်းတယ်နော်

{ Unknown } at: September 22, 2012 at 7:49 AM said...

ထာဝရ သခင်
ဥပေက္ခာတွေ ပြန်သိမ်းပြီး
ဖြူစင်မှုတွေ လူသားအားလုံး
ရင်ဘတ်ထဲသို့ အရောက်ပို့ဆောင်ပေးစေလိုပါ၏
အတ္တမီး လောဘမီး
မီးပေါင်းစုံကို
ဘုရားသခင်လက်သို့
အပ်နှင်းပါရစေ-----
ကဗျာလေးကောင်းတယ်စံပယ်လေးရေ
အားပေးသွားပါတယ်ကွယ်
ခင်တဲ့အန်တီလေးမေခင်

{ မင်းအရိပ် } at: September 22, 2012 at 11:41 AM said...

မိုးတွေရွာတဲ့အခါ
ခရေပန်းတွေ ကြွေတဲ့အခါ
နှင်းတွေဝေတဲ့အချိန်
တောင်လေနဲ့ သစ်ရွက်တို့
လွင့်နေတဲ့ ရာသီတွေ ရဲ့
သဘာဝ မြင်ကွင်းတွေကို
ကောက်သင်းကောက်တတ်တယ်တဲ့
အဲဒီ အမျိုးသမီးပေါ့
ကဗျာတွေဖန်ဆင်းပြီး
အားတိုင်း ပြန်ဖတ်တယ်
ပြီးရင်
သိမ်းထားတယ်
မြေစမ်းပြီး
ခရမ်းလဲပျိုးလိုက်သေးတယ်
ခုတော့ ပန်းသီးတွေ
လှိုင်လှိုင်ထနေလေရဲ့

ကဗျာလေးအရမ်းကောင်းပါတယ် ကဗျာဆရာမအစ်မရေ :)
လာအားပေးသွားတယ်နော်

{ မိုးသူ(တောင်ကြီး) } at: September 22, 2012 at 9:15 PM said...

သူမပြောတဲ့စကား
တိမ်ဖြူတွေ ခွါချခံရပြီး
အကြင်နာတွေ ပြန်မရ
အခေါက်ခေါက် အခါခါ
ပေးမိတဲ့ မေတ္တာတွေလဲ
ထပ်တလဲလဲ ပျောက်ဆုံးပြန်တယ်တဲ့

အဲဒီအမျိုးသမီးပေါ့
အကြင်နာတရား
ဂရုဏာတရား
ကြီးမားပြန်သေးတယ်

ကဗျာလေးထဲမှာ ကဗျာရေးသူစိတ်ကလေးကို

လက်ခနဲ လက်ခနဲ မြင်ရတယ် မကြီးဂျက်ရေ ...

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးခါး } at: September 23, 2012 at 6:25 AM said...

ဆုတောင်းကောင်းသော မိန်းကလေး
စိတ်ထားကောင်းသော မိန်းကလေး
အတ္တမီး လောဘမီး မီးပေါင်းစုံရဲ့ အပူတွေ ကင်းဝေးပြီး ပျော်ရွှင်မှုတွေ ပြည့်ဝပါစေး)

{ ချစ်စံအိမ် } at: September 23, 2012 at 9:59 AM said...

အတ္တမီး လောဘမီး
မီးပေါင်းစုံကို
ဘုရားသခင်လက်သို့
အပ်နှင်းပါရစေ-----
အဲဒီအမျိုးသမီးရဲ့ ဆုတောင်းလေးပေါ့ ။

{ Phyu Lwin } at: September 23, 2012 at 10:22 AM said...

ညီမကတော့ သူများတွေလို လူချင်းလည်းမသိ ... စာလေးတွေလာဖတ်ရင်း သိနေပေမယ့် အဲဒီအမျိုးသမီးကို တကယ် ရင်းနှီးခင်မင်နေမိတယ် :)

Anonymous at: September 23, 2012 at 7:25 PM said...

သိပ်လှတဲ့ ကဗျာလေးပဲ မမ

~ Kk ~

{ မောင်ရေခဲ(အဝတ်နီ) } at: September 26, 2012 at 8:44 PM said...

ပန်းကလေးတွေကိုလဲကြည့်ရေးတယ် ရာသီဥတု ကိုလဲ
ကြည့်ရေးတယ် ဘယ်သွားသွားပတ်ဝန်းကျင်ကိုအမြဲကြည့်
တယ် လူတွေကိုလဲ ဂရုတစိုက်ကြည့်တယ်
အဲဒီထဲကနေ ခံစားချက်လေးတွေထွက်လာတာပါ.....
......
ကော်မန့်လေးကတောင်ကဗျာစပ်လို့ဖြစ်တယ်နော်
စိတ်ကူးကောင်းလိုက်တာ
ရဲရဲရေးပါလို့ ပြောချင်ပါရဲ့...
အော်ဒါနဲ့တောင်းပန်စရာရှိသေးတယ်ဗျ..
ခင်ဗျားကော်မန့်တွေကိုကျနော်တန်းပလိတ်ကိုမလဲတတ်လဲတတ်နဲ့လက်ကမျင်းရင်းနဲ့အကုန်ပျက်ကုန်တယ်
ကိုယ့်ကိုယ်တောင်စိတ်မကောင်းဖြစ်နေတာလေ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine