Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

**အရက်နာကျသူအတွက် အကောင်းဆုံး ဖြေဆေး**

| Tuesday, March 15, 2011
news
နံနက် အရက်နာကျ နေချိန်တွင် ခေါင်းကို မထူပါနှင့်။ ပျို့အန်နေလို့ မောနင်းပက်ပြီး ပြန် မဖြေလိုက် ပါနှင့်။ အရက် သောက်ခြင်းကို လုံးဝ ရပ်ထား လိုက်ပါ။ ရေနှင့် ဖျော်ရည်ကို တလှည့်စီ သောက်ပေးပါက တဖြည်းဖြည်း တည်ငြိမ်မှု ရလာပါမည်။ နေ့ ရက် ဆက်ပျော်ရွှင်ပွဲများတွင် စိတ်အလိုလိုက် အလွန်အကျွံသောက်စားခြင်းမှ ရှောင်ရှားပါ။ အရက် နာကျပြီး ချာချာ လည် နေသူကို သစ်ရွက်သစ်ဖုများ၊ ရိုးရာဗိန္ဒောကုထုံး များဖြင့် ဖြေပေးတတ်ကြသည်။ အရမ်းဇွတ်မလုပ်သင့်ပါ။ အမူး ပြေဖို့ထက် ဘေးထွက်ဆိုးကျိုးများဖြင့်ပိုမိုဆိုးရွားစေနိုင်သည်။ အရက်နာကျခြင်းအတွက် အကောင်းဆုံး ကုနည်းမှာ ကြို တင်ကာကွယ်ခြင်းဖြစ်သည်။

မောနင်းမပက်နှင့်
အမေရိကန်သမားတော်များအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ Charles Cutler က “အရက်နာကျသူတွေအတွက် အဆိုးဆုံး လုပ်ရပ် က မနက်ခင်းပြန် သောက်ခြင်းပဲ” ဟုဆိုသည်။ မောနင်းပတ်ခြင်းဖြင့် ယာယီခံစားနေရ သော ဝေဒနာ များကို သက်သာ စေနိုင်သော်လည်း၊ အရက်သည် အဆိပ် အတောက် (toxic) ဖြစ်သောကြောင့် ဆိုးရွားသော ရလဒ်များကိုသာ ဖြစ်စေ မည်။ ခန္ဓာကိုယ်ကို ပုံမှန်ပြန်လည်ပတ်စေဖို့ အချိန်ပေးရမယ်၊ ထပ်မော့ဖို့ မသင့် ဟုဆိုသည်။ မောနင်းပက်က အရက်နာ ကျသူတွေ အတွက် နောက်နေ့တွေပါပိုဆိုးစေနိုင်သည်ဟုဆိုသည်။

အစာကြေလွယ်တဲ့ နံနက်စာ
ကြက်ဥနဲ့ဝက်အူချောင်းက အရက်နာကျသူရဲ့မချိတင်ကဲ ဝေဒနာကို သက်သာစေတယ်လို့ပြောကြပေမယ့် သိပ္ပံနည်းကျ အထောက်အထား မရှိပါ။ အဆီအစိမ့်ပါသောအစားအစာများမှာ နှလုံးကိုပိုဒုက္ခပေးပါ သည်။ ဒါကြောင့် အစာကြေလွယ် မယ့် ပေါင်မုန့်မီးကင်ဖြစ်ဖြစ်၊ နံနက် ခင်းအာဟာရ Cereal ဖြစ်ဖြစ်စားပေးပါ။ ကိုယ်ခန္ဓာပုံမှန် လည် ပတ်ဖို့အတွက် ကယ်လိုရီလိုနေပါသည်။ “အရက်နာကျသူလက်စွဲ” စာအုပ်ပြုစုသူ ဆရာဝန် John Brick က ပေါ့ပါးတဲ့ အစာစားရင်း ရေ ဓာတ်ပြန်ထည့်ပေးပါ။ ဘယ်အစာကိုပဲ စားရမယ်လို့ သီးခြားသတ်မှတ်ချက်တော့မရှိပါ။ သို့သော် အကောင်းဆုံး ကတော့ ပျားရည်နဲ့အသားညှပ်ပေါင်မုန့် (Sandwiches) ပေါ့။ အဲဒါက အာဟာရလည်းဖြစ် အစာကြေလည်းလွယ်တယ်”ဟုရေးထားသည်။

Alka-Seltzer ကိုဝယ်သောက်
၂၀၁၁မှာ Alka-Seltzer ဆေးက နှစ် ၈၀ပြည့်ပြီ။ အရက်နာကျ သူများအတွက် ဆယ်စုနှစ်များစွာ အကူညီပေးခဲ့သည်။ မကြာခင် ထို ဆေးထုတ်တဲ့ကုမ္ပဏီက “နံနက်ခင်းဖြေဆေး” Morning Relief အမည်ရှိ ဆေး အသစ်ဖြင့် အရက်နာကျသူများကို ဆက်လက်စောင့်ရှောက် သွားမည်ဖြစ်သည်။

ကော်ဖီ
ကော်ဖီ ပုံမှန်သောက်သူဆိုလျှင် အရက်နာကျချိန်တွင် ဂျဗားကော်ဖီကို ရှောင်ထားပါ။ ကဖင်းဓာတ်ကသွေးကြောများကို ကျဉ်စေပြီး၊ သွေး တိုးတက်လာမည်။ ကော်ဖီသောက်လိုက်မှ အရက်နာကျသူ ပိုသွက်သွက် ခါ သွား တတ်သည်။

အနားယူပါ။ ပြန်အိပ်ပါ။
ညက ဟဲဗီးသမားများအတွက် အမှန်တကယ်လိုအပ်နေတာက အနားယူဖို့ဖြစ်သည်။ ညဖက်အလွန်အကျွံသောက်ထားလျှင် အိပ်ရေး မဝဖြစ်နေမည်။ အရက်မူးတုန်းအိပ်ပျော်သွားလျှင်လည်း ပြန်နိုးလာရင် အိပ်မရဘဲ လူးလူး လိမ့်လိမ့်ဖြစ်နေမည်။
အိပ်ရေးပျက်မှုကြောင့် အရက် နာကျခေါင်းမူးနေခြင်းလည်းဖြစ်သည်။ နောက်နေ့အတွက် အချိန်ယူ အားဖြည့် အိပ်ဖို့ လိုပါသည်။ ထိုသို့အိပ်ခြင်းကို မကြည်မလင် ကြယ်မြင် လမြင် ဦးနှောက်နဲ့ ယားယံနေတဲ့ ခန္ဓာကိုယ်ကကျေးဇူးတင်နေမည်။
အ ရက်နာကျသူအတွက် အကောင်းဆုံးဖြေဆေးကတော့ အချိန်ပေးအနား ယူခြင်းဖြစ်သည်။

 Health.com မှ ဖော်ပြပါသည်။    ။
ဝင်ရောက်ဖတ်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   ။
 

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine