Keblinger
ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
***နုပျိုလန်းဆန်း တဲ့ အကြည့်***
| Sunday, March 13, 2011
အမျိုးသမီးနဲ့ အမျိုးသား အများစုဟာ အသက် ၄၈-၅၀ ဝန်းကျင် ရောက်တဲ့အခါ သူတို့ရဲ့ နဖူး၊ မျက်လုံး၊ နှာတံ၊ ပါးရိုးနဲ့ နှုတ်ခမ်း ထောင့်စွန်းတစ်ဝိုက်မှာ အရေးအကြောင်း၊ အတွန့်အလိပ်တွေ ဖြစ်ပေါ် လာတတ်ပါတယ်။ အဲဒီလိုအိတွဲ ကျမှုတွေကို ကြည့်ပြီး ထိုသူရဲ့ အသက်ကို ခန့်မှန်းနိုင်ပါတယ်။
မိမိကိုယ်ကို မှန်ထဲမှာကြည့်လိုက်တဲ့ အခါမှာလည်း မျက်လုံးတစ်ဝိုက် အရေပြားတွေက အရေးအကြောင်း ထင်နေပြီး မျက်ကွင်းတွေလည်း ညိုနေတာကြောင့် “ငါတော်တော် အိုနေပြီ” လို့ မှတ်ချက်ချမိမှာ ဖြစ်ပါတယ်။ အဲဒီလို စိတ်မသက် မသာဖြစ်မှုမှ ကင်းဝေးပြီး မျက်လုံးတွေ နုပျိုလန်းဆန်းဖို့အတွက် အရေပြားဆိုင်ရာ ကျွမ်းကျင်သူများက အောက်ပါအတိုင်း အကြံဉာဏ် ပေးထားပါတယ်။ ကဲ...သူတို့ရဲ့ အကြံဉာဏ်များကို လိုက်နာကြည့်လိုက်ရအောင်...
(၁) လက်သူကြွယ်သုံးပြီး နှိပ်နယ်ပါ
ဘာကြောင့် လက်ညှိုးထက် လက်သူကြွယ်ကို အသုံးပြုပြီး နှိပ်နယ် သင့်တာလဲဆိုရင် လက်သူကြွယ်က အားပိုပျော့လို့ဖြစ်တယ်။ မျက်စိတစ်ဝိုက် အရေးအကြောင်း အတွန့်အလိပ် တွေကို လက်သူကြွယ်လေးသုံးပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးခြင်းအားဖြင့် အဲဒီနားက ကြွက်သားတွေကို ဆွဲဆန့် ပေးနိုင်ပါတယ်။ မျက်လုံး အတွင်းတွင် အောက်ခံ အရိုးမရှိတဲ့အတွက် လက်ညှိုးနဲ့ အားရပါးရ နှိပ်နယ်ခြင်း မပြုလုပ်သင့်ပါဘူး။ အားပျော့တဲ့ လက်သူကြွယ်လေးနဲ့ နေ့စဉ် ခပ်ဖွဖွ နှိပ်ပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ပိုကောင်းလာစေ သလို လင့်ပြန်ရည်ကြောမှ လင့်ရည် တွေ စီးဆင်းမှု နှေးကွေးနေတာကို လည်း ပိုပြီးကောင်းမွန်စေတဲ့ အတွက် မျက်ကွင်းညိုခြင်း၊ မျက်ခွံတွဲကျ ခြင်းနှင့် မျက်ခွံ မို့မောက်ခြင်းတို့ကို သိသာစွာ လျော့ကျလာတယ်။ Eye Cream သို့မဟုတ် Eye Contour ခရင်မ်လေးတွေပါ လိမ်းပေးပါကပိုမို သိသာလာမှာဖြစ်ပါတယ်။
(၂) ပက်လက်အိပ်ပါ
ဘာဖြစ်လို့လဲ။ ဘေးစောင်းအိပ် ရင် ဒါမှမဟုတ် မှောက်အိပ်ရင် မျက်နှာပေါ်ကို ဦးခေါင်း၏ ဖိအားက ခေါင်းအုံး နဲ့ မျက်နှာချင်းဆိုင် ညှပ်ဖိထား သလိုဖြစ်ပြီး မျက်လုံးပတ်လည် တစ်ဝိုက်မှာ မို့အစ်လာစေသလို အရေးအကြောင်းလည်း ပိုများစေနိုင်ပါတယ်။ ပက်လက်အိပ်တဲ့အခါ မျက်နှာကအပေါ် ဘက်မှာရှိနေတော့ မျက်လုံးတစ်ဝိုက်မှာ အရည်တွေက (မှောက်အိပ်သလို) မစုစေတော့ပါ။
(၃) သခွားသီးအကွင်းလိုက်လှီး ဒါမှ မဟုတ် အာလူးအခွံသင်၍ ပါးပါးလှီးပြီးကပ်ပေးပါ။
 ဘာဖြစ်လို့လဲဆိုတော့ အာလူးက အရောင်အရမ်း လျော့စေလို့ပါပဲ။ မျက်နှာမှာ ဝက်ခြံပေါက်လို့ ဒါမှမဟုတ် မျက်နှာအသားအရေ နီရဲတတ်တဲ့ သူတွေမှာ အာလူးအကွင်း လေးတွေ ကပ်ခြင်းဖြင့် နီရဲတာ ပျောက်စေသလို ကသိကအောက် ဖြစ်စေတာလည်း သက်သာစေပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အာလူးကိုအခွံသင်ပြီး အကွင်းလိုက် လှီးပါ။ ပြီးရင် ဖောင်းအိနေတဲ့ မျက်ခွံတွေပေါ် အကွင်းလိုက် ၁၅ မိနစ်ခန့် တင်ထားပါ။ ဒါမှမဟုတ်ရင်လည်း မျက်နှာပြင်အနှံ့ တင်ပေးနိုင်ပါတယ်။ သခွားသီးဖြင့်လည်း အထက်ပါနည်း အတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။
Health Digestမှ
ရည်ရွယ်ပါသည်။ ကျေးဇူးတင်စွာဖြင့် jasmine............
0 comments:
Popular Posts
Copyright © 2010 Jasmine Blogger Template by Dzignine