Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဂျပန်တွင် ဆူနာမီဝင်(သတင်းပုံ)

| Friday, March 11, 2011

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ အင်အားပြင်း ဆူနာမီ ၀င်ရောက်နေပြီဖြစ်သည်။

ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က ၈.၉ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၀မီတာ (၃၂ပေ) ခန့်အမြင့်ရှိသော ပင်လယ်လှိုင်းလုံးများ ၀င်ရောက်ခဲ့ပြီး အဆိုပါလှိုင်းလုံးများသည် ကမ်းခြေမှ ၃၇၃ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိနိုင်ကြောင်း အမေရိကန် GEOGRAPHY ဌာနက ခန့်မှန်းထားသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှ အိုင်ဟီဟယမြို့သို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး စင်ဒိုင်းမြို့သို့လည်း ၀င်ရောက်ခဲ့ကြောင်း ၊ စင်ဒိုင်းလေယာဉ်ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ပြောဆိုသည်။

ဂျပန်နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိကာ နေရာတချို့တွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ်စသည့် ၅၃ နိုင်ငံတွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရသည်။

ဂျပန်ရောက် မြန်မာမိသားစုများ၏ အခြေအနေကို သိရှိနိုင်ရန် ဧရာဝတီက စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည်များကို ဆက်လက်တင်ပြသွားပါမည်။




photo-AP




photo-AP

photo-Getty Image
(Photo - pumachaussures)
ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် မြင်ကွင်းများ
 

Irrawaddy'sblog မှ

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine