Keblinger
ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
*** နွေရာသီရဲ့ အလွမ်းများ ***
| Thursday, March 3, 2011
နွေရာသီရောင်လို့လာပါပြီ....တစ်ချို့ကပြောကြပါတယ်....အလွမ်းရာသီတဲ့
ဒါဆိုနွေမဟုတ်ရင်လွမ်းလို့မရဘူးပေါ့နော်...အဲဒီသဘောလားဟင်.....
လွမ်းတာပဲရှင် နွေနွေ....မိုးမိုး.....ဆောင်းဆာင်း...လွမ်းလို့ရမယ်ထင်ပါတယ်...
ကျောင်းတွေပိတ်လို့...ဘာညာဆိုပြီးလဲပြောကြတာပါပဲ....ကျောင်းတွေပိတ်တော့
တစ်ယောက်နဲ့ တစ်ယောက်ဝေးရလို့ပေါ့နော်..ဒါဆို နီးနေတုန်းက မလွမ်းဘူးပေါ့
အချစ်ဆိုတာနီးနီး ဝေးဝေး လွမ်းလို့ရပါတယ်...နီးနေရင် မလွမ်းရဘူးဆိုတာမဟုတ်သေးပါဘူး
ကျွန်မဆို ကျွန်မချစ်သူနဲ့ နီးနီးမှာရှိပေမယ့်လဲ...လွမ်းတာပါပဲရှင်....
ဒါပေမဲ့...နွေကတော့ တော်တော့်ကို အထီးကျန်စေပါတယ်
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါဦး.....သစ်ရွက်စိမ်းစိမ်းဆိုတာ ..မရှိသလောက်ဖြစ်နေပါပြီ..
.
သစ်ပင် အများစုကတော့ သစ်ကိုင်းဖြိုင်ဖြိုင်...အရိုးမြိုင်မြိုင်နဲ့ နွေသဘာဝကိုပီပြင်အောင်
သရုပ်ဆောင်နေရပါတယ်......အလွမ်းဓါတ်ခံရှိပြီးသားလူတွေအတွက်တော့ အလွန်ဆိုးဝါးတဲ့
ရာသီ တစ်ခုပါပဲရှင်...ရိုးတံ ကျဲကျဲတွေကလဲ နွေရဲ့အလှကိုဖော်ကြူးနေသလိုပါပဲ..
'
မိုးရာသီတို့ဆောင်းရာသီတို့မှာ နုပျိုနေတဲ့အပင်တော်တော်များများဟာ....နွေရဲ့ဒါဏ်ကို
မခံနိုင်တဲ့ အဆုံး နွေခြေရင်းမှာ ကျဆုံးသွားရပါတယ်။    ။
ဖော်မစုံ တဲ့ဥသြ ဌက်တို့ကလဲနွေရဲ့သရုပ်ကိုပိုပြီးပီပြင်စေတာပါပဲရှင်...
လူတစ်ယောက်ရဲ့ခံစားနေရသောနွေရာသီရဲ့ဝေဒနာကိုဖြေပြောက်ဖို့
အဲဒီလူမှာ အကြင်နာနဲ့မေတ္တာတော့ရှိဖို့လိုအပ်တယ်...
.နောက်ပြီးတော့
စစ်မှန်သောသူငယ်ချင်း....စိုပြေပြီးရင်နှီးမှုရှိသောမိသားစု 
ဟာသဥာဏ်ရွှင်ခြင်း ကျမ်းမာခြင်း ဘာမဆို အကောင်းမြင်တတ်ခြင်းများရှိနေပါက
လွမ်းနေတဲ့ဝေဒနာကို ကုစားနိုင်သော အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါသည်။
အကယ်၍ သူငယ်ချင်းလဲ အလွမ်းဝေဒနာခံစားနေရပါက
ဒီစာလေးကိုဖတ်ပြီး အလွမ်းများ သက်သာပါစေလို့ဆန္ဒပြုရင်း
    jasmine /    /   /
1 comments:
Anonymous at: March 22, 2011 at 4:01 AM said...
ဖတ်သွားပါတယ် ဂျက်ရေ
တကယ်လွမ်းနေတာလားဘယ်သူ့ကိုလဲ....
ကိုကို(bkk)
Popular Posts
Copyright © 2010 Jasmine Blogger Template by Dzignine