Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

**ဟာသတွေဖတ်ပြီး ရယ်ရအောင် သူငယ်ချင်းတို့ရေ...........**

| Wednesday, March 30, 2011

မောင်ကောင်းထိုက် ဟာသတွေဖတ်ပြီး ရယ်ရအောင် သူငယ်ချင်းတို့ရေ.


 ၁။ ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ ပြောသည်။
 ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှ ကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးကင်းကို ဝိုင်းအော်ကြသည်/
ဟေ့ကာင်။  မင်းသွားတာ ကြာလှချည့်လားကွဟေ
အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့
 ဘာဆိုင်းဘုတ်လဲ
 ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့။ 



၂။ တော်တော်တုံးတဲ့ဝံပုလွေ
ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
 ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေမ။ အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။

 

 ၃။  ကိုဘ မောင်တို့ လည်ပုံများ
ကိုဘမောင် တက္ကစီ စီးပြီး အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ
စကားတစ်ခွန်းမှ မပြောဘဲ ကားထဲမှ ထွက်သည်။ ထို့နောက် အိတ်ထောင်ကို နှိုက်သည်။
ရှပ်အင်္ကျိင်္ီအိတ်၊ တိုက်ပုံအိတ်တိုကို တစ်ခုချင်း နှိုတ်သည်။ ကားဆရာ ゞင်းကို ကြည့်နေသည်။
ပိုက်ဆံထွက်မလာချေ။ ကုဘိ မောင် စိတ်ပျက်သံဖြင့်ပြောသည်။
 အက်ဖ်အီးစီတစ်ရာ ကားထဲကျနေတယ် ထင်တယ်။
ဤစာကားကို ကြားသည်နှင့် ကားဆရာသည် လီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး
မောင်းထွက်သွားတော့သည်။
ထွက်သွားသော ကားကိုကြည့်ပြီး ကျေနပ်သော အမူအရာဖြင့် ကိုဘမောင် အိမ်ခန်းထဲ
လှမ်းဝင်လိုက်လေသည်။

 

 ၄။ ပိုင်ပြီ
 ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။
 ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်။

 

 ၅။ သတင်းစကား
ယောကျာ်းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာ်းဧ၊် ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
 ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာ်းကို
တွေ့ရင် ဘာပြောပေးရမလဲ ၊ ပြောလိုက်ပါ။

ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့။

 

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်  ။    ။     ။


 

4 comments:

{ Angelhlaing(May everybody be happy and healthy! } at: March 30, 2011 at 1:58 PM said...

ဟာသလေးတွေဖတ်သွားပါတယ်...ရယ်မောရလို့ ကျေးဇူးပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

{ sai } at: March 30, 2011 at 2:43 PM said...

ညီမ .........
အကို ( စိုင်းမြင့်ထွန်း ) လာလည်သွားပါတယ် ။ လုပ်ထားတာ တော်တော် ကောင်းတယ်နော်။ ညီမ ကိုချီးကျူးပါတယ် ။
လိုအင်ဆန္ဒ ဟူသမျှပြည့်စုံပါစေ...........

Anonymous at: March 30, 2011 at 3:04 PM said...

my sister
jas...
i'm ko ko fr bkk
i miss u ...

ခနွဲ at: March 31, 2011 at 10:31 AM said...

ကို ဘမောင်လည်တာတော့ သဘောကျသဗျား။ လုပ်ကြည့်ဦးမှပဲ။ ကိုယ့်ကျမှ အရိုက်ခံနေရရင်တော့ ဒုက္ခ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine