Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***ချိုမြိန်သည့်အလွမ်းဝေဒနာ***

| Sunday, March 13, 2011
ငါ၏မျက်လုံးတို့သည်
စောင့်ကြည့်နေရခြင်းအတွက်
သူတို့၏ အိပ်ပျော်ခြင်းများ ဆုံးရှုံးခဲ့ပြီ။
သူကိုမတွေ့ရသည့်တိုင်
စောင့်ကြည့်နေရ သည်မှာ ချိုမြိန်လှပါ၏။         

ငါ၏နှလုံးသားသည်
မိုးရေစက်အရိပ်အောက်များတွင် ထိုင်၍
သင့်အချစ်ကို စောင့်မျော်နေပါ၏။
သင်မရှိသေးသည့်တိုင်
စောင့်မျှော်နေရသည်မှာ ချိုမြိန်လှပါ၏။           

သူတို့သည်
မတူညီသော လမ်းအသီးသီးကို
ငါ့ကိုချန်ထား စွန့်ခွာသွားခဲ့ကြပြိ။
ငါတစ်ယောက်ထဲ ကျန်ခဲ့သည့်တိုင်
သူတို့ခြေသံများကို နားစွန့်နေရသည်မှာ
ချိုမြိန်လှပါ၏။                

နွေနှောင်းရာသီ မြူတို့ကို ရက်လုပ်နေသော
ဥာဏ်များသည့် မြေကြီးမျက်နှာသည်
ငါ့နှလုံးသားထဲရှိ
လွမ်းဆွတ်တမ်းတစိတ်ကို လှုပ်နိုးနေပါ၏။
(အကျိုးမရှိ) အချည်းအနှီးဖြစ်ရသည့်တိုင်
လွမ်းဆွတ် တမ်းတရသည့်ဝေဒနာကို
ခံစားရသည်မှာ ချိုမြိန်လှပါ၏။          



အားသည့်အချိုန်များတွင် ကျွန်မကြိုက်သော ကဗျာ များကိုတင်ပေးပါမည်။       
(ကဗျာချစ်သူများအတွက်)
Tagore  ၏  Crossing စာအုပ် အပိုဒ် ၁၁ မှ ကူးယူဖော်ပြထားပါသည်။
jasmine

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine