Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘ၀ ခ်ဳိခ်ဳိ

| Tuesday, September 25, 2012
ၾကားမိလား
နိုဝင်ဘာလိုလို
ဒီဇင်ဘာလိုလို
အေးအေး ချမ်းချမ်း
အပြုံးတွေ သရမ်းမှု မရှိပဲ
သူဝင်လာတာပါ

ကြားမိလား
တည်တည် တန့်တန့်
သံယောဇဉ်တွေနဲ့
ခန့်ခန့် ထည်ထည်
အကြင်နာတွေ
လူသိရှင်ကြား
ပေးပစ်လိုက်တာပါ

တခါတရံ ကောင်းကင်ကြီးတောင်
အရောင်တွေပြောင်းပါရဲ့ကွယ်
တခါတရံ ကျား တွေလဲ မ လိုလို
မ တွေကလဲ ကျားလိုလို
အတုတွေလဲ လုပ်လာတတ်ကြတဲ့ ကမ္ဘာမှာ
ကျွဲနားသွား စောင်းတီးပြတဲ့ 
ကိုယ့်အမှားပါပဲ

မီးခိုးရောင်လိုလို
အမဲရောင်လိုလို
ကိုယ့်ဘ၀ ရစ်သိုင်းခံခဲ့ရတဲ့
အတိတ် 
အရိပ်တွေက
တစ္တေ အလား
သူတို့ရယ်မောနေကြသံများလား
တ၀ါးဝါး တဟားဟား

ချိုမြမြ ဖြစ်ခဲ့တဲ့ အချိန်ပေါင်းများစွာ
သတိရ တမ်းတ လွမ်းမိရင်းနဲ့
တရံတခါတော့
အရာတချို့က ခါးသက်သက်လေးရှိခဲ့လဲ
စစ်မှန်တဲ့အရာကိုလက်ကိုင်ထားပြီ
ချစ်ရသူကို
အချစ် စစ်စစ်သာပေးခဲ့တာပါ
ထို့ကြောင့် 
ယခု လက်ရှိမှာလဲ
ကိုယ့်ဘဝ
အချစ် စစ်စစ်နဲ့ ချိုမြမြလေးပါပဲ ။ 
 
jasmine
 

30 comments:

{ Yoemyaykya } at: September 25, 2012 at 1:18 AM said...

ကြားမိလားဆိုတော့ နားတော့နားထောင်တာပဲ။ ဒီမှာ ဖုန်းလိုင်းမကောင်းဘူးမမရဲ့။
နိုဝင်ဘာလိုလို
ဒီဇင်ဘာလိုလို
အေးအေး ချမ်းချမ်း
အပြုံးတွေ သရမ်းမှု မရှိပဲ
သူဝင်လာတာပါ
ဟာမိုက်တယ်စာသားက။ဒီလိုစာသားတွေနဲ့ ခဏခဏ နှလုံးသားကို သိမ်းပိုက်တယ်။

{ Unknown } at: September 25, 2012 at 1:39 AM said...

စစ်မှန်တဲ့အရာကိုလက်ကိုင်ထားပြီး
ချစ်ရသူကို
အချစ် စစ်စစ်သာပေးခဲ့တာပါ
ထို့ကြောင့်
ယခု လက်ရှိမှာလဲ
ကိုယ့်ဘဝ
အချစ် စစ်စစ်နဲ့ ချိုမြမြလေးပါပဲ ။

{ Crystal } at: September 25, 2012 at 1:46 AM said...

ခံစားရသော ကဗျာလိုပဲ သိပ်မက်မောမိတယ်...ရင်ခုန်သံတွေ မြန်နေတယ် ... :)

{ Unknown } at: September 25, 2012 at 1:55 AM said...

စစ်မှန်တဲ့အရာကိုလက်ကိုင်ထားပြီး
ချစ်ရသူကို
အချစ် စစ်စစ်သာပေးခဲ့တာပါ
ထို့ကြောင့်
ယခု လက်ရှိမှာလဲ
ကိုယ့်ဘဝ
အချစ် စစ်စစ်နဲ့ ချိုမြမြလေးပါပဲ ။
စံပယ်လေးတစ်ဦးမေတ္တာတစ်ဦးရောင်ပြန်ဟပ်တော.
အချစ်စစ်စစ်ချိုမြမြလေးပိုင်ဆိုင်ရတာပေါ.ကွယ်
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

{ Unknown } at: September 25, 2012 at 2:03 AM said...

စံပယ်လေးတစ်ဦးမေတ္တာတစ်ဦးရောင်ပြန်ဟပ်တော.
အချစ်စစ်စစ်နဲ.ချိုမြမြလေးရရှိတာပေါ.ကွယ်။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်။
(နှစ်ခါပေးဖြစ်သွားတယ်...ဟိ)

{ မြတ်နိုးသူ } at: September 25, 2012 at 2:10 AM said...

တည်တည် တန့်တန့်
သံယောဇဉ်တွေနဲ့
ခန့်ခန့် ထည်ထည်
အကြင်နာတွေ
လူသိရှင်ကြား
ပေးပစ်လိုက်တာပါ
အဲဒါတွေအားလုံးကိုအာပုကျိကိုပဲပေးလိုက်တာမလား
အာပုကျိတို့တော့သိပ်ကံကောင်းတာပဲနော်ဟီး
အားပေးသွားပါတယ်

{ မိုးညချမ်း } at: September 25, 2012 at 3:43 AM said...

ချစ်ရသူကို အချစ်စစ်စစ်သာပေးခဲ့တဲ့အတွက် လက်ရှိဘ၀လေးမှာ အချစ်စစ်စစ်နဲ့ချိုမြမြလေးနဲ့ ကြည်နူးနေတာလေးက နှစ်သက်စရာလေးပါ ... :)

{ အိပ်မက်ကောင်းကင် } at: September 25, 2012 at 4:45 AM said...

မမစံပယ်တို့ကတော့ ကဗျာရေးတာ ကောင်းပြီးရင်းကောင်းနေပါလား
နောက်နေ့ကျရင် ဘယ်လိုရေးတာလဲဆိုတာ တိတ်တိတ်လေးလာချောင်းကြည့်မှ :P

{ စံပယ်ချို } at: September 25, 2012 at 4:52 AM said...

အမရဲ့ သံစဉ်မရှိ ကာရံ မရှိ ရင်တွင်ခံစားချက်တွေကို
အားပေးတာပဲ ကျေးဇူးတင်ပါတယ်
ပန်းကလေးတွေကိုလဲကြည့်ရေးတယ် ရာသီဥတု ကိုလဲ
ကြည့်ရေးတယ် ဘယ်သွားသွားပတ်ဝန်းကျင်ကိုအမြဲကြည့်
တယ် လူတွေကိုလဲ ဂရုတစိုက်ကြည့်တယ်
အဲဒီထဲကနေ ခံစားချက်လေးတွေထွက်လာတာပါ
ကြည့်စရာကုန်သွားရင် ကိုလွင်ပြင်မျက်နှာကိုကြည့်ရေးပါတယ်
အမှန်ပြောပြပေးထားတယ်အိမ်မက်ရေ----

{ လေပြေချို } at: September 25, 2012 at 4:59 AM said...

တခါတရံ ကောင်းကင်ကြီးတောင်
အရောင်တွေပြောင်းပါရဲ့ကွယ်
တခါတရံ ကျား တွေလဲ မ လိုလို
မ တွေကလဲ ကျားလိုလို
အတုတွေလဲ လုပ်လာတတ်ကြတဲ့ ကမ္ဘာမှာ
ကျွဲနားသွား စောင်းတီးပြတဲ့
ကိုယ့်အမှားပါပဲ..
ဟုတ်တယ်နော်.. ကိုယ်ကစေတနာနဲ့ပါ.. တခါတလေ ဝေဒနာဖြစ်ရတယ်..:(
ခင်တက်တဲ့
လေပြေ

{ လရိပ်အိမ် } at: September 25, 2012 at 5:08 AM said...

အချစ် စစ်စစ်နဲ့ ချိုမြမြလေးမှာ ထာဝရ ပျော်ရွှင်နိုင်ပါစေနော်။

{ cho cho chit } at: September 25, 2012 at 5:11 AM said...

ကြားမိလား
တည်တည် တန့်တန့်
သံယောဇဉ်တွေနဲ့
ခန့်ခန့် ထည်ထည်
အကြင်နာတွေ
လူသိရှင်ကြား
ပေးပစ်လိုက်တာပါ
ကောင်းလိုက်တဲ့ ခံစားချက်လေးပါကွယ်..

{ 3rdthameetaw } at: September 25, 2012 at 5:27 AM said...

အချစ်စစ်စစ်လေးတွေနဲ့ ထာဝရချိုမြိန် နိုင်ပါစေ
ဂျက်ရေ...

{ ချော(အစိမ်းရောင်လွင်ပြင်) } at: September 25, 2012 at 6:21 AM said...

တန်းပလိပ်အသစ်လေး လှလိုက်တာ..
မျက်စိကိုအေးလို့
ကဗျာလေးထဲက အတိုင်း အချစ်စစ်နဲ့ ပျော်ရွှင်နေတဲ့ ဂျက်အတွက် ကြည်နူးရပါတယ်။

{ kiim } at: September 25, 2012 at 7:23 AM said...

မီးခိုးရောင်လိုလို
အမဲရောင်လိုလို
ကိုယ့်ဘ၀ ရစ်သိုင်းခံခဲ့ရတဲ့
အတိတ်
အရိပ်တွေက
တစ္တေ အလား
သူတို့ရယ်မောနေကြသံများလား
တ၀ါးဝါး တဟားဟား
အရမ်းကောင်းတယ် အမရေ...:)

{ မိုးနတ်ကြယ်စင် } at: September 25, 2012 at 8:11 AM said...

တပုဒ်လုံးကတော့ အစကနေအဆုံးကို ဂွတ်ပါမရယ်....
တော်လိုက်တဲ့ အမဂျက်...အားကျတယ်နော်...
ဟုတ်တယ်..တန်းပလိပ်အသစ်လေးက မျက်စိအေးတယ်
အရင်ဟာလေးထက်ပိုကြိုက်တယ်...
ခင်မင်နေတဲ့..မိုးနတ်..

{ Thamee Su } at: September 25, 2012 at 9:12 AM said...

ခံစားချက်တွေဝေမျှသွားပါတယ် စံပါယ်ရေ

{ roseayemaung } at: September 25, 2012 at 9:17 AM said...

ချစ်ရသူကို
အချစ် စစ်စစ်သာပေးခဲ့တာပါ
ထို့ကြောင့်
ယခု လက်ရှိမှာလဲ
ကိုယ့်ဘဝ
အချစ် စစ်စစ်နဲ့ ချိုမြမြလေးပါပဲ ။

....သကြားထဲ့ဖို့မလိုဘူးနော်....

{ တောက်ပကြယ်စင် } at: September 25, 2012 at 10:53 AM said...

မ-လိုလို ကျား-လိုလို အတုအယောင်တွေများတဲ့ကမ္ဘာမှာ စပါယ်က အချစ်စစ်နဲ့ဆိုတော့ တကယ်ကို အေးချမ်းတာပေါ့။
ခင်မင်တဲ့

{ ချစ်စံအိမ် } at: September 25, 2012 at 4:56 PM said...

မမဂျက်ကဗျာတွေလမင်းအကုန်ကြိုက်၏

{ မိုးသူ(တောင်ကြီး) } at: September 25, 2012 at 7:30 PM said...

စစ်မှန်တဲ့အရာကိုလက်ကိုင်ထားပြီး
ချစ်ရသူကို
အချစ် စစ်စစ်သာပေးခဲ့တာပါ

တကယ်ပဲ အချစ်စစ်တွေပေးချင်တယ်

ဒါပေမယ့် မိုးသူလဲအချစ်စစ်ပြန်လိုချင်တယ်ဗျာ

ကဗျာလေးကလှတယ်

မကြီးဂျက်ပျော်ရွှင်ပါစေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ Cameron } at: September 25, 2012 at 9:23 PM said...

ဂျက်စ်ကဗျာတွေတိုင်းက အရမ်းကောင်းတော့ တခါတခါ အတွေးတွေလိုက်မမီဘူး တကယ်..။

{ Phyu Lwin } at: September 25, 2012 at 9:44 PM said...

ဘ၀ချိုချို... အချစ်ချိုချို ..အပြုံးချိုချို ..ကဗျာချိုချိုလေးတွေနဲ့ :)))

{ rose of sharon } at: September 26, 2012 at 3:17 AM said...

အချစ်စစ်နဲ့ချိုချိုမြမြဘဝလေးကကြည်နူးစရာ....

{ ကေပိုး } at: September 26, 2012 at 6:42 AM said...

ထို့ကြောင့်
ယခု လက်ရှိမှာလဲ
ကိုယ့်ဘဝ
အချစ် စစ်စစ်နဲ့ ချိုမြမြလေးပါပဲ .. တဲ့လား မမစံပယ်ရေ.. အားကျပါဘိ..

{ ညီလင်းနိုင် } at: September 26, 2012 at 9:45 PM said...

မိတ်ဆွေဟောင်းတစ်ယောက် ဘလော့မှာ ပြန်ဆုံခွင့်ရလို့ ဝမ်းသာပါတယ် ။ ဘုရားသခင်ဖန်ဆင်းတဲ့ လောကအတွက် ကျွန်တော်တို့ ကဗျာရင်ဘတ်တွေ ချခင်းထားလိုက်ကြပါစို့ဗျာ ။

{ mstint } at: September 26, 2012 at 9:56 PM said...

စစ်မှန်တဲ့အချစ်ကို ပေးဆပ်ခြင်းရဲ့ ရလာဒ်ဟာ
မပြောင်းမလဲတည်တံ့ခိုင်မြဲမှုပေါ့ ဂျက်ရေ။
ကဗျာလေးအားပေးသွားတယ်နော်။ မတွေ့တာကြာပြီ နေကောင်းတယ်ဟုတ်?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ဆူးသစ် } at: September 27, 2012 at 8:01 AM said...

ကိုယ့်ရဲ့ယုံကြည်ချက်ကကိုယ့်အတွက်ချိုမြိန်လိုက်တာအကောင်းဆုံးပေါ့။အတိတ်ဆိုတာကထားခဲ့လို့ရသွားပြီပဲ။ကံကောင်းတာပေါ့ဗျာ။ကဗျာတွေလက်ရည်တော်တော်တက်နေပြီလို့ကျွန်တော်ခံစားမိတယ်။တကယ်ပါ။အားပေးလျက်......

{ နွေတေးရှင် (မင်းဧရာ) } at: September 27, 2012 at 9:51 AM said...

အဲသည်လို သရုပ်ပါအောင် ဖွဲ့စည်းပါ
တကယ်ကောင်းတယ် ကဗျာ ဖတ်ရင်း မျက်လုံးထဲမှာ ထင်းနေအောင်း မြင်ရတယ် ......။

မြင်ရတယ်ဆိုတာ ယောက္ခမ သမီးကို ပြောတာမဟုတ်ဖူးနော်း)။

{ မိုးခါး } at: October 4, 2012 at 12:59 AM said...

အမြဲတမ်း အချစ်စစ်စစ်တွေနဲ့ ချိုမြလန်းဆန်းနေမယ်ဆိုတာ ယုံပြီးသားပါ .. မဂျက်း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine