ရန်ကုန် – March 25, 2011
မတ်လ ၂၄ ရက် ကြသပတေးနေ့ ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း မြန်မာငလျင်ကြောင့် သေဆုံးသူဦးရေ ၇၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၂၅ ဦးရှိသွားပြီ ဖြစ်ကြောင်း မြန်မာ့အသံနှင့် MRTV-4 ရုပ်/သံ အစီအစဉ်မှ သောကြာနေ့ညပိုင်း ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ်တွင် ကြေငြာခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ် အဓိကခံစားရသော တာချီလိတ်၊ တာလေ စသော ဒေသများတွင် နေအိမ် စုစုပေါင်း ၂၂၅ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း နှင့် အစိုးရဌာန ၉ ခု၏ အဆောက်အအုံများ ပျက်စီးဆုံးရှံးခဲ့ကြောင်း သိရသည်။





ပြင်းအား ရစ်ချတ်တာ စကေး ၇.၀ ရှိ အင်အားပြင်း မြေငလျင်သည် ရှမ်းပြည်နယ် လွယ်မွေရွာ အနီးကို ကြာသပတေးနေ့ မြန်မာ စံတော်ချိန် ၈ နာရီ ၂၉ မိနစ် ၃၀ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဗဟိုချက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် တည်ရှိပြီး မြန်မာ ၊ထိုင်း ၊ လာအို နယ်စပ်တစ်လျောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment