Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***အချစ်*** (ရောက်တတ်ရာရာ) အပိုင်း ၂

| Monday, March 14, 2011
ကျွန်မ ချစ်ရသောသူသည် ကျွန်မ ကို ဟမ်ဘာဂါ ၀ယ်ကျွေးပါသည်။
ကျွန်မ စားလိုက်ပါတယ်...ဒါပေမယ့် ကျွန်မ ဟမ်ဘာဂါ ကိုလုံးဝ မကြိုက်ပါ။
သူဝယ်ကျွေးတာကို ကျွန်မမှာငြင်းပယ်နိုင်စွမ်းမရှိပါ....အကယ်၍ ကျွန်မ မစားဘူးငြင်းလိုက်ပါက
သူ ....အရမ်းစိတ်မကောင်းဖြစ်မှာသေချာပါတယ်...ဒါကြေင့်စားလိုက်တာပါ..

ကျွန်မ ရံဖန် ရံခါချက်ကျွေးသော ဟင်းသည်..ပေါ့သည့်အခါပေါ့ပြီး
လေးသည့်အခါလေးပါသည်။    သို့ပေမယ့်...သူသည် တစ်ခါမျှ ညီးထွားခြင်း မရှိခဲ့ပါ ။
ဘယ်လိုပင် ချက်ကျွေး ကျွေး သူစားပါတယ်...စကားကြုံသော တစ်နေ့တွင် ကျွန်မ သူကို
အသိပေးလိုက်ပါတယ်......ဟမ်ဘာဂါ ကို ကျွန်မ မကြိုက်တဲ့အကြောင်း..
သူသိသွားပြီးနောက်ပိုင်း....ဘာကိုပဲဖြစ်ဖြစ် ကျွန်မ ကိုသူ အရင်မေးပါတယ်...
ဘာဝယ်ခဲ့ရမလဲ...ဘာစားချင်လဲ စသည်ဖြစ်ပေါ့....
ကျွန်မဘာကျွေးကျွေး သူစားကိုစားရမယ်ဆိုတဲ့စိတ်က အချစ်မဟုတ်ပါဘူး..
အဲတာ အနိုင်ယူမှု နဲ့ တစ်ကိုယ်ကောင်းဆန်မှုပါပဲ....
အရင်မေးတာဟာ နားလည်မှုရှိတဲ့ အချစ်ပါနော်....

အချစ်အားလုံးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး.....
ဒါပေမယ့် သူ့ ကိုချစ်မိပြီ ဆိုရင်တော့ သူ့မှာရှိနေတဲ့ အားနဲချက် ကို လက်ခံ
နိုင်ရမယ်လေ...နောက်ပြီး...အချစ်က်ုအလေးထားဂရုစိုက်မှု ကလည်းအရေးကြီးပါတယ်...
ဥမမာ။   ။ ရာသီဥတုအေးနေလျှင်...ဒီနေ့ နဲနဲပိုအေးသလားလို့... အနွေးထည်လေးဝတ်ထားနော်...
အလုပ် ကိုပဲအရမ်းလုပ်မနေနဲ့အုန်း.....စားချိန် အိပ်ချိန်ကိုလဲ ဂရုစိုက်နော်....
တစ်ယောက်နဲ့ တစ်ယောက် အရေးပေးတာဟာ..လူကြီးတွေပြောသလို နမ်းဖြူးတာ
မဟုတ်ပါဘူး....
တစ်ယောက်ကိုတစ်ယောက်ကယုံကြည်တာလဲ.အရေးပါတာပဲရှင်...
မယုံကြည်တဲ့ အကြည့်   ကြည့်မိရင် အချစ်ကိုစော်ကားသလိုဖြစ်တတ်ပါတယ်နော်.
သံသယအမေး၊ မမေးဖို့လဲလိုပါတယ်....
အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်ခြင်း...၀မ်းနဲခြင်း.....
တူတူ ခံစားဖို့ ကလဲ အချစ်ပါပဲရှင်...
ရှင် တစ်ယောက်ထဲပျော်ကြည့်ပါလား...ပြည့်စုံပါရဲ့လား...
ချစ်ဖူး...ခံစားဖူး....ပျော်ဖူး....မှ ဒီ အရသာကိုသိမြင်နိုင်မှာပါ  ။
အားလုံးထဲမှာ အရေးအကြီးဆုံးကတော့ နှလုံးသားပါပဲ
ဒီ နှလုံးသားမပါရင် အချစ်စစ်ဆိုတာကို ရမှာမဟုတ်ပါဘူး...
သူငယ်ချင်းတို့ မယုံရင်စမ်းကြည့်ပါ.   ...   ....   ....   
jasmine ရဲ့ ရောက်တတ်ရာရာ အချစ်ကတော့ ဒီလောက်ပါပဲရှင်...
နောက် မှ ဆက်ကြတာပေါ့နော်...
အချိန်ယူကာ ၀င်ရောက်ဖတ်ပေးသောသူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။     ။






1 comments:

{ Unknown } at: July 3, 2012 at 3:19 AM said...

မမ အချစ်အကြောင်းလေးတွေရေးပါဦး။အားပေးနေပါတယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine